Gran Saga
• မနေ့ကမှ Official ထွက်လာတဲ့ ဒီ Game လေးက MMORPG အမျိုးစားဖြစ်ပြီး Korea Server မှာဘဲ Realease လုပ်သေးတာပါ။ အဲတော့ ဒီ Game ကိုဆော့မယ်ဆိုရင် South Korea ကို VPN ချိတ်ထားဖို့တော့ လိုပါမယ်။ ဒီ တစ်ခါတော့ တရုတ်ကြီးမဟုတ်ဘူးနော် ကိုရီးယား ကိုရီးယား ။ အထင်တော့မသေးနဲ့ ဒီ Gran Saga က အဆိုတော် Taeyeon နဲ့တောင် Promote လုပ်ထားတာ။
• ဒီ Game ရဲ့ အဓိကကတော့ ဇာတ်လမ်းဦးစားပေး Game မျိုးပါ။ Trailer မှာတင် အတော်စိတ်ဝင်စားစရာကောင်းပြီး မင်းသားဖြစ်သူရဲ့ အမေဟာ ငယ်ငယ်ကတည်းက သူ့မျက်စိရှေ့မှာတင် အသတ်ခံခဲ့ရတာပါ။ နောက်ပြီး Romantic ဆန်နိုင်တဲ့ မင်းသားနဲ့ မင်းသမီးရဲ့ ရေစက်ကလည်း ငယ်ငယ်ကတည်းက ရင်းနှီးပြီးသားဆိုတော့ နောက်ကြမှ ဘယ်လိုဘယ်အချိန်မှာ ပြန်စုံကြပြီး တစ်ယောက်ကို တစ်ယောက် ပြန်မှတ်မိမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အထူးသဖြင့် ဒီ Game က ဇာတ်လမ်းဦးစားပေးလို့ ဘာလို့ပြောရတာလဲဆိုရင် Cinematic Cutscene တွေကြရင် Game က Skip လုပ်လို့မရပါဘူး။ ပြီးအောင် အဆုံးထိကြည့်ရပြီး အဲအတွက်လည်း Reward တွေ ပေးသေးတာပါ။ ခက်တာက Korea စာတွေဆိုတော့ နည်းနည်းပါးပါးဘဲ သိမှာပေါ့။
. Character အနေနဲ့ 6 မျိုးထိ ပါဝင်ပြီး ကြိုက်နှစ်သက်ရာ Role သုံးခုကို ရွေးချယ်လို့ရပါတယ်။ Detail Customize မပါပေမယ့် Weapon Equiment တွေကတော့ ပုံစံချိန်းပါတယ်။ ပြီးတော့ ကိုယ်ယူလိုက်တဲ့ Role သုံးခုလုံးကိုလည်း Battle ထဲမှာပါ စိတ်ကြိုက် Switch လို့ရသေးတာပါ။ Game ပုံစံက Auto စနစ်တွေပါဝင်ပြီး Basic Attack တောင် Manual မပါပါဘူး။ သူ့ဟာသူ ချနေရင်း Full နဲ့ On ပေါ်မူတည်ကာ Spell သုံးတာမသုံးတာဘဲ ရှိတာပါ။ ပြီးတော့ ဒီ Game မှာ Gacha စနစ်ပါပါတယ်။ Equiment Card အမျိုးစားဖြစ်ပြီး Rank Level အလိုက်ပေါ့။
• Game ရဲ့ Graphic လေးက မဆိုးဘူးဆိုပေမယ့် သိပ်တော့ အားမရဘူး။ အရှေ့က အကောင်းစားတွေသာ ထွက်မလာခဲ့ရင် ဒီတစ်ခုကို အတော်ကိုကြည့်ကောင်းမှာ။ အထူးသဖြင့် Character ဒီဇိုင်း ဖန်တီးထားတာလေးတွေက DR လို cute ဖြစ်တယ်။ အဲဒီထဲမှာ ပါတဲ့ Nana နဲ့တူတဲ့ ပေါက်စလေးဆိုရင် လူကသာ ပုတာ ပြေးတာက တခြားသူတွေ Speed တအားသွက်တယ်။
ပြီးတော့ Fighting Animation တွေကလည်း ဟန်ချက်ညီသလို ကြည့်ရတာလည်း အားရစရာကောင်းတယ်။ Weapon Type အဆန်းတွေလည်း ပါတာကြောင့် Ability Effect တွေနဲ့တင် Screen ပေါ်မှာ Color အစုံဘဲ။ ဒါပေမယ့် ခလုပ်များတော့ Screen ပေါ်မှာ နည်းနည်းတော့ ရှုပ်သလို ခံစားရတယ်။ Hide လည်းမပါတော့ ဂွကျတာပေါ့။
• Game က အကောင်းကြီးလည်း မဟုတ်သလို အဆိုးကြီးလည်းမဟုတ်ပါဘူး။ သူ့ဟာနဲ့သူ ပုံမှန်ဖြစ်တာကြောင့် ဇာတ်လမ်းလေးကသာ ဒီ GAME ကို ပွဲဆွဲဆောင်သွားမှာပါ။ အဲတော့ Global ထွက်လာဖို့ မျှော်လင့်ရတာဘဲ။
⚠️ အပေါ်ဆုံးမှာပြောခဲ့သလို ဒီ Game ကို ဝင်ရင် South Korea VPN ကို ချိတ်ထားရပါမယ်။
⚠️ In Game မှာလည်း Update တွက် 15 MB လောက်ဘဲ Download လုပ်ရမှာပါ။
⚠️ ဒါပေမယ့် Game ရဲ့ မူလ Size က 3.5 GB ရှိပေမယ့် Game ထဲရောက်ရင် Extra ထပ်လုပ်မှာဖြစ်ပြီး Total Size အနေနဲ့ 7.58 GB ထိ ရှိပါတယ်။ အဲတော့ Phone Storage များများရှိဖို့ လိုတယ်။
🏆 Story - 4.4 / 5
🏆 Graphic - 3.8 / 5
🏆 Combat - 3.7 / 5
🏆 Personal - 4 / 5
======================
[ Android version = 8.0 + ]
[ Size = 3.5 GB ]
[ Total Size = 7.58 GB ]
[ Developer = NPIXEL ]
[ Type = Online ]
================
==========================
( 💜အပြင်ထွက်တိုင်း Mask တပ်ဖို့ မမေ့နဲ့နော် 💜)
#HELLOYDB
Comments