Revelation
• ဒီနေ့မှ ထွက်လာတဲ့ Game ဖြစ်ပြီး Netease ရဲ့ နောက်ထပ် လက်ရာမြောက်တဲ့ Game ကောင်းတစ်ခုပါ။ တစ်လောကထွက်လာတဲ့ Tencent နဲ့ယှဥ်ရင်တော့ Gameplay ထက် Graphic ပိုင်းမှာ Netease က တစ်ပန်းသာသွားပါတယ်လို့ ပြောလို့ရတယ်။
• အရှင်းဆုံးပြောရရင် ဒီ Game မှာ Server 4 ခု 5 ခု လောက်ထိကို Admin ကိုယ်တိုင် Character မတူဘဲ ပြောင်းဆော့နေတာပါ။ အထူးသဖြင့် Choice မကျေနပ်လို့ ပြန်ဆော့တာတွေနဲ့ Character Customize ပြင်တာတွေကြောင့် တစ်နေကုန်နီးပါးဘဲ။ တခြားသူတွေတော့ မသိဘူး Admin ကတော့ Face Customize နဲ့ Role စဥ်းစားတာကိုက နာရီဝက်နီးပါးထိရှိတယ်။
• Customize က တခြား MMORPG တွေလိုဆိုပေမယ့် Admin စဥ်းစားမိတာက Mobile Game ရဲ့ Character Creation ပိုင်းက လျော့တော့လျော့တွက်လို့ မရတော့ဘူးဆိုတာပါ။ အထူးသဖြင့် မျက်နှာဖွဲ့စည်းပုံကို Detail ထိ Customize လုပ်လို့ရပြီး Color Pick တွေကစ Popular ဖြစ်တဲ့ အရောင်တွေကို ရွေးထုတ်ထားတာ။
Admin တော့ ပထမ Character မှာ Evelyn ရဲ့ ဆံပင်ပုံစံလေးတွေ့လို့ Pick ထားပေမယ့် နောက်ပိုင်း Seraphine ပုံစံလေးဘဲ Customize လုပ်ပြီး ဆော့တော့တာပါ။ အနည်းဆုံးတော့ တခြား Player တွေထက် Admin ရဲ့ Character က ထင်းနေတာပေါ့။ Role ပေါ်မူတည်ပြီးလည်း တစ်ချို့ Hair Type တွေက ပေးတာမတူကြဘူး။
• Background Story ကိုပြောတာထက် Admin ကြည့်ရသလောက်တော့ NPC တွေ အတော်များပါတယ်။ Chinese ဆိုတော့ ဖတ်ရတာပျင်းပေမယ့် နောက်ပိုင်းကြာလာတော့ လျော့တွက်လို့တော့ မရဘူးဆိုတာပါ။ အထူးသဖြင့် Chinese တွေက MMORPG Game တစ်ခုထုတ်ရင် Auto တွေကလွဲလို့ ကျန်တဲ့ Story တွေ၊ Graphic တွေကို အတော်အားစိုက်တတ်ကြတယ် ။ အခု Game မှာလည်း ပုံမှန်ဆိုရင် NPC ရဲ့ Voice လောက်သာ ထည့်ပေးကြပေမယ့် အခု Game မှာတော့ ကိုယ့်ရဲ့ Character ဘက်က Dialog တွေပါ Voice Actor တွေနဲ့ သေချာလုပ်ထားကြတာပါ။
• Graphic ပိုင်းကတော့ အတော်ကြီးကို အားရတယ်။ အထူးသဖြင့် Graphic Optimize ဖြစ်လို့ Lowest Graphic မှာတောင် သူ့ဟာနဲ့သူ ကြည့်လှနေတုန်းဘဲ။ Link ထဲမှာ ဝင်ကြည့်ရင် အောက်ဆုံးမှာ Loweast Graphic က Screen Shoot လေးတွေ ပြထားပေးတယ်။ ကျန်တာကတော့ High Graphic ပုံတွေပေါ့။
• Environment Graphic က လုံးဝ မျောစေတယ်။ အထူးသဖြင့် ဒီ Game မှာက ရေအောက်ထဲကအစ ကောင်ကင်ယံထိ အဆုံး Free သွားလို့ရတဲ့ Open World ကြီးကို ဖန်တီးပေးထားတာပါ။ Distance View တွေက Quility မလျော့ဘဲ ကြည့်ကောင်းနေတော့ Environment View ကတော့ လုံးဝ ရှယ်ဘဲ။ Admin ဆို SS တွေ ပုံနေအောင်ကို Save ထားတာ။
• Admin အကြံပေးရရင် အဝတ်စားဖြစ်ဖြစ် တောင်ပံပေးတာဖြစ်ဖြစ် စီးစရာပေးတာကော သေချာ ကြည့်ပြီးမှ ယူပါ။ ကြယ်တွေ အလှဖော်တဲ့ အပိုင်းဆိုရင် လုပ်ပြီးမှ နောင်တရတယ်။ ပြီးတော့ Auto Quest တွေ လိမ့်မနိပ်ဘဲ Map ထဲမှာ Explore လုပ်ကြည့်ကြပါ။ တစ်ခါလေ Chest တွေ တွေ့တတ်တယ်။
ဒီ Game မှာက Admin ကိုယ်တိုင်း Deep မဆော့ရသေးပေမယ့် Gameplay Mode အသစ်တွေပါတာတော့ တွေ့တယ်။ နောက်ပြီး အနှိပ်ခန်းတို့၊ ရေပူစမ်းတို့ လူနေ့မှုဘဝပုံစံတွေ Level အလိုက်ပွင့်လာမှာဖြစ်ပြီး ရေပေါ်မှာတောင် ရေလွှာလျောစီးတွေ ကစားလို့ရတယ်။ ပြီးတော့ Boy တွေ မျက်စီအားတိုးစေမယ့် ရေအောက်အပိုင်းလေးတွေလည်း ပြောင်းတာတွေ ပါသေးတယ်။ Game က Sexual မဆန်ဘူးလို့ထင်ရပေမယ့် Sexy တော့ဖြစ်တယ်။
• ဆော့နေတုန်းကတော့ ရေးစရာတွေများပေမယ့် အခုတောင် စာရှည်နေပြီမလို့ ရပ်လိုက်တော့မယ်။ ပြီးတော့ ဒီလို GAME တွေက Global ထွက်လာဖို့ဆိုတာ အတော်မလွယ်ဘူး။ အထူးသဖြင့် Dialog Voice တွေဆိုရင် အတော် အချိန်ယူရမှာဖြစ်ပြီး Chinese Tradition တွေပါလို့ Admin ကတော့ သိပ်မမျှော်လင့်ရဲ့ဘူး။ ဒါပေမယ့် ထွက်လာရင်တော့ အရမ်းသဘောကျမိမှာ အမှန်ဘဲ။ ပြောရရင် Graphic နဲ့တင် ဆော့ပျော်တာပါ။
⚠️ Game က လောလောဆယ် Guest နဲ့ ဝင်လို့ရပေမယ့် Limit ပြည့်သွားရင်တော့ Chinese Phone လိုပါတယ်။ ⚠️
⚠️ Apk Size က 1.8 GB ဆိုပေမယ့် Game ထဲမှာ 3.85 GB လောက် ထပ် Download လုပ်ရမှာပါ။ Total Size အနေနဲ့ 6 GB ထိရှိတာကြောင့် Storage ကတော့ 7 GB ဝန်းကျင်ထိ လွတ်နေဖို့ လိုပါတယ်။ ⚠️
=======================
[ Android version = 7.0 + ]
[ Size = 1.8 GB ]
[ Total Size = 6 GB ]
[ Developer = Netease Games ]
[ Type = Online ]
==============
( သူငယ်ချင်းတွေလည်း သိရဖို့တွက် Like နဲ့ Share လေး လုပ်ပေးခဲ့ကြနော် )
#HELLOYDB
Comments