Play Together

0% COMMUNITY SCORE
LOADING...
RATE:



•          မကြာသေးခင်ကမှ ထွက်ထားတဲ့ ဒီ Game လေးက အခုလို Stay Home ကာလမှာ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်လို့ရမယ့် Game ကောင်းတစ်ခုပါ။ Life Style ပုံစံလေးဖြစ်ပြီး Open World ဖြစ်တဲ့ ကျွန်းကြီးတစ်ခုလုံးကို Explore လုပ်လို့ရတာကြောင့် အပြင်မထွက်ရတဲ့ သူတွေတွက် အရမ်းသဘောကျစေမှာပါ။ 



•         Game က စုံတာမှ အရင်က ဆင်တူ Game တွေထက် Mode တွေ အများကြီး တွေ့ရမှာပါ။ Character Customize နည်းပေမယ့် Fun ဖြစ်တဲ့ Gameplay တွေကော Mini Game တွေကော ဆော့လို့ရတာကြောင့် သူငယ်ချင်းတွေနဲ့ Virtual World ထဲမှာ ကမြင်းနေရုံပါ။ Fall Guys ကိုသဘောကျတဲ့သူတွေတွက်လည်း Challenge Game တွေ ပါသေးပါတယ်။ 





•          GAME က Lifestyle ပုံစံလေးဆိုတော့ ကိုယ်ပိုင်အိမ်တွေပါမယ်။  ပြီးရင် အိမ်အပြင်ဆင်တွေ ၊ အသုံးဆောင်ပစ္စည်းတွေကစ Customize လုပ်လို့ရမယ်။ 




•         ပိုက်ဆံရှာဖို့တွက် အချိန်ပိုင်းအလုပ်တွေ လုပ်လ်ို့ရမယ်၊ ဒါမှမဟုတ် NPC တွေရဲ့ Quest ကိုကူပေးရုံနဲ့လည်း ရနိုင်သလို Fishing လုပ်ပြီးလည်း ပိုက်ဆံရှာလို့ရတယ်။ ဒါ့အပြင် Daily Quest တွေလုပ်ရင်းနဲ့လည်း ပိုက်ဆံအပိုတွေ ရသေးပါတယ်။ 




•         ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကျောင်းပါ တက်လို့ရပြီး School Life ကိုပါ မနက် ၉ နာရီကနေ ညနေ ၆ နာရီထိ စာသင်လို့ရပါသေးတယ်။ School Life ဆိုပေမယ့် Teacher ကော Student ကော နောက်ပြီး ​ကျောင်းအုပ်ကြီးအနေနဲ့ပါ ကြိုက်တဲ့ Type နဲ့ သင်ယူလို့ရပါတယ်။




•       သင်ခန်းစာတွေက သင်္ချာတို့၊ ကွန်ပျူတာတို့ အစုံပါပြီး တကယ်လည်း ကိုယ်တိုင် ဝင်ဖြေရတာမျိုးပါ။ စဆော့တဲ့သူတွေတွက် အခန်းရှာလို့လွယ်အောင် ကျောင်း Map လေးပါထားထားပြီး အတန်းပြီးတာနဲ့ အမှတ်စာရင်းတွေ ထုတ်ပြပါတယ်။ 





•      ပိုမိုက်တာက နားချိန်တွေမှာ ကန်တင်းသွားလို့ရပြီး သူငယ်ချင်းတွေနဲ့ အတူတူ School Life ကို ပြန်ခံစားလို့ရမှာပါ။ ညဘက်ကြီးထိတော့ ကျောင်းထဲမနေနဲ့ပေါ့ 🔪။



•         Game က Life Style လေးတွေ အတော်ပါနေတော့ နောက်ထပ် ဘာများကျန်သေးလဲ ? ဒါပေါ့ နောက်ထပ် Shopping ထွက်မယ်၊ သွားမယ်စားမယ်၊ ပြီးရင် ချားရဟတ်တွေ၊ မိုးပျံပူပေါင်းတွေ စီးမယ်။ 





•         ပျင်းနေရင်း မြို့ပတ် Bus စီးပြီး တောထဲမှာပါ Camp Ground ပျော်ပွဲစားတွေ ထွက်လို့ရသေးတယ်။ နောက်ထပ် သူငယ်ချင်းအိမ်တွေမှာပါ Party လုပ်လို့ရပြီး တခြား ကစားသမားတွေရဲ့ အိမ်တွေပါ လိုက်လည်လ်ို့ရပါသေးတယ်။ Game က အခုမှ စထွက်ခါစဆိုတော့ ဘယ်သူမှ အိမ်ကောင်းကောင်းမရှိသေးပါဘူး။ တိုက်နဲ့ ကားနဲ့ နေ့ဖို့ဆိုရင် အတော်ကို ပိုက်ဆံရှာရမှာပါ။ 





•          Admin လည်း ကားတစ်စီးဝယ်ဖို့စုနေတာဖြစ်ပြီး ဆော့ရတာ ပျော်တော့ပျော်စရာကြီးပါ။ Shopping Centre မှာဆိုရင် ဓာတ်လှေကားတွေပါ စီးလို့ရပြီး အဝတ်စားတွေပါ Free ကြိုက်တာ ဝတ်လို့ရတယ်။ တစ်ခုတော့ရှိတယ် အဝတ်စားတွေကိုတော့ အပြင်ယူသွားလို့အရဘူး။ Centre အပေါ်ထပ်မှာလည်း ရေကူးကန်ရှိသေးတယ် ။အခုလိုအချိန်မျိုးမှာ ချစ်ရတဲ့သူတွေနဲ့ အတူတူဆော့ပျော်တဲ့ Game တစ်ခုပါ။ အုပ်စုလိုက် စာသင်တာတွေ၊ ဘာတွေ အကုန်လုပ်လို့ရတော့ မိုက်တာပေါ့။ 






( Server လူကြပ်တတ်တယ်နော် )

=====================

[  Android version = 6.0 +  ]

[  Size = 345 MB  ]

[  Developer =  Haegin ]

[ Type =  Online ]

==============


Playstore ကနေ Download လုပ်လို့မရရင် အောက်က Link ကနေ Download ပါ ။



Install လုပ်နည်းမသိရင် How To Install APKPLZ ကို အရင်ကြည့်ပေးပါ။




( သဘောကျမကျကို ကြယ်လေးနိပ်ပြီး Rating ပေးသွားအုန်းနော် 😉 )

#HELLOYDB


WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...