Lost Light



•        ဒီ Game က Netease ကနေဘဲ ထုတ်လုပ်ပေးထားတာဖြစ်ပြီး Test အနေနဲ့ ဇန်နဝါရီလ ၂၈ ရက်ကနေ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ထိ ၁၃ ရက်တိတိ ကစားခွင့်ရမှာပါ။ ထုံးစံအတိုင်း Region နှစ်မျိုးနဲ့ဘဲ ထွက်တယ်ဆိုပေမယ့် အကုန်ဝင်ဆော့လို့ရပါတယ်။



.         Game က Survival အမျိုးစားဖြစ်ပြီး အရင်က ထွက်ဖူးတဲ့ Badlanders  လို Loot ပုံစံမျိုးပါဘဲ။ ဒါပေမယ့် ဒီတစ်ခုတော့ နည်းနည်း ပုံစံပြောင်းသွားပြီး Challenge ကြီးပါတယ်။ Open World လို Map အကျယ်ကြီးမဟုတ်တော့ဘဲ အဆောက်အဦးတစ်ခုတည်းမှာတင် Team နှစ်ဖက် ယှဥ်သတ်ရမှာပါ။ Firefly Team နဲ့ Marauder Team ဆိုပြီးရှိပါတယ်။ 




•        Firefly ရဲ့ တာဝန်က Marauder ရဲ့ အဆောက်အဦးကို ဝင်ဖောက်ပြီး ရသလောက် Loot နဲ့ အသက်ရှင် လွတ်မြောက်အောင်ကြိုးစားရမှာပါ။ Battle Zone ထဲမဝင်ခင်ကတည်းက ကြိုက်တဲ့ Gear ကို တပ်သွားလို့ရပြီး Marauder ကော Firefly အချို့ကိုကော ပစ်သတ်လို့ရပါတယ်။ ဒါပေမယ့် ရထားတဲ့ပစ္စည်းတွေက အသက်ရှင်မှ ပိုင်ဆိုင်ခွင့်ရမှာပါ။ Firefly ကတော့ Exp ကော Loot ကော ရတာပါ။





•        Marauder အနေနဲ့က Firefly အဖွဲ့ကို အပြတ်ရှင်းပြီး ထွက်ရမှာပါ။ Marauder တွေက Random Gear ဘဲရတာဖြစ်ပြီး ကစားနိုင်တဲ့အခွင့်ရေးကလည်း လေးကြိမ်ထိဘဲ limit လုပ်ထားတာပါ။ ဘာကွာလဲဆိုရင်တော့ Marauder တွေက Firefly အဖွဲ့ဝင်တစ်ယောက်ကို သတ်လိုက်ရင် အဲလူကို ချက်ခြင်းသတ်လို့လည်း ရသလို Save လုပ်ပြီး AI Marauder အနေနဲ့ ထားထားလို့ရတာပါ။ ရသလောက် Loot တွေနဲ့ လွတ်အောင်လုပ်လို့ရပေမယ့် Exp တော့ မရပါဘူး။






•        Game က Character Upgrade တွေပါပြီး ကျန်တဲ့ Weapon တွေကတော့ ရရင်ရသလောက် အမြတ်ရောင်းလို့ရသလို သုံးလို့လည်း ရပါတယ် ။ အလျောအစားကြီးသလို သေရင်လည်း ရှိသမျှအကုန်ကျန်ခဲ့တာကြောင့် သေချာတော့ ရွေးချယ်ဖို့လိုတယ်။ Graphic ကတော့ ကြည့်ကောင်းပြီး ကျည် လာတဲ့ ပုံရိပ်တွေကစ ရှင်းရှင်းလင်းလင်း မြင်ရတော့ ဆော့ရတာ မဆိုးဘူးပြောရမယ်။ Beta မလို့ တခြား Feature တွေမပါသေးပေမယ့် လောလောဆယ်အချိန်ထိတော့ ဆော့လို့ကောင်းတဲ့ Game တစ်ခုပါ။ 




================

🏆 Graphic - 3.9 / 5
🏆 Gameplay - 4 / 5
🏆 Personal -  3.7 / 5

======================

[  Android version =   ]

[  Size = 900 MB  ]

[  Total Size = 2.12 GB  ]

[  Developer = Netease ]

[  Type =  Online ]

================




==========================

( 💜အပြင်ထွက်တိုင်း Mask တပ်ဖို့ မမေ့နဲ့နော် 💜)

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES