LATEST NEWS

Fetching news...

Living Legends Beasts of Bremen

Living Legends Beasts of Bremen

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


•         ဒီတစ်ခါတော့ မှော်ဆန်ဆန် စွန့်စားရမယ့် Game လေးဖြစ်ပြီး အစ်မဖြစ်သူကို ကယ်တင်ဖို့တွက် ကျိန်စာရဲ့ လှည့်စားမှုတွေကြားမှာ စွန့်စားရမယ့် Game ကောင်းတစ်ခုပါ။ 





•         သင်နဲ့ သင့်အစ်မဖြစ်သူ Rosabella က မွေးကတည်းက ရုပ်ခြင်း ခွဲမရအောင် တူကြပေမယ့် အရွယ်ရောက်လို့ ဝါသနာပါရာကို လျှောက်လှမ်းတဲ့ အချိန်မှာတော့ နှစ်ယောက်သားက အလုပ်ခြင်း မတူကြပြန်ပါဘူး။ သင်က စာဖတ်ရတာ ဝါသနာပါသလောက် အစ်မဖြစ်သူက ဂီတဘက်မှာဘဲ ပါရမှီပါခဲ့တာပါ။ တစ်နေ့ အစ်မဖြစ်သူ Rosabella ဟာ Bremen မှာ ကျင်းပတဲ့ Europe ရဲ့ အခန်းနားဆုံး ဂီတပွဲတော်ကြီးမှာ ပါဝင်ခွင့်ရခဲ့ပြီး သင့်ကိုပါ လာကြည့်ဖို့ ဖိတ်စာနဲ့အတူ လှမ်းခေါ်ခဲ့ပါတယ်။ 



•        ဒါပေမယ့် မထင်မှတ်ထားတဲ့ ကံကြမ္မာ ကြောင့် ညီအစ်မနှစ်ယောက် တွေ့ဖို့ရာက အကြောင်းမပါခဲ့ပါဘူး ။ ဖျော်ဖြေတဲ့နေ့မှာဘဲ မြို့ထဲကို ထူးဆန်းတဲ့ မြူတွေ ဖုံးလွှမ်းခဲ့ပြီး ထိတွေ့မိတဲ့သူ အကုန်လုံးဟာ လူစင်စစ်ကနေ သတ္တဝါတွေအဖြစ်နဲ့ ပြောင်းသွားတာပါ။ ဒါ့အပြင် မြူတွေနဲ့အတူ အသံတစ်သံပါ ပါလာတတ်ပြီး ကြားမိသူတိုင်းဟာလည်း အညှို့ခံလိုက်ရသလို အသိစိတ်ပျောက်သွားသည်အထိပါ။ ဒီတော့ ဒီ မြူတွေက ဘယ်ကနေလာတာလဲ ? အစ်မဖြစ်သူ Rosabella ကကော ဒီမြူတွေကြောင့် သတ္တဝါကြီး ဖြစ်သွားပြီးလားဆိုတာတော့ ဒီ Game ထဲမှာဘဲ ကိုယ်တိုင်ဆော့ကြည့်လိုက်တော့နော်။ 






•          Music ဘက်ကို အဓိကထားတာကြောင့် Audio ပိုင်းမှာ အတော်ကောင်းပြီး တစ်ချို့ Puzzle တွေမှာလည်း နားလည်ဖို့ လွယ်တော့မလွယ်ပါဘူး။ ဒီ Game က အနီးစပ်ဆုံး ဘာနဲ့ သွားတူလဲဆိုရင် Barbie and the Diamond Castle ထဲကလို သံစဥ်တွေကနေ ကျိန်စာကို တားဆီးရမှာပါ။ ဒါက မြင်သာအောင် ပြောတာနော် GAME က အဲ ဇတ်ကားထဲကအတိုင်းမဟုတ်ဘူး။ ပြီးတော့ HD version ဆိုတော့ Resolution အပြည့်နဲ့ ဆော့လို့ကောင်းတာပေါ့။ 





================

🏆 Graphic - 4 / 5
🏆 Gameplay - 4 / 5
🏆 Personal - 3.8 / 5

======================

[  Android version =   ]

[  Size = 1.27 GB  ]

[  Developer = BigFish  ]

[  Type = Offline  ]

================



1. Apk ကို အရင် Install တင်ပါ ။

2. Obb Zip ဖိုင်ကို ဖြည်ပြီး ထွက်လာတဲ့ " com.bigfishgames.llbeastsbremengoog " ဆိုတဲ့ ဖိုင်ကို Android ထဲက Obb ထဲကို ရွေ့ပေးလိုက်ရုံနဲ့ ဆော့လို့ရပါပြီ။


==========================

( 💜အပြင်ထွက်တိုင်း Mask တပ်ဖို့ မမေ့နဲ့နော် 💜)

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...