Dark Parables The Little Mermaid

0% COMMUNITY SCORE
LOADING...
RATE:


•           ဒီတစ်ခါတော့ Adventure သမားတွေတွက် ဒဏ္ဍာရီဆန်ဆန် ပင်လယ်အောက်က ရေသူမလေးတွေပါ တွေ့ရတော့မှာပါ။ သင်က ဒီ Game မှာ စုံထောက်တစ်ယောက်ဖြစ်ပြီး ရေလုပ်သားတစ်ဦးရဲ့ သတင်းပေးမှုကြောင့်  လာစုံစမ်းရမှာပါ။




•           အကြောင်းကတော့ ဒီရေတက်လာတဲ့အချိန်မှာ ထူးထူးဆန်းဆန်း ပင်လယ်ရေတွေက ခရမ်းရောင်သန်းနေပါတယ်။ ပိုဆိုးတာက ခရမ်းရောင်ရေကို ထိမိတဲ့ သတ္တဝါမှန်သမျှ အကုန်သေကုန်ကြတာပါ။ ပြီးတော့ ဒီရေ ရဲ့တိုက်စားမှုကြောင့် ကမ်းနားက ရွာမှန်သမျှကလည်း အကုန်ရေကြီးပြီး ပျက်ဆီးခဲ့ရပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ ဒါဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကဖြစ်ရပ်ထက် ပိုဆိုးတယ်လို့ပြောပါတယ်။ အဲထဲကမှ ကောလဟာလ သတင်းဖြစ်တဲ့ နှစ်မြုပ်နေတဲ့ Prasino တိုင်းပြည်ကြီးအပြင် ဒဏ္ဍာလာ ရေသူမတွေပါ မျက်မြင်သက်သေတွေရှိခဲ့တယ်လို့ပြောပါတယ်။ 




•           သင့်အနေနဲ့ ယုံရခက် မယုံရခက်ဆိုပေမယ့် လက်ရှိ ဖြစ်စဥ်တွေတင်မကဘဲ သတ္တဝါကြီးတစ်ကောင်ကပါ သင့်ရှေ့မှာ ကိုယ်တွေ့ကြုံခဲ့ရတာကြောင့် ဒီဖြစ်ရပ်ဟာ အရမ်းကို စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ အဲတော့ ခရမ်းရောင်ပင်လယ်ရေတွေက ဘယ်ကလာတာလဲ ? Prasino တိုင်းပြည်ကြီးနဲ့ သတ္တဝါကြီးကကော ဘယ်လို ပတ်သတ်နေတာလဲ ? အရေးကြီးဆုံးကတော့ ရေသူမလေးက ဘယ်ဘက်ကလဲ ?




•            Puzzle Adventure Game ဖြစ်တာကြောင့် ထုံးစံတိုင်း Hidden Item တွေတို့ သဲလွန်စတွေတို့ ရှာရမှာပေါ့။ ဒါပေမယ့် ပိုသဘောကျတာက ဒီ GAME က အဏ္ဏဝါတိုင်းပြည်မှာ စွန့်စားရမှာဆိုတော့ ပင်လယ်ပန်းကနုတ်တွေ၊ ဗိဿုကာလက်ရာတွေက အရမ်းကြည့်ကောင်းတာပါ။ ဒါ့အပြင် Name ရှာတာထက် Shape ပုံစံလေးတွေကို ရှာရတာဆိုတော့ အမြင်အာရုံကို Challenge ဖြစ်စေတယ်။ အဲတော့ ပင်လယ်ပြင်မှာ တစ်ခါလောက် စွန့်စားကြည့်ကြပေါ့။ 


======================

[  Android version = 4.0 + ]

[  Size = 662 MB ]

[  Developer = Big Fish Games ]

[  Type = Offline ]

#Adventure, #Puzzle

==================






 တခြား Link က File Error ပြနေလို့ အဆင်ပြေတာလေး ထည့်ပေးထားတယ်။

==========================

1. Apk ကို Install တင်ပါ။

2. ပြီးရင် OBB ကို Zip ဖြည်ပြီး ထွက်လာတဲ့  ( com.bigfishgames.dplmptgoogfull )  ဖိုင်ကို  Android >> Obb  ထဲကို ထည့်ပေးလိုက်ရုံနဲ့ ဆော့လို့ရပါပြီ။


( ရေသူမရဲ့ Body Shape က တကယ် ကြည့်ကောင်းတာ 🙂 ဖန်တီးထားတာကို ပြောပါတယ် 🙄 )


#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...