Sword Art Online Blackswordsman ACE
• လွန်ခဲ့တဲ့ ၁ ရက်ကျော်ကမှ Beta Test ဖွင့်ပေးခဲ့တဲ့ ဒီ Game လေးက Anime Fan တွေ၊ အထူးသဖြင့် SAO Fan တွေတွက် သဘောကျစေမှာပါ။ MMORPG အမျိုးစားဖြစ်တာကြောင့် SAO ရဲ့ ပုံရိပ်တွေကိုလည်း Open World အနေနဲ့ ခံစားရစေမယ့် Game တစ်ခုပါ။
• ဒီ Game နဲ့ပတ်သတ်ပြီး Admin ရဲ့ အမြင်က တခြားသူတွေနဲ့ တစ်သားတည်းဖြစ်ခြင်မှဖြစ်မယ် ဆိုပေမယ့် Game က အကောင်းဘက်ကော ၊ အဆိုးဘက်ကော ရှိပါတယ်။ Langauge အနေနဲ့ Chinese ဘဲရသေးတာဖြစ်ပြီး 2022 မှ ထွက်မယ်လို့ ပြောထားတာကြောင့် Global တွက်တော့ တပ်အပ်မပြောနိုင်သေးပါဘူး။ အဲတော့ အခု Admin ပြောမယ့် အကြောင်းရာတွေ ဖတ်ပြီးမှ Beta ကို ဆော့သင့်လား မဆော့သင့်လားဆိုတာကို ဆုံးဖြတ်ပါ။
• Character အနေနဲ့ Role သုံးခုဘဲ ပါသေးပြီး Gender ကတော့ Male ကော Female ကော ယူလို့ရပါတယ်။ Customize အနေနဲ့က Anime Game တစ်ခုတွက်တော့ အနေတော်ပါဘဲ။ ဒီ Game ရဲ့ ဒီဇိုင်းက အနီးစပ်ဆုံး Genshin Impact နဲ့ သွားတူနေပြီး ယှဥ်လို့တော့ မကောင်းပါဘူး ။ ဘာလို့ဆိုတော့ အခုမှ Beta ဘဲရှိသေးတဲ့အပြင် 2022 မှဆိုတော့ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး။
• Game က Auto Quest နဲ့ Auto Combat မပါပါဘူး။ ဒါဆို Genshin Impact လိုဘဲပေါ့လို့ ထင်နိင်ပေမယ့် အဲဒါက Level 15 မရောက်ခင်ထိပါ။ ဘာလို့ဆိုတော့ Level 15 မှာ Setting ကနေ တစ်ဆင့် Auto Quest နဲ့ Auto Combat ကို သုံးလို့ရလာပြီ ။ Boss Mission တွေကတော့ Auto Combat မပါတာ ချွင်းချက်ပေါ့။ ဒီနေရာမှာ Admin ပြောခြင်တာက တရုတ်ကြီးက နှစ်ပေါက်တစ်ပေါက် ရိုက်လိုက်သလိုဘဲ။ အစပိုင်းမှာ Manual Quest တွေကို တရုတ်စာတွေနဲ့ဆိုတော့ Global သမားတွေတွက် စိတ်ပါလက်ပါနဲ့ တိုင်ပတ်ရတာပေါ့။
• Auto တွေကို အထင်သေးခဲ့သလောက် ဒီ Game ကြမှ တရုတ်စာနဲ့ မှတ်ပီလားလို့ပြောနေသလိုဘဲ။ နောက် အားရပါးရ Main Quest တွေ လုပ်ပြီးမှ Auto ခလုပ်ကြီး ထုတ်ပြလိုက်တော့ အရူးလုပ်သွားသလိုတောင် ခံစားရတယ်။ ဒါက အမြင်တစ်ခုပေါ့ တခြားအမြင်အနေနဲ့ပြောရရင် အခုလိုနောက်ပိုင်း Game တစ်ခုမှာ Auto Quest တွေကို Control လုပ်လို့ရတော့ အရင်ကထက် မဆိုးဘူးလို့ပြောရမယ်။ ကိုယ်စိတ်ပါနေရင် Auto ကို ဖျောက်ပြီးဆော့လို့ရသလို အလုပ်နဲ့ မအားတဲ့အချိန်မှာလည်း Auto ဖွင့်ပေးထားရုံဘဲပေါ့။ ဘာမှတ်နေလဲ တရုတ်ကြီးတွေက ဉာဏ်ကောင်းတယ် သူ့လူတွေကို အလုပ်လုပ်ရင်း ဆော့လို့ရအောင် လုပ်ပေးထားတာ။
• ဒီ GAME မှာက Gacha စနစ်ပါဝင်ပြီး Level 15 ကြမှ လုပ်လို့ရမှာပါ။ Draw ကရတဲ့ Card တွေအကုန်လုံးက Genshin Impact လို Character သုံးလို့မရပါဘူး။ အများစုက Skill Card တွေဖြစ်ပြီး Weapon Skill ထဲမှာဘဲ ထည့်သုံးရတာမျိုးတွေပါ။ ကျန်တာကလည်း အတူတူပါဘဲ။ Genshin Impact လို Battle ထဲမှာ ထွက်လာမှာ မဟုတ်ဘဲ ပုံလေးသာပြပြီး သက်ဆိုင်ရာ Heal တို့ Extra Damage တို့ တိုးသွားရုံပါဘဲ။
• GAME က Weapon တွေ ပြောင်းကိုင်လို့ရပြီး Map ထဲမှာလည်း Chest တွေကို Puzzle ပါတာကော မပါတာကော ဖွင့်လို့ရတယ်။ Character ကတော့ ဒီဟာဘဲဖြစ်ပြီး Armor နဲ့ Skin တွေရရင်တော့ ပုံစံပြောင်းလို့ရတယ်။ Admin ကတော့ ကိုယ့် Character ကို ကြည့်ပြီး အဝတ်စားကို အရမ်းသဘောကျနေတာ။ နည်းနည်းထူးခြားတာပြောရရင် ဒီ Game မှာက မြက်ပင်တွေ အတော်ရှည်ပြီး ဓားနဲ့ခုတ်လိုက်ရင်လည်း တကယ်ပြတ်ပါတယ်။ အဲတော့ Battle ချရင် အနားမှာ မြက်ပင်ကို မရှိတော့ဘူး။ Weather စနစ်တွေပါ ထည့်ပေးထားပြီး Admin အထင်ကတော့ နည်းနည်း မြန်နေသလို ခံစားရတယ်။
• Graphic Option သိပ်မပါပေမယ့် Beta အနေနဲ့ကတော့ မဆိုးဘူး ကြည့်ကောင်းတယ်။ SAO စတိုင်လေးဆိုတော့ ဖြေသာသေးတာပေါ့။ အဲတော့ Game က မကောင်းဘူး မဟုတ်ဘူး ကောင်းတယ်။ ဒါပေမယ့် Genshin Impact ဆော့ဖူးထားတဲ့သူဆိုရင်တော့ Genshin Imoact ကို ပြန်လှည့်သွားနိုင်တယ်။ စိုးရိမ်စရာတော့ မရှိပါဘူး ဘာလို့ဆိုတော့ Official ထွက်ဖို့ရာ အဝေးကြီး လိုသေးတယ်လေ။ Final Version မဟုတ်သေးတာကြောင့် SAO Fan တွေ စိတ်မပျက်နဲ့အုန်းနော်။
💙 Game က BiliBili ကဖြစ်တာကြောင့် QQ တွေ Wechat တွေ မလိုပါဘူး။ BiliBili Account နဲ့တင် ဝင်ဆော့လို့ရပြီး Account မရှိရင်လည်း ( Guest ) နဲ့ ဝင်ဆော့လို့ရပါတယ် ။ လုပ်ပုံလုပ်နည်းတွေလည်း Link ထဲမှာ Photo နဲ့ပြထားပါတယ် 💙
⚠️ Game ရဲ့ Size က 465 MB ရှိပြီး Game ထဲရောက်ရင်တော့ 2.3 GB လောက် ထပ်ပြီး Download လုပ်ရပါမယ်။ Total အနေနဲ့က 2.9 GB လောက်ဘဲ ရှိတာပါ ⚠️
‼️ Beta က Jan 8 ရက် ကနေ Jan 18 ရက်ထိဘဲနော် ‼️
========================
[ Android version = Unknow ]
[ Size = 465 MB ]
[ Total Size = 2.9 GB ]
[ Publisher = bilibili ]
[ Type = Online ]
==============
( သူငယ်ချင်းတွေလည်း Game အသစ်တွေ သိဖို့တွက် Like & Share လေး လုပ်ပေးခဲ့နော်။)
#HELLOYDB
Comments