Will of Shinobi



•        မကြာသေးခင်မှ ထွက်လာတဲ့ ဒီ Game လေးက Naruto Fan တွေတွက် သဘောကျစေမယ့် RPG Game တစ်ခုပါ။ Warring States Period ထဲမှာဘဲ ဖန်တီးထားတဲ့ ဇာတ်လမ်းတိုဖြစ်ပြီး Assassins တို့ Ninjas တို့ တခြားသော Classes တွေ Survive လုပ်ရမယ့် စစ်ပွဲခေတ်ကာလတစ်ခုကို တွေ့မြင်ရမှာပါ။ 



•         ဒီ Game မှာဆိုရင် Character တွေအနေနဲ့ Protagonist ရယ် Partner ရယ်ဆိုပြီး ခွဲပေးထားပါတယ်။ Main Control လုပ်ရမယ့် Protagonist အပိုင်းမှာ Naruto , Sasuke နဲ့ Sakura တို့က အဓိကပါဝင်ပြီး Age အလိုက်ပါ တွေ့မြင်ရမှာပါ။ ကျန်တဲ့ Partner ပိုင်းမှာတော့ Battle ထဲမှာဘဲ Support လုပ်ပေးမှာဖြစ်ပြီး Rating အလိုက် ဇာတ်ကောင်အတော်များများကို တွေ့မြင်ရမှာပါ။




•          Gameplay Mode အနေနဲ့ Adventure နဲ့ Experience Mode ဆိုပြီးပါဝင်ပါတယ်။ Adventure Mode မှာ Main Mission အပြင် Elite နဲ့ Boss တွေပါ ထည့်သွင်းပေးထားပြီး Experience Mode မှာပါတဲ့ Gameplay အများစုကတော့ Day Limit အပြင် Level အလိုက် Unlock ဖြစ်မယ့် PvE Mode တွေပါထည့်သွင်းပေးထားတာပါ။ 




•         Graphic အနေနဲ့က Anime Game တစ်ခုအနေနဲ့ ကြည့်ကောင်းပြီး Skill Effect တွေ Combo Effect တွေကလည်း မဆိုးပါဘူး။ Auto Attack ပါပေမယ့် Auto Skill Use ကို ဖျောက်ထားပါတယ်။  Chatacter တိုင်းမှာ Level Upgrade စနစ်ပါဝင်ပြီး ကျန်တဲ့ Skin တို့ Material အပိုင်းတို့လို Feature အသစ်တွေကိုလည်း တွေ့မြင်ရမှာပါ။ လောလောဆယ် Event တွေ အတော်စုံတာကြောင့် Free ရမယ့် ပစ္စည်းတွေ များပါတယ်။ Recruit တွက် နာရီလိုက် Free Draw တွေပါ ရမှာကြောင့် Naruto Fan တွေတွက် အရမ်းမိုက်ပါတယ်။ 




__________________________________________________

[  Android version = 4.1 +  ]

[  Size = 1 GB  ]

[  Developer = Coumiy ]

[  Type = Online ]

__________________________________________________




__________________________________________________

( 💜အပြင်ထွက်တိုင်း Mask တပ်ဖို့ မမေ့နဲ့နော် 💜)

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES