Adera
• The Lost City လို Game မျိုးကို သဘောကျရင်တော့ ဒီ Adera ဆိုတဲ့ Game ကြီးက သင့်ကို အဆပေါင်းများစွာ ပိုသဘောကျစေမှာပါ ။ ဘာလို့ဆိုတော့ ဒီတစ်ခုကမှ တကယ့် ပျောက်ဆုံးနေတဲ့ The Lost City ကြီးကို တွေ့မြင်ရမှာဖြစ်ပြီး Gameplay ကိုက Full Explore လုပ်ရင် 10 နာရီအထက် ရှည်လျားတဲ့ Adventure Game ကောင်းတစ်ခုပါ။ Playstore မှာကော Steam မှာပါ Rating အကောင်းဆုံးရထားတဲ့ Game တစ်ခုဆိုရင်လည်း မမှားပါဘူး။ ပြီးတော့ Size က Full ဆိုရင် 4.2 GB ထိရှိတဲ့ ဖိုင် Size ကြီးတဲ့ Adventure Game ထဲက တစ်ခုပါ။
• ဒီ Game မှာဆိုရင် သင်က Jane Sinclaire ဆိုတဲ့ ကောင်မလေးနေရာကနေ စွန့်စားရမှာဖြစ်ပြီး လျှိုဝှက်စာတစ်ခုရဲ့ သဲလွန်စကြောင့် ပျောက်ဆုံးသွားပြီလို့ထင်ခဲ့တဲ့ အဖိုးဖြစ်သူကို လိုက်ရှာရမှာပါ။ ဒါပေမယ့် ရထားတဲ့ သဲလွန်စက စကားထာတစ်ခုဖြစ်ပြီး ရှေးကျတဲ့ သင်္ကေတတွေနဲ့ ရေးထားတာကြောင့် Jane တစ်ယောက် ဇဝေဇဝါတော့ဖြစ်နေပါတယ်။ ဘာလို့ဆိုတော့ နှစ်တွေအကြာကြီးနေမှ ပြန်ဆက်သွယ်တာဆိုတော့ ယုံရခက်မယုံရခက်ဖြစ်နေတာမျိုးပေါ့။
• ဒါပေမယ့် သွေးသားအရင်းဖြစ်တာကြောင့် အမေဖြစ်သူကိုယ်စား အဖိုးဖြစ်သူကို မြေးမလေးကိုယ်တိုင်က လိုက်ရှာရတော့မှာပါ။ အဖော်အဖြစ်နဲ့ Hawk ပါ ဒီခရီးစဥ်မှာပါလာခဲ့ပေမယ့် သူနဲ့က အတိတ်က ဇာတ်လမ်းလေးတွေဘာညာဘာညာ ရှိခဲ့တာပေါ့။ ဒါပေမယ့်လည်း ဟက်စကီးမောင်တာနဲ့ နယ်မြေကို ကျွမ်းတာဆိုလို့ သူဘဲရှိတာကို။ အဖိုးပေးလိုက်တဲ့ စာနဲ့အတူ သေတ္တာတစ်လုံးပါ ပါလာခဲ့ပြီး အဲဒီထဲက စက်လုံးက ဘိုးဘွားစဥ်ဆက်ပိုင်ဆိုင်ခဲ့တာလို့ပြောတယ်။ ထူးဆန်းတာက အခု Jane တို့က အဖိုးဖြစ်သူကို ရှာဖို့တွက် တောင်အမေရိကမှာ ရှိတဲ့ Atacama ကန္တာရကို သွားနေကြပေမယ့် တကယ်တန်းက အဖိုးရှိတဲ့နေရာကို တစ်ယောက်မှ မသိကြပါဘူး။ ဘာလို့ဆိုတော့ အဖိုးရှိတဲ့နယ်မြေက ကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။
• အခုရောက်နေတဲ့ ကန္တာရနယ်မြေကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းမီလီယံနီးပါးကဝေလငါးအရိုးတွေကို ရှာတွေ့ဖူးတာကြောင့် တစ်ချိန်က ပင်လယ်ပြင်ကြီး ရှိခဲ့တယ်ဆိုတာ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် အခုဟာက အဖိုးကို ရှာဖို့တွက်ဆိုပေမယ့် ထူးဆန်းတာတွေ တွေ့တာဆိုလို့ ဒီနယ်မြေဘဲ ရှိတာကြောင့်ပါ။ အဲအချိန်မှာ အဖိုးပေးလိုက်တဲ့ စက်လုံးက အရောင်တွေ လတ်လာပြီး Black Hole တစ်ခုလို Jane တို့ရဲ့ ဟက်စကီးကို ဆွဲသွားပါတယ်။ စဥ်းစားစရာက Teleport လုပ်သွားတာလား ? Time Travel လုပ်သွားတာလားဆိုတာမသိပေမယ့် အဆုံးမှာတော့ Jane တို့ရဲ့ ဟက်စကီးဟာ ပျက်ကျခဲ့ပါတယ်။ ဒီလိုနဲ့ ဘယ်မှန်းမသိတဲ့ နယ်မြေထဲမှာ အဘိုးဖြစ်သူကို ရှာဖို့တွက် ခရီးစဥ်ကြီးစခဲ့ပါတယ်။
• Game က အရမ်းဆော့ကောင်းတယ်။ ဘာလို့ဆိုတော့ Puzzle တွေက ခက်သလို View က လည်း တခြား Game တွေထက် ပိုထူးအောင် အချို့နေရာတွေမှာ 360° ထိ လှည့်လို့ရတာပါ။ ဒါ့အပြင် Cinematic Cutscene တွေ အတော်ပါပြီး Episode အနေနဲ့လဲ 5 ခုထိ တောင်ပါဝင်တာပါ။ ပြီးတော့ Watch Trailer ကြည့်ရုံနဲ့ နောက် Episode ကို မကစားခြင်ဘဲကို မနေနိုင်ဘူး။
⚠️ အခုမင်မင်ပေးတဲ့ Game ဖိုင်က Full Unlock ဖြစ်ပြီး နောက် Episode တွေကို Game ထဲမှာတင် Download လုပ်လို့ရပါတယ်။
⚠️ ဖိုင် Size က 1.2 GB ဆိုပေမယ့် Episode အကုန် Download လုပ်မယ်ဆိုရင် Total Size က 4.2 GB ထိ ရှိပါတယ်။
======================
[ Android version = 4.1 + ]
[ Size = 1.2 GB ]
[ Total Size = 4.2 GB ]
[ Developer = Hitpoint ]
[ Type = Offline ]
================
‼️‼️ Zip ဖြည်တဲ့အခါ obb အလွတ်ဘဲ ထွက်လာမှာပါ။ အဲဒါကြောင့် Android >> Obb ထဲမှာ ( com.hitpointstudios.adera ) ဆိုပြီး Folder အသစ်ဆောက်ပေးဖို့လိုပါတယ်။ ပြီးမှ Zip ဖြည်လို့ထွက်လာတဲ့ ဖိုင်ကို Android >> Obb >> com.hitpointstudios.adera ထဲကို ထည့်ပေးလိုက်ပါ။ ‼️
==========================
( MaL ကြီး အင်တာနက်ပိတ်တဲ့ချိန်တော့ စွန့်စားခန်း ထွက်လိုက်အုန်းမယ် 🤧 )
#HELLOYDB
Comments