Stars Showdown
• Game အသစ်လေးဖြစ်သလို Casual MOBA ထဲမှာ Fun အဖြစ်ဆုံး Game တစ်ခုဖြစ်လာနိုင်ပါတယ်။ MOBA ကိုမှ တခြား Gameplay Mode တွေနဲ့ပါ ပေါင်းစပ်ထားတာကြောင့် အထူးခြားဆုံးကိုပြောပါဆိုရင် 5v5 တင်မကဘဲ 2v8 တွေပါ ပါလာတာပါ။
• ပုံမှန် အများသိထားကြတဲ့ 5v5 MOBA မှာလည်း အချိန်အများကြီးမကုန်ဘဲ Casual Type မျိုးနဲ့ ဆော့ရမှာပါ။ Item လည်း အရမြန်သလ်ို Lane တွေကလည်း သူ့ဟာနဲ့သူ Balance ဖြစ်ပါတယ်။ ဒါ့အပြင် 3v3 မှာဆိုရင် Death Match ပုံစံနဲ့ Wipe Out ပုံစံတွေပါ ကစားရမှာပါ။ Tower ဖြိုတာမဟုတ်ဘဲ လိုက်သတ်ရတာမျိုးပေါ့။
• ထူးခြားတဲ့ Mode တွေက 1v4 , 2v8 နဲ့ အပြေးပြိုင်တာပါ။ 1v4 နဲ့ 2v8 က ကစားပုံခြင်း အတူတူဘဲဖြစ်ပြီး အနီးစပ်ဆုံးမြင်သာအောင်ပြောရရင် Dead By Daylight လို Type မျိုးပါ။ Hunter ပုံစံ Giant Monster က မင်းသမီးလေးကို အကျဥ်းချထားတာဖြစ်ပြီး Player တွေက မင်းသမီးလေးကို ကယ်ဖို့တွက် ကြိုးစားရမှာပါ။ ကယ်တဲ့သူကော ၊ ဖမ်းတဲ့သူပါ သက်ဆိုင်ရာ Ability တွေပါပြီး Player တွေကလည်း MOBA ထဲက Heroes တွေကို အကုန်ယူလို့ရပါတယ်။ ကယ်တဲ့သူအဖွဲ့က Map ထဲမှာ ရှိတဲ့ Monster အကောင်ကြီးတွေကို အကုန်သတ်ပြီး Gate ပွင့်အောင် ကြိုးစားရမှာပါ။ ကြားထဲမှာ Hunter တွေက လိုက်ဖမ်းရင်း အကျဥ်းချတာတွေ ကြုံရမှာဖြစ်ပြီး ကယ်လိုက် ဖမ်းလိုက်နဲ့ အကုန်လွတ်အောင် ကြိုးစားရမှာပါ။ မကျေနပ်ရင်လည်း Hunter ကြီး ဝိုင်းဗြင်းလို့ရပါတယ်။
• နောက်ဆုံးကျန်တဲ့ Mode က အပြေးပြိုင်တာဖြစ်ပြီး MOBA Heroes တွေနဲ့ အူတက်နေအောင် ပြေးရမှာပါ။ လမ်းမှာ သူများကို ယုတ်မာလို့ရသလို ကိုယ်လွတ်လဲ ရုန်းလို့ရပါတယ်။ အဓိကကတော့ ပန်းတိုင်ရောက်မှ နိုင်မှာပေါ့။ Game ရဲ့ Character လေးတွေက Cute ဖြစ်ပြီး ပိစိလေးတွေပါ။ Graphic က အကောင်းကြီးမဟုတ်ပေမယ့် ကြည့်ကောင်းတယ်လို့ပြောလို့ရတယ်။ ML ကသာ ဒီလို Party Game မျိုးထပ်ထည့်လိုက်ရင်ဖြင့်......
======================
[ Android version = 6.0 + ]
[ Size = 600 MB ]
[ Developer = 4399 ]
[ Type = Online ]
================
==========================
( ❤️ အိမ်မှာဘဲ နေပေးကြပါ။ လက်ဆေးဖို့ မမေ့ပါနဲ့ ❤️)
#HELLOYDB
Comments