Convolution

0% COMMUNITY SCORE
LOADING...
RATE:


•        ဒီ Game က တော်တော်လေးကို Deep ဖြစ်တဲ့ ခံစားချက် Game တစ်ခုပါ။ အထူးသဖြင့် စိတ်ကူးယဥ်ဆန်ပေမယ့် စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ သင့်ရဲ့ စိတ်ကို ထိန်းချုပ်ခံရမယ်ဆိုတာသေချာတယ်။ 





•         မယုံရင် သင်ကိုယ်တိုင် တွေးပြီးခံစားကြည့်ပါ။ ညဘက်ကြီး နိုးလာတော့ အပြင်ဘက်မှ မိုးတွေ ရွာနေတယ်။ မိုးကျသံနဲ့အတူ အေးစက်တဲ့ အငွေ့သက်ကို ကြက်သီးထမိစေရုံတင်မကဘဲ မီးအလင်းရောင်မရှိတဲ့ အခန်းထဲကို ဖြည်းဖြည်းခြင်းပွင့်လာတဲ့ တံခါးသံလေးကပါ သင့်ကို အနည်းငယ်တော့ ခြောက်ခြားစေမှာပါ။ ဒါပေမယ့် အလင်းတန်းလေးတစ်ခုနဲ့အတူ Portal ထဲကို လမ်းလျှောက်သွားရင်း လူသူတစ်ယောက်မှ မရှိတဲ့ နယ်မြေတစ်ခုကို တိတ်ဆိတ်ငြိမ်သက်စွာနဲ့ သင်ကိုယ်တိုင် ရောက်သွားသလိုမျိုး ခံစားစေရမယ့် Game တစ်ခုပါ။ 




•          Game က Sci-Fi ဆန်ပေမယ့် Emotional ပါတယ်လို့ မင်မင်ကတော့ ခံစားမိတယ်။ အထူးသဖြင့် လူတစ်ယောက်က တအားမွန်းကြပ်နေတဲ့အချိန်ဆိုရင် ဘယ်သူမှ မရှိတဲ့ သီးသန့်နေရာလေးတစ်ခုကို ငြိမ်းငြိမ်းချမ်းချမ်းလေး မြင်ခြင်ကြမယ်ဆိုတာ သေချာပါတယ်။ အခု ဒီ Game ကလည်း အဲဒီ ခံစားမှုတင်မကဘဲ တိတ်ဆိတ်ပြီး အထီးကျန်မှုကိုပါ နှစ်ခုတစ်ပြိုင်တည်း ခံစားရမယ့် Game ပါ။ 




•          Gameplay ကတော့ ရှင်းပါတယ်။ Open World ကိုမှ တကယ်ကို အဆုံးမရှိ တိတ်ဆိတ်မှုကြီးကို တွေ့မြင်ရမှာပါ။ Graphic ကောင်းတာထက် Effect တွေရဲ့ Support ပေးမှုကြောင့် Game က တကယ်ရောက်နေသလိုထိကို သဘာဝကျကျ ခံစားရမှာ။ ကောင်းကင်ပြာကြီးကနေစပြီး ယိမ်းနွဲ့နေတဲ့ ခြုံတွေအထိ မြူတွေရဲ့ ဖုံးလွှမ်းမှုကြောင့် တွေ့နိုးတွေ့နိုးနဲ့ တစ်စုံတစ်ရာကို ရှာနေတဲ့ သင့်အဖြစ်ကတော့ ခံစားချက်တစ်စုံတစ်ရာကို နက်နက်ရှိုင်းရှိုင်းဝင်သွားစေမယ့်လို့ မြင်မိတယ်။ Emotional ဆန်တဲ့သူတွေသာ တွေ့မြင်ရမယ့် Game တစ်ခုပါ။ သာမန်သူတွေကတော့ အဆုံးမရှိ အစမရှိ Game ကြီးလို့တောင် ထင်သွားနိုင်တယ်။ 




======================

[  Android version = 5.0 +  ]

[  Size = 270 MB  ]

[  Developer = Jayesh Bakhshi ]

[  Type = Offline ]

================

DOWNLOAD Link



==========================



#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...