LATEST NEWS

Fetching news...

QV

QV

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


•  ပင်ကွင်းက ပျံတတ်လား ? သူလည်း ငှက်တစ်မျိုးဆိုပေမယ့် ဘာလို့မပျံနိုင်တာလဲ ? ပင်ကွင်း မပျံနိုင်တာကို အားလုံးသိထားကြပေမယ့် ဒီ GAME ထဲက Quby လေးကတော့ မသိရှာပါဘူး။ ငှက်ဖြစ်တာခြင်း အတူတူကို ဘာလို့ မပျံနိုင် ရတာလဲဆိုပြီး ကမ်းပါးကနေ တွန်းချလိုက်တာပါ။ အဲတော့ ပင်ကွင်း ပြန်တက်မလာတော့တဲ့အချိန်ကြမှ တကယ်မပျံနိုင်မှန်းသိသွားတဲ့ Quby လေးရဲ့ ဇာတ်ကြောင်းလေးက ဘယ်လိုလဲဆိုရင်တော့..




•      Quby ဆိုတဲ့ ကောင်မလေးက ငယ်ငယ်လေးကတည်းက Gate တွေကို ဝင်ထွက်သွားလာနိုင်သူတစ်ဦးပါ။ အဓိက Crystal ရဲ့ စွမ်းအားတွေ ချိတ်ဆက်မှုကြောင့် သူမရဲ့ အိမ်နဲ့ ဘယ်လောက်ဝေးဝေး အလွယ်တကူ ခဏလေးနဲ့ သွားလို့ရတာမျိုးပေါ့။ တစ်နေ့ကြတော့ အဓိက Crystal ချိတ်ဆက်မှုဟာ ချို့ယွင်းလာပါတယ်။ အရောင်တွေလည်း ပြောင်းသွားပြီး ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကို ရှာဖို့တွက် Quby လေးက Gate ကို ပြန်လာစစ်တာပေါ့။ မသုံးတာကြာပြီဆိုပေမယ့် အရင်ကတည်းက သူမတစ်ယောက်တည်းဘဲ သုံးနိုင်တယ်ဆိုတာ သိထားတာပါ။ အခု သူမပြန်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လို ဖြစ်ကုန်လဲဆိုတာ သိဖို့တွက် ကိုယ်တိုင်ဘဲ ဆော့ကြည့်လိုက်တော့နော်။ 






•      Game လေးက Puzzle အမျိုးစားလေးဖြစ်ပြီး စွန့်စားရမယ့် Cute Game လေးပါ။ ဘယ်လောက်ထိ Cute လည်းဆိုရင် လမ်းလျှောက်တာကအစ ကျောက်တုံးကို ကန်တဲ့အဆုံး ဘယ်လိုလေးမှန်းမသိပေမယ့် အူယားစရာကောင်းတယ်။ Quby လေးရဲ့ စွမ်းရည်က နံရံတွေကို Gate အနေနဲ့ဖွင့်လို့ရသလို တံခါးအနေနဲ့လည်း သုံးလို့ရတာပါ။ အဓိက Crystal ကြီး ဘာကြောင့် အနီရောင်ပြောင်းသွားလဲဆိုတာ သိဖို့အတွက် ချိတ်ဆက်ထားတဲ့ နယ်မြေတွေအကုန်လုံးကို စုံစမ်းရမယ့် Game မျိုးလေးပေါ့။ 




•      Size လေးလည်း နည်းသလို Graphic လေးလည်းကောင်းပြီး ဉာဏ်ရည်တိုးစေမှာဖြစ်တာကြောင့် အေးအေးဆေးဆေးကစားခြင်တဲ့သူတွေတွက် အကြံပေးပါတယ်။ 


======================

[  Android version = 4.1 +  ]

[  Size = 135 MB  ]

[  Developer = izzle  ]

[  Type = Offline  ]

==============



( သူငယ်ချင်းတွေပါ Game အသစ်တွေသိရဖို့အတွက် Like & Share လေး လုပ်ပေးခဲ့နော် )

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...