LATEST NEWS

Fetching news...

Echoes Of Magic

Echoes Of Magic

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


•            Open Beta ဘဲရှိသေးတဲ့ ဒီ Game လေးက Player တွေတွက် လုံးဝ သဘောကျစေမှာ သေချာပါတယ်။ ဘာလို့ဆို MMORPG အမျိုးစားဖြစ်ပေမယ့် Mission တွေက Solo ဘဲဆိုတော့ RPG လို့လည်း ပြောလို့ရပါတယ်။ Lobby မှာတော့ တခြား Player တွေပါ တွေ့ရမှာဖြစ်ပြီး Magic ဆန်တဲ့ Game ကောင်းတစ်ခုပါ။ 




•            ဒီ Game မှာဆိုရင် သင်က ရွာလေးကို အာဏာသိမ်းခြင်တဲ့ မကောင်းဆိုးဝါးတွေရန်ကနေ ကာကွယ်စောင့်ရှောက်ပေးရမှာပါ။ မကောင်းဆိုးဝါး Boss တွေအပြင် လက်အောက်ငယ်သားအကောင်တွေကစ နှိမ်နင်းရမှာပါ ။  ဘယ်လောက်ထိ သတ်ရတာ အားရစရာကောင်းလည်းဆိုရင် Skills ပေါင်း 300+ ထိ ထည့်ပေးထားတာကြောင့် MOBA တွေမှာ မြင်တွေ့နေကြ Skill တွေထက်ကို အများအများကြီး သုံးလို့ရမှာပါ။ Battle ပုံစံက Stage နဲ့ ဖြစ်ပြီး အနီးစပ်ဆုံး မြင်အောင်ပြောရရင် Archer Game တွေလို တစ်ဆင့်တက်တိုင်း Level Up ခွင့်ရှိပါတယ်။ Skill တွေက Random ပေးမှာဖြစ်ပြီး အသုံးပြုဖို့တွက် Crystal Stone တွေကို များများစုပြီး ဝယ်ရမှာပါ။ Skill အကွက်မလောက်ရင် Upgrade မြင့်ရသလို Skill တူတွေထပ်ပေးရင်လည်း Level Up ဖြစ်ဖြစ် Refresh ဖြစ်ဖြစ် သုံးလို့ရတယ်။ ပြီးတော့ ပြန်ရောင်းရင်လည်း Crystal Stone တွေပေးပါတယ်။ 






•           Game ရဲ့ ပုံစံက Battle မှာဘဲ Strategy ကျကျ Skill Management လုပ်ရတာဖြစ်တာကြောင့် ကိုယ့် Skill ကိုယ် အားကိုးရမယ့် Game ပါ။ Lobby မှာတော့ Character ရဲ့ Weapon နဲ့ Armor Upgrade တွေလုပ်လို့ရပြီး Male , Female ကလွဲလို့ Classes တွေလုံးဝ မပါပါဘူး။ Auto Attack လည်း မပါသလို Stage တိုင်းကလည်း နောက်ဆုံးရောက်လေ ပိုခက်လေပါ။ တစ်ခါလေ ပတ်ပြေးနေရသလို၊ Skill Upgrade မှားသွားရင်လည်း အပိုဖြစ်သွားတတ်တာကြောင့် ဆော့ရတာတော့ အားရစရာကောင်းတယ်။ Admin အနေနဲ့ပြောရရင်လည်း Graphic တွေ Skill Effect တွေကစ အတော်ကြည့်ကောင်းပြီး တကယ်ကို ဆော့ကောင်းတဲ့ Game တစ်ခုပါ။ 





======================

[  Android version = 6.0 + ]

[  Size =  800 MB ]

[  Developer = OneFun  ]

[  Type = Online  ]

================





==========================

( ❤️ အိမ်မှာဘဲ နေပေးကြပါ။ Mask တပ်ဖို့နဲ့ လက်ဆေးဖို့ မမေ့ပါနဲ့။ ကျန်းမာရေး ဂရုစိုက်ကြပါ ❤️)

#SaveMyanmar

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...