FOG Battle Royale

0% COMMUNITY SCORE
LOADING...
RATE:


•                ဒီ Game လေးက MOBA Battle Royale အမျိုးစားဖြစ်ပြီး ရိုးရိုးလေးနဲ့ အတော်ဆော့ကောင်းတာပါ။ Character Type အနေနဲ့ သုံးမျိုးထိ ရွေးချယ်နိုင်ပြီး Male ကော Female ကောပါတဲ့ စုံတွဲပုံစံလေးတွေနဲ့ ပြထားတာက အရမ်းမိုက်တယ်လို့ပြောရမယ်။ 


•               အစပိုင်းမှာ Classes Role သုံးခုထိ ကြိုက်ရာရွေးချယ်နိုင်ပြီး နောက်ပိုင်း Level နဲ့ Box ရလာတဲ့အမျှ တခြား Classes တွေပါ ရွေးချယ်နိုင်မှာပါ။ Classes တစ်ခုစီတိုင်းမှာ မတူညီတဲ့ Skill သုံးခုထိ ပါဝင်ပြီး အဲဒီ Skill တွေက Battle ထဲမှာဘဲ တစ်သတ်မှတ်ထဲသုံးရမှာပါ။ အဲတော့ တခြား MOBA BR တွေလို Battle ထဲမှာ လက်နက်ကောက်ရုံနဲ့ လက်နက်ရဲ့ Skill ကွက်တွေမရပါဘူး။ ကောက်သမျှလက်နက်တိုင်းက Basic Attack နဲ့ဘဲ ဆိုင်တာပါ။ပြီးတော့ အားစိုက်ရင် စိုက်သလို Critical Extra Damage တွေပါပေးသေးပါတယ်။ 




•           Battle Royale ဆိုတဲ့အတိုင်း အယောက် ၃၀ ပါပြီး နောက်ဆုံးအသက်ရှင်တဲ့သူက အနိုင်ရမှာပါ။ တစ်ခုထူးခြားတာက ဒီ Game မှာ ပုန်းစရာနေရာမရှိပါဘူး။ Item နဲ့ Armor အများစုက Color အလိုက် Level သတ်မှတ်တာဖြစ်ပြီး အဲအတွက် အကောင်းစားတွေရဖို့ Monster အကြီးဆုံးတွေ လိုက်သတ်ရပါတယ်။ 





•           Extra အနေနဲ့ သွေးပုလင်းနဲ့ Trap Spell တို့လို item တွေပါ စုဆောင်းနိင်ပြီး ကိုယ့်ကိုကိုယ်ပါ ပြန်ပြီး Healing လုပ်လို့ရသေးတာပါ။ ဝတ်စုံနဲ့ပတ်သတ်ပြီး Color တွေပါ ရွေးလို့ရသေးတာကြောင့် ရိုးရိုးလေးနဲ့ Feature စုံတာတော့ အမှန်ဘဲ။ ခက်တာက Server ကတစ်ခါလေ မငြိမ်ပါဘူး။ Casual ပုံစံမလို့ အပျင်းပြေ ကစားခြင်တဲ့သူတွေတွက် ကစားသင့်တဲ့ Game ကောင်းတစ်ခုပါ။ Graphic ကလည်း ရိုးရိုးလေးနဲ့ Quility ကောင်းတာကြောင့် သဘောကျမှာ အသေချာဘဲ။

⚠️ -  In Game မှာ 400 MB လောက် ထပ် Download လုပ်မှာပါ။ 




======================

[  Android version = 4.4 + ]

[  Size = 130 MB ]

[  Total Size = 700 MB ]

[  Developer = Playneta ]

[  Type = Online ]

================



          Or



==========================

( 💜အပြင်ထွက်တိုင်း Mask တပ်ဖို့ မမေ့နဲ့နော် 💜)

#HELLOYDB

WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...