Nightmares From The Deep Davy Jones

0% COMMUNITY SCORE
LOADING...
RATE:


•            သဘာဝလွန်ဖြစ်ရပ်တွေကို သဘောကျတယ်ဆိုရင်တော့ ဒီ Game လေးက သင့်ကို စွန့်စားခန်းအသစ် ဖွင့်ပေးမှာပါ။ Davy Jones ဆိုတာက ဒဏ္ဍာရီနဲ့ ရှေးစာဆိုတွေအရ အရမ်း အင်အားကြီးတဲ့ ပင်လယ်ဓားပြတစ်ယောက်ပါ။ သမိုင်းတစ်လျှောက် သူရဲ့ ရာဇဝင်တွေဟာ စွမ်းအားကြီးလွန်းပြီး သဘာလွန်ဖြစ်ရပ်တွေ ​များတာကြောင့် အခုခေတ်လူတွေအတွက် ယုံရခက် မယုံခက်နဲ့ ပုံပြင်လိုလို ဒဏ္ဍာရီလိုလို ဖြစ်နေခဲ့တာပါ။ 




•            ဒါပေမယ့် သင်ကတော့ အဲဒီ Davy Jones ရဲ့ သမိုင်းကြောင်းက အမှန်တကယ်ရှိခဲ့တယ်ဆိုတာကို လူတွေကို ​သိစေခြင်တာပါ။ ဒါတင်မကဘဲ Davy Jones ရဲ့ လျှိုဝှက်ချက်ကိုပါ သဲလွန်စရနေသူတစ်ဦးပေါ့။ ဖြစ်ခြင်တော့ Davy Jones ရဲ့ သမိုင်းကြောင်းကို လူအများရှေ့မှာ ရှင်းပြနေချိန်မှာဘဲ ထူးဆန်းတဲ့ အဖြစ်ပျက်တွေ စတင်လာပါတယ်။  အရင်ဆုံး Laptop မှာ glitch ဖြစ်လာပြီး Davy Jones ရဲ့ ပုံက ဖြတ်ကနဲ ပေါ်ပေါ်လာတာပါ။ အဲဲဒီနောက် ဟောခန်းတစ်ခုလုံး မီးပျက်သွားတော့ လူတွေအကုန် ရုတ်ရုတ်သဲသဲဖြစ်ကုန်တာပေါ့။ 






•            ခဏကြာတော့ အသံနက်ကြီးနဲ့ " ဒါက မင်းကို နောက်ဆုံး သတိပေးခြင်းဘဲ " ဆိုပြီး မျက်စိရှေ့မှာတင် ပင်လယ်ထဲကနေ သင်္ဘာကြီးပေါ်လာတော့တာဘဲ ။ အားလုံး အံ့သြနေတဲ့အချိန်မှာ  ရုတ်တရက် ဆူနာမီလှိုင်းလုံးကြီးတွေ တက်လာပြီး သင့်ရှေ့ကို Davy Jones ကြီး မျက်ဝါးထင်ထင် ရောက်လာတာပါ ။ အဲဒီမှာ သင်ကော သင့်သမီးပါ တစ်ခါတည်းဖမ်းခေါ်သွားတာပေါ့။ 




•           ဒါဆိုရင် သမိုင်းထဲက Davy Jones က ဘာလို့ သင့်ကို ခေါ်သွားတာလဲ ? ပြီးတော့ အခုချိန်ထိ Davy Jones ရဲ့ ဝိညာဥ်က ရှိနေသေးတယ်ဆိုတော့ ကျိန်စာများလား ? ဒါမှမဟုတ် တစ်စုတစ်ရာရဲ့ အစွဲကြောင့်များလားဆိုတာတော့ ဒီ သဘာဝလွန် Game ထဲမှာဘဲ ကိုယ်တိုင်ဆော့ကြည့်လိုက်တော့နော်။ မဟုတ်မှလွဲရော လူစားလဲဖို့များလား ... ?




•           Puzzle Advneture ဆိုတော့ ထုံးစံတိုင်း ပဟေဠိအစုံနဲ့ ခေါင်းသုံးရမယ့် Game မျိုး ပေါ့။ Art တွေက အရမ်း ကြည့်ကောင်းသလို ဇာတ်လမ်းကလဲ ပြောထားတာထက် ပိုစိတ်ဝင်စားစရာကောင်းတာပါ။ ပြီးတော့ Motion Image တွေဖြစ်တာကြောင့် တခြား Puzzle Game တွေထက် ဆော့ရတာ ပိုဆွဲဆောင်စေတယ်။




•             Playstore မှာလည်း Rating ကောင်းသလို Full အတွက် ပိုက်ပိုက်ပေးရမယ့် Game ပါ။ ဒါပေမယ့် Admin ကတော့ Full version ပေးထားတယ်ဆိုတော့ အဆုံးထိသာ အားရပါးရဆော့ကြည့်လိုက်တော့။ 

=======================

[  Android version =  4.2 + ]

[  Size =  500 MB ]

[  Developer =  G5 ]

[  Type =  Offline ]

===============




( သူငယ်ချင်းတွေပါ Game အသစ်တွေသိရဖို့အတွက် Like & Share လေး လုပ်ပေးခဲ့နော် )

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...