LATEST NEWS

Fetching news...

Heroes Of Arca

Heroes Of Arca

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


•       ရာစုနှစ်တစ်ခုရဲ့ မဝေးလှတဲ့ ကျွန်းတစ်ခုမှာ အရမ်းရဲရင့်တဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူမဟာ ကာကွယ်သူဖြစ်ခြင်လွန်းလို့ ဆရာကြီးရဲ့ ချီးမြှောက်မှုကို ဆက်ခံဖို့ ပြင်ဆင်နေချိန်မှာဘဲ Faceless ဆိုတဲ့ ဂြိုလ်သားတွေရဲ့ ချုံခိုတိုက်ခိုက်ခြင်းကို ရုတ်တရက်ခံခဲ့ရပါတယ်။ 



•       ရာစုနှစ်များစွာထိ အဲဒီ ဂြိုလ်သားတွေနေထိုင်တဲ့ ကျွန်းစီကို ဘယ်သူမှ ခြေဦးမတည်ကြသလို Heavenly ဘုရားကျောင်းစီကိုလည်း ဘယ်ဂြိုလ်သားကမှ ရန်မူခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ သူမရဲ့ နေ့ထူးနေ့မြတ်မှာတင် ပြဿနာတွေဟာ စတက်ခဲ့ပါတယ်။ သူမ ထွက်ပြေးဖို့လုပ်ပေမယ့် ရုတ်တရက် အမှောင်ထုထဲကို ချော်ကျသွားတယ်။ အဲလိုပြုတ်ကျနေချိန်မှာဘဲ သူမရဲ့ ဘဝဟာ အဆုံးသတ်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့် နူးညံ့လွန်းတဲ့ သားမွှေးတစ်ခုဟာ သူမရဲ့ အတွေးတွေကို ရပ်တန့်သွားစေခဲ့တယ်။ 




•        Furrcifer ဆိုတဲ့ ဒဏ္ဍာရီဆန် အကောင်တစ်ကောင်ဖြစ်နေပြီး သူမကို ရန်မမူဘဲ ကာကွယ်ပေးခဲ့တာပါ ။ Furrcifer က သူမကို Ancient Key တစ်ခုကို လက်ထဲ ထည့်ပေးခဲ့ပြီး နောက်ထက် ကျန်နေတဲ့ Key သုံးခုကို လိုက်ရှာခိုင်းပါတယ်။ ဘာလို့ဆိုတော့ ဒီ Faceless  ဂြိုလ်သားတွေကို ကမ္ဘာမြေကနေ နှင်ထုတ်ခြင်ရင်တော့ အဲဒီ Ancient Key လေးခု လိုအပ်တယ်ဆိုပြီး သင့်ကို တာဝန်ပေးအပ်ခဲ့တာပါ ။ 




•        Game က Turn-Based RPG game တစ်ခုဖြစ်ပြီး ဆော့ရတာ အရမ်းရိုးရှင်းသလို ကံတရားနဲ့လည်း ဆိုင်တယ်။ အရင်ဆုံး ကိုယ့်ဘက်က Magical ဆန်တဲ့ နတ်တွေကို ဆင့်ခေါ်ရမှာဖြစ်ပြီး Attack နဲ့ Defence ကို သေချာသုံးပေးရမှာပါ။ နတ်တွေက ပုံမှန် တစ်လှည့်စီတိုက်ခိုက်နေချိန်မှာ ကိုယ်က Shield တွေ Hp တွေ Level တွေနဲ့ Attack Bonus တွေကို Management လုပ်ပေးရမှာပါ။ အဓိကက ကိုယ်ရဲ့ Hp က အရေးကြီးဘဲ ကိုယ်သေရင် ပွဲအပြီးပါ။ ကံကောင်းရင် Random ခေါက်လို့ Spell တစ်ခုတည်းကို စုံကျခဲ့ရင် နောက်တစ်ကြိမ် Extra Chance ရပါတယ်။ Ability အပိုတွေပါ ရအုန်းမှာဖြစ်ပြီး ခရီးတစ်လျှောက် အကောင်မျိုးစုံနဲ့ Item အစုံကိုလည်း Explore လုပ်ရမယ့် Game ကောင်းတစ်ခုပါ။ Deep ဖြစ်တဲ့ထိ ဆော့မယ်ဆိုရင်တော့ 12 နာရီလောက်ရှိပါတယ်။ 




======================

[  Android version = 4.2 +  ]

[  Size = 277 MB  ]

[  Developer = Impiresoft ]

[  Type = Offline  ]

===============








( သူငယ်ချင်းတွေပါ Game အသစ်တွေသိရဖို့အတွက် Like & Share လေး လုပ်ပေးခဲ့နော် )

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...