Paranormal Pursuit The Gifted One

0% COMMUNITY SCORE
LOADING...
RATE:


•            Action Movie ကြည့်ရနေရသလို ဖြစ်စေမယ့် ဒီ Game လေးက Super Natural ဆန်ရုံတင်မကဘဲ Adventure Game မျိုးတွေကို မကြိုက်ဖူးဆိုတဲ့သူတွေတောင် လုံးဝ စိတ်ဝင်စားစေမယ့် Game ကောင်းတစ်ခုပါ ။ ဒီ Game မှာက သဘာဝလွန်စွမ်းအား ပိုင်ဆိုင်ထားတဲ့ ကောင်လေးတစ်ယောက်ကို လိုက်ကယ်ပေးရင်းကနေ စိတ်လှုပ်ရှားမှုတွေ၊ ရင်ထိတ်စရာတွေနဲ့ အံ့သြစရာတွေပါ ဆက်တိုက် ကြုံတွေ့ရမယ့် Game ကောင်းတစ်ခုပါ။ 




•           Kevin ဆိုတဲ့ ကောင်လေးက အများထင်ထားသလို သာမန်ကောင်လေးတစ်ယောက်တော့မဟုတ်ပါဘူး။ မိဘတွေမရှိတော့ဘဲ ပထွေးဖြစ်သူ Jason နဲ့ အတူနေရတာပါ။ အစကတော့ ပထွေးဖြစ်သူနဲ့ အဆင်ပြေပေမယ့် ကောင်လေးက သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာ သိသွားတဲ့ အချိန်မှာတော့ ပထွေးဖြစ်သူ Jason ဟာ မြေအောက်ခန်းထဲမှာ ထည့်ပြီး ပိတ်လှောင်ထားခဲ့ပါတယ်။ ဒါပေမယ့် Kevin က စွမ်းအားတွေထဲက တစ်ခုဖြစ်တဲ့ Mind Control ကို အသုံးချပြီး ပထွေးဖြစ်သူကိုကလေးသူငယ်စောင့်ရှောက်ရေးဌာနကို ဖုန်းဆက်ဖို့ ထိန်းချုပ်ခဲ့ပါတယ်။ 





•         ဇာတ်လမ်းက အဲဒီကနေစတော့တာဘဲ။ သင်က အဲဒီ ဌာနမှာ အလုပ်လုပ်နေတဲ့ Samantha Evans ဆိုတဲ့ ကောင်မလေးတစ်ယောက်ပါ။ ဖုန်းဆက်ပြီး သတင်းရထားတော့ သင်ကိုယ်တိုင် Kevin ရှိတဲ့နေရာကို သွားစုံစမ်းတာပေါ့။ ဟိုရောက်တော့ ပထွေးဖြစ်သူ Jason က ပြောင်ငြင်းပါတယ်။ သူ့ဆီမှာ ကလေးမရှိဘူးဆိုပြီးတော့ပေါ့။ ဒါပေမယ့် အခြေနေကို သိသွားတဲ့ သင်က နီးစပ်ရာ ဖုန်းကနေ ရဲကို အကြောင်းကြားဖို့ လုပ်ပေမယ့် ဒီ ကိစ္စမှာ ရဲတွေပါ ပါဝင်ပတ်သတ်နေတယ်ဆိုတာကို ရိပ်မိခဲ့တယ်။ ဖြစ်ခြင်တော့ Kevin ရဲ့ ပထွေးကလည်း ရဲမှူးတစ်ယောက်ဖြစ်နေတာကို။



•            ဒီကိစ္စက သာမန်အခြေနေမျိုးမဟုတ်ဘူးဆိုတာ သိပေမယ့် သင်ကိုယ်တိုင် Kevin ကို ရအောင်ကယ်ထုတ်ခဲ့ပါတယ်။ အကျိုးဆက်ကတော့ Kevin ကို ပြန်ပေးဆွဲတယ်ဆိုပြီး သင်ပါ ဖမ်းဝရမ်းအဖြစ်နဲ့ သတင်းတွေထိပါ ပါလာတော့တာပါ။ အဲတော့ ဘယ်သူက လူကောင်း၊ ဘယ်သူက လူဆိုးဆိုတာ ခန့်မှန်းရခက်ကုန်တာပေါ့။ ကြားထဲမှာ သတင်းထဲကအမှုကြောင့် ကောင်လေးကို လာဖမ်းကြတဲ့သူတွေလည်း ကြုံရအုန်းမှာပါ။ ဒါ့အပြင် ကောင်လေးရဲ့ စွမ်းအားက တစ်ခုတည်းမဟုတ်ဘဲ အချိန်တွေကိုပါ ရပ်တန့်သွားအောင်ထိ လုပ်နိုင်တော့ ကြားထဲမှာ ဘယ်လို Super Natural ဖြစ်ရပ်တွေကြုံရအုန်းမလဲ စိတ်ဝင်စားစရာပါ။ 




•          အဲတော့ Samantha Evans တစ်ယောက် ဒီ Mutant ကောင်လေးနဲ့ ဘယ်လို နှစ်ပါးသွားကြမလဲ ? ရဲတွေကကော ဘာလို့ အသည်းသန်လိုခြင်နေကြတာလဲ ? တကယ်ဘဲ သူတို့နှစ်ယောက်တွက် ကူညီနိုင်မယ့် သူမရှိတော့ဘူးလားဆိုတာ သိခြင်ရင်တော့ ဒီ စိတ်လှုပ်ရှားစရာကောင်းတဲ့ Super Natural Game ထဲမှာတင် ဆက်ဆော့ကြည့်လိုက်တော့နော်။ 






•         ဒီ Game လေးက Puzzle Adventure ဆိုပေမယ့် ရုပ်ရှင်နဲ့ နင်လားငါလားဆိုတဲ့ ပုံစံမျိုးပါ။ Cutscene တွေအတော်ပါပြီး တခြား Puzzle တွေလို အေးအေးဆေးဆေး Game မျိုးတော့မဟုတ်ပါဘူး။ Run Run ဆိုရင် လွတ်အောင်ပြေးရတဲ့ စိတ်လှုပ်ရှားစရာပုံစံတွေပါ ပါသေးတာပါ။ အဓိကကတော့ Supernatural ဆိုတော့ ကောင်လေးရဲ့ စွမ်းအားတွေက ဘယ်လောက်ထိ Powerful ဖြစ်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ အရှိန်နဲ့ပြေးနေတဲ့ ရထားကြီးတစ်ခုလုံးကို ရပ်အောင်ထိ လုပ်နိုင်တော့ တော်ရုံတော့မဟုတ်ဘူးနော်။ 




=======================

[  Android version =  4.0 + ]

[  Size = 900 MB  ]

[  Developer = Big Fish  ]

[  Type = Offline  ]

================



1• Apk ကို Install တင်ပါ။

2. OBB ဖိုင်ကို Zip ဖြည်ပြီးရင် ထွက်လာတဲ့ 
" com.alawar.paranormal.gplay.premium " ဆိုတဲ့ ဖိုင်ကို Android >> Obb ထဲကို ရွေ့လိုက်ပါ ။


( 💜အပြင်ထွက်တိုင်း Mask တပ်ဖို့ မမေ့နဲ့နော် 💜)

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...