Football Master 2

0% COMMUNITY SCORE
LOADING...
RATE:


•          Beta Version သာရှိသေးတဲ့ ဒီ Game လေးက Football Fan တွေတွက် အတော်ကို သဘောကျစေမှာပါ။ အထူးသဖြင့် Football Manager တစ်ယောက်ရဲ့ ရှု့ထောင့်ကို သာမန် ဘောလုံးဝါသနာမပါတဲ့ သူတစ်ယောက်တောင် ခဏလေးဆော့ကြည့်ရုံနဲ့ နားလည်စေမယ့် Game မျိုးပါ။




•           ဒါ့အပြင် ဒီ GAME က AC Milian , Manchester City , Liverpool နဲ့ FC Bayern တို့လို အသင်းကြီးတွေ ကနေလည်း Official လိုင်စင်ရထားတာဖြစ်ပြီး FIFA Pro နဲ့ပါ ပူးပေါင်းထားတာကြောင့် Real ကစားသမားပေါင်း ၅၀၀၀ နီးပါးထိပါဝင်ပါတယ်။ ကစားသမားတွေရဲ့ အရည်အချင်းကိုလည်း လက်ရှိ စစ်တမ်းအတိုင်း ကောက်ယူထားတာပါ။
 





•         Manager Game ပုံစံဆိုပေမယ့် ရိုးရှင်းတဲ့ Management ကို ထည့်ပေးထားတာကြောင့် ကစားပွဲရဲ့အခြေနေကို သုံးသပ်ပြီး ကိုယ့်ရဲ့ Team ကို ညွှန်ကြားပေးရုံပါဘဲ ။ ဒီ Game မှာ Control 3 မျိုးပါဝင်ပြီး Attack ရယ်၊ Defence ရယ်၊ နောက်ပြီး လူစားလဲတာရယ်ပါ။  Attack နဲ့ Defence က တစ်ဖက် အသင်းရဲ့ ကစားကွက်ပေါ်မူတည်ပြီး ပုံစံအမျိုးအမျိုး ညွှန့်ကြားလို့ရပါသေးတယ်။ သဘောကျတာက တစ်ဖက်က ကစားဟန်ကို  ကြည့်ပြီး နောက်တန်းကို တစ်ကိုယ်တော်ဖောက်ခိုင်းမလား၊ Position တိုင်း ဖောက်ခိုင်းမလားဆိုတာကို ညွှန့်ကြားလို့ရတာပါ။ 





•            GAME ထဲမှာပါတဲ့ Animation တွေက တခြားဘောလုံး Game တွေထက်ကို ကြည့်ကောင်းတာပါ။ Player တွေရဲ့ Face တွေကစ အနီးစပ်ဆုံးတူအောင် ဖန်တီးထားပြီး အသင်းအပြောင်းအရွေ့တွေကစ တူမူထူးပြီး ကြည့်ရတာ သဘောကျစရာကောင်းတယ်။ 3D Match ပါကြည့်လို့ပြီး နောက်ခံအသံနဲ့ Skill ပြကွက်တွေပါ Slow Motion တွေနဲ့ ပြသေးပါတယ်။ ဆိုးတာက Replay မပါတာပါ။ 






•            Gameplay Mode အများစုက Level အလိုက် Unlock ဖြစ်မှာ ဖြစ်ပြီး Admin လုံးဝ မထင်ထားတဲ့ဟာက Classic Mode ကိုပါ။ Classic မှာပါတဲ့ Chapter တိုင်းက ဘောလုံးသမိုင်းကြောင်းတစ်လျှောက် အထင်ရှားဆုံးဖြစ်ခဲ့တဲ့ ပွဲစဥ်တွေကို ရက်​ဆွဲအတိကျနဲ့ ဗဟုသုတ ရစေမယ့်အပြင် Challenge အနေနဲ့လည်း ကိုယ့်အသင်းနဲ့ ဝင်ကန်လို့ရပါသေးတယ်။ ကျန်တာကတော့ PvP တွေကောပါဝင်ပြီး League ပွဲတွေပါ နိုင်ငံအလိုက် ဆော့လို့ရပါတယ်။ 






•           Game က ကိုယ်ပိုင်အသင်းထောင်တာဖြစ်တာကြောင့် ကစားသမားတွေကို Box Draw ကံစမ်း လို့ရသလို အပြောင်းအရွေ့ကစားသမားတွေလည်း ခေါ်ယူလို့ရပါတယ်။ ဒါ့အပြင် ဘောလုံးကွင်းတွေ၊ လေ့ကျင့်ရေးကွင်းတွေ၊ နောက်ပြီး ပန်းခြံတွေပါ ကိုယ့်ရဲ့ မြို့ထဲမှာ တည်ဆောက်လို့ရပြီး ကစားမားတွေရဲ့ Body လေ့ကျင့်တာတွေကစ အသေးစိတ် စီမံလို့ရပါသေးတယ်။ Daily Gift တွေပါ ပါသေးတာကြောင့် ကစားသမားကောင်းမရမှာတော့ ပူစရာမလိုပါဘူး။ အဓိကက Team Power ဖြစ်ပြီး နောက်ပိုင်းတွေမှာ ကစားရခက်လာရင်တောင် Team Position Management က အရမ်းအရေးကြီးပါတယ်။ Power တူတဲ့ အသင်းတွေကြုံလာရင် ရင်တစ်ထိတ်ထိတ်နဲ့ အရမ်းဆော့ကောင်းတာပါ။ 







==================

[  Android version = 6.0+  ]

[  Size = 633 MB  ]

[  Total Size = 839 MB  ]

[  Developer = Gala Sports ]

[ Type = Online  ]

==============




( သူငယ်ချင်းတွေပါ Game အသစ်တွေသိရဖို့အတွက် Like & Share လေး လုပ်ပေးခဲ့နော် )

#HELLOYDB





WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...