N O V A 3



•              Gameloft ရဲ့ ထွက်သမျှ Game ကောင်းတွေထဲက တစ်ခုဖြစ်ပြီး အဲခေတ်အဲအခါတုန်းကဆိုရင် အခုခေတ်လို SD ဘယ်လောက်ရှိမှ Graphic ဘယ် Level ထိ ဆော့လို့ရတယ်ဆိုတာမျိုးမရှိပါဘူး။ ဖုန်းတိုင်း အကုန်တန်းတူ ဆော့နိုင်ပြီး FPS 30 အပြည့်ထွက်တဲ့ Game တွေပါ။ အခုမှသာ FPS တွေ တိုးလာတော့ မျက်လုံးတွေက အရင်ကလို မကြည့်နိုင်​ကြတော့ဘူးထင်တယ်။ ဒါပေမယ့် ကိုယ့်မျက်လုံး ဘယ်လောက်ထိ ကြည့်နိုင်သေးလဲဆိုတာ သိခြင်ရင် Old Game တွေ ပြန်လာဆော့ကြည့်လို့ရပါတယ်။


•         N O V A ရဲ့ Main ဇာတ်ကောင်ဖြစ်တဲ့ Kal Wardin နေရာကနေ ကစားရမှာဖြစ်ပြီး အရင် N O V A 2 ရဲ့ အဖြစ်ပျက်တွေကြောင့် စိတ်ရှုပ်နေတဲ့သူတစ်ဦးပေါ့။ ဒါပေမယ့် သူ့ရဲ့ AI မလေးဖြစ်တဲ့ Yelena က ရုတ်တရက် ကမ္ဘာဟောင်းစီကနေ ကြားဝင်ဆက်သွယ်ပြီး Kal ကို အကူညီတောင်းခဲ့ပါတယ်။ ဒါကြောင့် Yelena ဆီကို သွားဖို့ ကမ္ဘာမြေကို အဆင်းမှာဘဲ  Volterite တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဖြစ်ခြင်တော့ Volterite တင်မကဘဲ N.O.V.A အဖွဲ့ဝင်တွေပါ ဒီကို ရောက်နေကြတာပါ။ ဘာအတွက် ဒီကို အကုန်ရောက်နေကြလဲဆိုတာ မသိပေမယ့် Base ကိုပြန်ဖို့တွက် တပ်ကြပ်ကြီး Becker နဲ့အတူ Kal ရဲ့ N.O.V.A 2 က ကိစ္စတွေပြောရင် Yelena ဆီသွားကြတာပေါ့။ 




•         စခန်းလည်းရောက်ရော Kal က Yelena ကို လိုက်ရှာတယ် ။  သူထင်ထားတာက ထုံးစံတိုင်း AI ဆိုတော့ Hologram နဲ့ လာတွေ့မယ်ထင်ထားပေမယ့် Yelena လေးက Cyber Body နဲ့ ပေါ်လာခဲ့တာပါ။ Promethus ကနေ လက်ဆောင်ရထားတာဖြစ်ပြီး လုံးဝ Sexy ကျနေတော့ Kal အတွက် Suprise ဖြစ်နေတာပေါ့။ ဒါပေမယ့် အဓိက ပြဿနာက Yelena လေးက ဝေ့လည်ကြောင်ပတ်နဲ့ သူ့အဖွဲ့သားတွေ အပြစ်မဖြစ်အောင် ပြောနေတာပါ။ တကယ်က Judger's Artifact ကို ခိုးလာခဲ့တာဖြစ်ပြီး အဲဒါကို လက်ဆောင်ရတာတွေကော၊ ရှာတွေ့တာတွေကို အကုန် Kal ကို ဂျင်းထည့်တာပေါ့။ 






•          နောက်ဆုံးသိသွားတော့ ဒီကိစ္စကို Yelena လေးက အကြောင်းမဲ့လုပ်ခဲ့တာမဟုတ်ပါဘူး။ အဲဒီ Judger's artifact ရဲ့ စွမ်းအားက ဒီပျက်ဆီးနေတဲ့ ကမ္ဘာ​ကြီးကို အရင်တိုင်း ပြန်လုပ်နိုင်လောက်တဲ့ထိ စွမ်းအားကြီးတာပါ။ အဲဒါကြောင့် AI ဖြစ်ပေမယ့်လည်း Yelena လေးက လူသားတွေတွက် တွေးပြီး ဒီကိစ္စကို ဦးဆောင်တာပေါ့။ ဖြစ်ခြင်တော့ Volterite တွေကပါ ဒီစွမ်းအားကို ကမ္ဘာဖျက်ဆီးဖို့တွက် အသုံးပြုမှာဖြစ်ပြီး လောလောဆယ် သူတို့စီပါသွားတဲ့ Judger's artifact ကို ပြန်သွားယူပေးရမှာပါ။ 




•        ဒါပေမယ့် ဒီကိစ္စက Yelena ထင်သလောက် မရိုးရှင်းခဲ့ပါဘူး။ Yelena  ကို Cyber ခန္ဓာကိုယ် လက်ဆောင်ပေးခဲ့တဲ့ Prometheus ဟာ ဒီ Judgers တွေစီမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူတို့ရဲ့ Judger's Artifact သုံးခုကို ပြန်မရရင် လူသားမျိုးနွယ်တွေကော၊ Volterite တွေပါ တစ်သက်လုံး အမဲလိုက်ခံရမှာပါ။ ဒီ အခြေနေကို သိသွားတဲ့ Kal ဟာ Prometheus ရဲ့ လမ်းညွှန်ချက်နဲ့အတူ ကျန်တဲ့ Judger's Artifact နှစ်ခုကို လိုက်ရှာပေးရတော့မှာပါ။ တကယ်ဘဲ ထင်သလောက် လွယ်ကူမလားဆိုတာတော့....., Kal က ဒီကိစ္စတွေ ပြီးရင် N.O.V.A ကနေ အပြီးထွက်တော့မယ်လို့ Yelena လေးကို ပြောခဲ့တာပါ။ ဒါပေမယ့် Kal ထက် အရင်ထွက်သွားတဲ့ Yelena လေးကြောင့် ဇာတ်လမ်းလေးကတော့ ......






•         Game က ဘယ်အချိန်ဆော့ဆော့ Mobile မှာ အခုထိ ရိုးမသွားပါဘူး။ ပြောရရင် အဲအချိန်တုန်းက Developer တွေက တကယ်ကို အပီပြင် ဇာတ်လမ်းဇာတ်ကွက်တွေကစ Series နဲ့ကို Mobile မှာ ထုတ်ပေးတာပါ။ အဲတော့ မဆော့ရသေးတဲ့သူတွေ့လည်း ဆော့ကြည့်သင့်သလို ဆော့ပြီးသားသူတွေလည်း ဇာတ်ကြောင်းလေးသိသွားတော့ ပြန်ဆော့သင့်ပါတယ်။ ပြီးတော့ ပိုက်ပိုက်ဘဲ Mod ပေထားတာဖြစ်လို့ ဆော့ရတာ God Mod လောက် အရသာမပျက်ပါဘူး။ 








================

🏆 Graphic - 4 / 5
🏆 Gameplay - 4 / 5
🏆 Personal - 4.5 / 5

======================


[  Android version =  4.2 + ]

[  Size = 1.74 GB  ]

[  Developer = Gameloft  ]

[  Type = Offline  ]

================



==========================

( 💜အပြင်ထွက်တိုင်း Mask တပ်ဖို့ မမေ့နဲ့နော် 💜)

#HELLOYDB

Related Posts

  • Samurai Shodown ° Netflix ကျေးဇူးကြောင့် Mobile ပေါ်မှာ ကစားရမယ့် Classic Reboot Fighting Game လေးဖြစ်ပြီး မူရင်း ဂိမ်းဟာဆိုရင်ဖြင့် 1993 ခုနှစ်မှာ ထွက်ရှိထာ… Read More
  • I Saw Black Clouds " အနက်ရှိုင်းဆုံး ခံစားချက်တွေက မကောင်းဆိုးဝါးတစ်ကောင်လို ပြောင်းလဲနိုင်ပေမယ့် အကုန်လုံးတော့ မဟုတ်ပါဘူး။ နင် သိထားဖို့က ငါ နင့်ကို နားလည်တယ်။ လူတွေက ပြောတယ် နင့်က… Read More
  • Maid Of Sker ❝ ဖြစ်ရပ်မှန်နဲ့ Mythology ပေါင်းထားတာမလို့ ဂိမ်းက တကယ်ကောင်းပေမယ့် Mobile Version မှာ ပြီးပြီးရော ဖြစ်သလို ထုတ်ပေးလိုက်တာကြောင့် အတော်လေး စိတ်ပျက်မိတာ အမှန်ပါပဲ ❞ " Hi Everyone ..… Read More
  • Raji An Ancient Epic ° ဒီလရဲ့ Mobile ဂိမ်းတွေထဲမှာ အလှပဆုံးဂိမ်းတစ်ခုလို့ ဆိုရမယ့်အပြင် PC နဲ့ Consoles မှာပါ ဆုတွေ အများကြီး ရရှိထားတာကြောင့် Mobile ပေါ် ယူဆောင်လာပေးတဲ့ NETFLIX ကိုတ… Read More
  • Hitman Blood Money Reprisal ° Original ဖြစ်တဲ့ Hitman ရဲ့ Blood Money ဂိမ်းက Copies ပေါင်း 2.1 မီလီယံထိ ရောင်းချခဲ့ရတဲ့ အအောင်မြင်ဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး Feral Interactive ကနေ "Refi… Read More

Comments

လူကြည့်အများဆုံး GAMES