LATEST NEWS

Fetching news...

Legend Frozen Beauty

Legend Frozen Beauty

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:



•           လောကမှ တစ်ခုကို လိုခြင်ရင် နောက်တစ်ခုကို ပေးဆပ်ရတယ်ဆိုတာ လူတိုင်းသိကြမှာပါ ။ ဒါပေမယ့် အဲဒီ ပေးဆပ်မှုက ထိုင်တန်ရဲ့လားဆိုတာသာ အဓိကပါ။ သင်နဲ့ သင့်ညီမလေးဟာ အရမ်းချစ်ကြတဲ့ ညီအစ်မတွေ ဖြစ်ကြပြီး ဘဝတစ်ခုကို မောင်နှမ နှစ်ယောက်တည်း ရပ်တည်နေကြတာပါ။ 




•           တစ်နေ့ကြတော့ အရွယ်ရောက်လာတဲ့ ညီမလေးဟာ အလှတရားတွေနဲ့ ပြည့်စုံလာချိန်မှာတော့ နန်းတော်ရဲ့ ဘုရင်မကြီးစီက ကမ်းလှမ်းချက် တစ်ခုကို ရခဲ့ပါတယ်။ ဆက်ခံသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး အဲဒီအတွက် ဘုရင်မကြီးရဲ့ စမ်းသပ်မှုတွေကို အောင်မြင်အောင်လုပ်ဆောင်ပေးရမယ်လို့ ပြောပါတယ်။ အဲဒီတော့ ညီမဖြစ်သူက သူမ ငယ်စဥ်ကလေးဘဝကတည်းက ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ သင့်အပေါ်ကို တစ်ဖန်ကျေးဇူးဆပ်တဲ့အနေနဲ့ ရဲတိုက်ကြီးစီမှာ သူမနဲ့ အတူတူနေဖို့ မရမက လာခေါ်ပါတော့တယ်။ 




•            ညီမဖြစ်သူရဲ့ စမ်းသပ်မှုကို သင်ကပါ လိုက်ဖြေရှင်းပေးရင်းနဲ့ တံတားအောက်က ဝိညာဥ်ဆန်တဲ့ ကောင်မလေးတစ်ယောက်ကို မထင်မှတ်ဘဲ တွေ့ခဲ့တယ်။ အဲဒီကောင်မလေးက သင့်ကို ဒီနေရာကနေ ချက်ခြင်းထွက်သွားဖို့နဲ့ ဘုရင်မကြီးရဲ့ လက်ဆောင်တွေကို မယူမိဖို့ သတိပေးလိုက်တော့ သင်လည်း ချက်ခြင်းဆိုသလို ညီမဖြစ်သူကို ပြန်ပြောဖို့ရာ လုပ်ခဲ့ပေမယ့် အချိန်က အရမ်းကိုနောက်ကျသွားခဲ့ပါပြီ။ ဘုရင်မကြီးက ညီမဖြစ်သူကို လက်ဆောင်အဖြစ် ခေါင်းဘီးလေးကို ပေးလိုက်ပြီး အဲဒီ ခေါင်းဘီးကို ယူမိလိုက်တဲ့ ညီမဖြစ်သူဟာ ချက်ခြင်းဆိုသလို တစ်ကိုယ်လုံး ခဲတောင့်သွားခဲ့ပါတယ်။ အဲဒီမှာ ဘုရင်မကြီးက သင့်ညီမကိုပါ တစ်ခါတည်း ခေါ်သွားတော့ သင့်ရဲ့ စွန့်စားခန်း ခရီးစဥ်ဟာ စတင်ခဲ့ပါတော့တယ်။ 




•          Game က Storyline နဲ့ဖြစ်ပြီး Puzzle အစုံပါ ပေါင်းထည့်ပေးထားတော့ Puzzle Adventure သမားတွေအတွက် သဘောကျစေမှာပါ။ Cinematic အခန်းတိုလေးတွေပါ ထည့်ပေးထားပြီး နောက်ခံအသံတွေပါ ပါသေးတော့ သဘောကျစေမယ့် Game ကောင်းလေးတစ်ခုပါ။ 




=====================

[  Android version = 4.2 + ]

[  Size =  800 MB ]

[  Developer = Big Fish  ]

[  Type = Offline  ]

===============




( သူငယ်ချင်းတွေပါ Game အသစ်တွေသိရဖို့အတွက် Like & Share လေး လုပ်ပေးခဲ့နော် )

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...