1979 Revolution Black Friday

0% COMMUNITY SCORE
LOADING...
RATE:


•       ဒီ Game က ၁၉၇၈ ကနေ ၁၉၈၁ ခုနှစ်အတွင်း Iran မှာ ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးအကြောင်းကို ဖြစ်ရပ်မှန် ဖန်တီးပေးထားတဲ့ Game ကောင်းတစ်ခုပါ။ ၄ နှစ်ကြာ အချိန်ယူဖန်တီးခဲ့တဲ့ ဒီ Game က Game Director ကိုယ်တိုင် အဲဒီ သမိုင်းကို မှီခဲ့တာဖြစ်ပြီး Real Documentary နဲ့ပေါင်းစပ်ဖန်တီးထားတာကြောင့် သမိုင်း​ကြောင်းကိုလည်း ဗဟုသုတရစေမယ့် Game ကောင်းတစ်ခုပါ။ 




•        ဒီ Game မှာဆိုရင် သင်က ဂျာနယ်လစ်ဓာတ်ပုံဆရာဖြစ်တဲ့ Reza Shirazi နေရာကနေကစားရမှာဖြစ်ပြီး တော်လှန်ရေးရဲ့ ဆန့်ကျင်ဘက် တွန်းအားနှစ်ခုကို ကိုယ်တိုင် ရသစုံစွာနဲ့ တွေ့ကြုံရမှာပါ။ သင့်မှာ ရှိတဲ့ လက်နက်ကိုပြပါဆိုရင်တော့ Camera နဲ့ ကိုယ်ကျင့်သိက္ခာဘဲ ရှိတာပါ။ ဆန္ဒပြတဲ့သူတွေရဲ့ ဒုက္ခတွေ၊ အဖြစ်ပျက်တွေကို  ဓာတ်ပုံနဲ့ မှတ်တမ်းတင်ရင်း ကမ္ဘာကိုသိအောင် ချပြဖို့ကြိုးစားရမှာပါ။ မုသားပါတဲ့ သတင်းစာတွေကြောင့် ထကြွလာတဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ ပဋိပက္ခတွေကို နိုင်ငံရေးလှည့်ကွက်စုံစွာနဲ့ တွေ့မြင်ရမှာပါ။ 




•        ဒီ Game မှာ စိတ်ဝင်စားစရာကောင်းတာကို ပြောရရင် ဆန္ဒပြမှုရဲ့ အထိကရုန်းတွေကို လူမျိုးစုံ စရိုက်မျိုးစုံနဲ့ တွေ့မြင်ရမှာပါ။ နောက်ပြီး ဒီ Game က Choice Game ဖြစ်တာကြောင့် သင့်ရဲ့ ရပ်တည်မှုဟာလည်း ဇာတ်​သိမ်းအပေါ်ကို အများကြီး သက်ရောက်ပါတယ်။ စိတ်ဝင်စားအောင်ပြောရရင် ဇာတ်ကောင်ဖြစ်တဲ့   Reza ရဲ့ အကို Hossein Shirazi ဟာ Iran ရဲ့ ရဲအရာရှိတစ်ယောက်ဖြစ်နေတာပါ။ ပြောရရင် ဒီ Game ရဲ့ Character တစ်ယောက်ခြင်းစီတိုင်းက အရမ်းစိတ်ဝင်စားစရာကောင်းတယ် ။ အဲတော့ ဘယ်သူ့ဘက်ကလဲဆိုတာတော့ သင့်အပေါ်မူတည်တာပေါ့။ တစ်ချို့အရာတွေက မိုက်ရူးရဲ ဆန်လို့တော့မရဘူး။




•        ဒီ Game ကို အစကတည်းက တင်ဖို့ရာဘဲ ဖြစ်ခြင်တော့ နောက်ဆုံး Version ဖြစ်တဲ့ 1.1.9 က Error ဖြစ်နေပြီး Logo မှာတင် တစ်နေတာ။ အဲတော့ Error မပါတဲ့ version ထိ အကုန်လိုက်ရှာရင်းကနေ ကံကောင်းခြင်တော့ v 1.0.3 မှာ အဆင်ပြေသွားတယ်။ GPU လဲ မခွဲတော့ အကုန် အေးဆေးဘဲ။ 





•        ပြောရရင် ဒီ Game နဲ့ပတ်သတ်ပြီး ပြောခြင်တာတွေက အများကြီးဘဲ။ ဒါပေမယ့် ထောင်နဲ့ ​ဝင်စောင့်ရမယ့် အခြေနေကြောင့် ဘရိတ်အုပ်ထားရတယ်။ အားလုံးလဲ သိပါတယ် အဲတော့ ဒီလို Game မျိုး ဆော့ရဖို့ဆိုတာက...




======================

[  Android version = 5.0 +  ]

[  Size = 1.1 GB ]

[  Developer = iNK Stories ]

[  Type = Offline ]

================





APK ( 25 MB ) [ Paid ]




==========================

( နင်တို့ အကျင့်မယုတ်နဲ့နော် ငါက Game တင်တာ 🙃 )

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...