Recontact London

0% COMMUNITY SCORE
LOADING...
RATE:


•         ဒီ Game က သင်ဆော့ဖူးသမျှ Game တွေနဲ့ လုံးဝ ကွဲထွက်နေမှာဖြစ်ပြီး အရမ်းစိတ်ဝင်စားစရာကောင်းသလို သဘာဝလွန်ဖြစ်ရပ်ကို Cyber နည်းပညာနဲ့ ထူးထူးဆန်ဆန်း ဖြေရှင်းရမှာပါ။ 



•        Game ကတော့ စုံထောက် Game ဘဲ ဒါပေမယ့် သာမန်စုံထောက်ပုံစံမျိုးမဟုတ်ဘဲ Cyber စုံစမ်းရေးနေရာကနေ ကစားရမှာပါ။ အဲတော့ London မြို့ တစ်မြို့လုံးမှာရှိတဲ့ CCTV Camera မှန်သမျှကို ထိန်းချုပ်ရမှာဖြစ်ပြီး  ဂြိုလ်တုကရတဲ့ ပုံရိပ်တွေကစ Network တစ်ခုလုံးကို Control လုပ်ရမှာပါ။ သံသယဖြစ်စရာကောင်းတဲ့ လူတွေရဲ့ Image တွေကို Camera ကနေ လိုက်ရှာရမှာဖြစ်ပြီး Face Identification လို နည်းပညာတွေပါ ထည့်သွင်းအသုံးပြုလို့ရတာကြောင့် အရမ်းမိုက်ပါတယ်။ 




•          Cyber Detective ဆိုတာက ပြစ်မှုကျူးလွန်ထားတဲ့ လူတွေကို စုံစမ်းရတာဖြစ်ပေမယ့် ဒီ Game မှာတော့ ဝိညာဥ်တစ်ယောက်ရဲ့ Identity ကို လိုက်ရှာရမှာပါ။ ထူးဆန်းတယ်ဆိုပေမယ့် သင့်ကို အလုပ်လာအပ်တာလဲ ဒီကိစ္စကြောင့်ပါ။ ဖြစ်ခြင်တော့ London ရဲ့ Bank တစ်ခုမှာ တပ်ထားတဲ့ CCTV က ညဘက်မှာ Identity မကွဲပြားတဲ့ ရှေးဝတ်စုံနဲ့ လူတစ်ယောက်ကို Analyze လုပ်မိခဲ့ပါတယ်။ နံရံတွေပါ ဖြတ်သွားတာကြောင့် အကုန်လုံးက ဘယ်သူဘယ်ဝါဆိုတာ ခန့်မှန်းရခက်နေသလို TV သတင်းတွေမှာလည်း ပါလာခဲ့တာကြောင့် အကုန်လုံးက စိတ်ဝင်စားနေကြတာပါ။ 





•        အဲတော့ CCTV မှာပေါ်လာတဲ့ အဲလူက ဘာလဲ ? တကယ် ဝိညာဥ်အစစ်လား ? Camera glitch လို့ပြောရအောင်လဲ အဲဒီ Bank တစ်ခုတည်းတင်မဟုတ်ဘဲ နေ့ခင်းဘက် London လမ်းမပေါ်တွေမှာပါ CCTV တွေက Analyze လုပ်မိခဲ့တာပါ။ အရမ်းစိတ်ဝင်စားစရာကောင်းသလို အရမ်းလည်း ပညာရပါတယ်။ ပြောခြင်တာက ဒီ Game ဆော့ပြီးရင် CCTV ရဲ့ Suspect View တွေကို သင်ကိုယ်တိုင် ကျင့်သားရသွားစေမယ့် Game ကောင်းတစ်ခုပါ။ 




======================

[  Android version =  4.4 + ]

[  Size = 1.5 GB ]

[  Total Size = 2.2 GB ]

[  Developer = Recontact Digital Art ]

[  Type = Offline ]

================



==========================

( ကိုယ်သာ အဲစုံထောက်ဖြစ်ခဲ့ရင် Crush လေးကို ရှိသမျှ CCTV ကနေ လိုက်ချောင်းမှာ 🙂)

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...