DiDi

0% COMMUNITY SCORE
LOADING...
RATE:


•      အသစ်ထွက်ထားတဲ့ Horror Game လေးတစ်ခုဖြစ်ပြီး Paid Game ဆိုရင်လည်း မမှားပါဘူး။ Developer က Solo ဖန်တီးထားတာဖြစ်ပြီး သူရဲ့ Game တွေကလည်း အရင်က အတော်များများဆော့ဖူးကြမှာပါ။  Urban Legends တို့ Flight တို့က သူကိုယ်တိုင် ဖန်တီးထားတဲ့ Indie Game ကောင်းတွေပါ။ 




•       အခု DiDi ဆိုတဲ့ Horror Game ကလည်း Demo မှာ Free ပေးထားပြီး Full က ပိုက်ပိုက်နဲ့ပါ။ ပြောရရင် သူရဲ့ Game တွေက Demo ထုတ်ပြီးမှ Full ကို ပိုက်ပိုက်နဲ့ ရောင်းတာပါ။ ဘာလို့ သူက နာမည်ရလာလဲဆိုရင် သူဖန်တီးတဲ့ Game တွေက Asia ရဲ့ အငွေ့သက်တွေ အကုန်ပါနေလို့ပါ။ ဥပမာ - Flight ဆိုရင် စေတီပုထိုး၊ ဘုရားကျောင်းကန်တွေကစ ပါတော့ လူစိတ်ဝင်စားကြတယ်။ ပြီးတော့ သူကိုယ်တိုင်ကလည်း Nepal နိုင်ငံသားတစ်ယောက်ပါ။




•         လက်ရှိ နောက်ဆုံးထွက်ထားတဲ့ အခု DiDi Game ဟာလည်း Asia ဆန်တဲ့ အပြင်အဆင်တွေကြောင့် အနောက်နိုင်ငံက သရဲ Game တွေထက်ကို ပို ကျောစိမ့်နိုင်တယ်။ ဘာလို့ဆိုတော့ ဘုရားကျောင်းတွေ၊ ဖျာတွေ၊ အဆောက်အဦးဖန်တီးထားတဲ့ ဒီဇိုင်းတွေ အကုန်လုံးက အာရှသားတွေနဲ့ ရင်းနှီးပြီးသားတွေ ဖြစ်နေလို့ပါ။ ရင်နှီးမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို Horror Game အနေနဲ့ ဆော့နေရတဲ့ သင့်အဖြစ်ကတော့ လုံးဝကို ခြောက်ခြားစေမှာ အသေချာဘဲ။ 




•          ပြီးတော့ ဒီ Game ကို တကယ်လန့်တတ်တဲ့သူတွေ လုံးဝ မဆော့စေခြင်ဘူး။ နောက်နေတာ မဟုတ်ဘူး တကယ်ပြောနေတာ။ Jump Scare တွေက ဆော့နေကြ အကောင်တွေ၊ လူသတ်သမားတွေမဟုတ်ဘဲ တကယ့် သရဲစ္ဆေတွေပါ။ ဒီတစ်ခါတော့ မင်မင်ပါ ဖုန်းလွတ်ကျတယ်။ ထင်ကို မထင်ထားတာ။ အိပ်ရာဘေးနားမှာ ငူငူကြီး ထိုင်နေကတည်းက လူက တစ်ကိုယ်လုံး ကြက်သီးဖျင်းဖျင်းထသွားတာ။ ပြောရရင် ဆက်တောင် မဆော့ရဲတော့ဘူး။ ဒီကြားထဲ ဆံပင်ဖားလားတွေပါ ပါတော့ ညဘက်ဆော့ဖို့ရာတောင် အတော်စဥ်းစားရမယ်။ တစ်ချို့ တစ္ဆေတွေက သူတို့ကို ဓာတ်မီးနဲ့ထိုးရင် လည်ပင်းကို လာညှစ်တာ။ တစ်ချို့ကြတော့လည်း ဓာတ်မီးထိုးရင် ပျောက်သွားပြီး ဓာတ်မီးပိတ်လိုက်တော့မှ ငူငူကြီး မတ်တပ်ရပ်ကြည့်နေတာ။ အဲတော့ ဆော့ရဲမှ ဆော့နော် ... 




•   Game က Glitch တာလားဘာလားမသိပေမယ့် သရဲရုပ်တွေက သိပ်ကြောက်စရာမကောင်းဘူး။ အသံနဲ့ ဝင်ဆွဲပုံဆွဲနည်းတွေက ဆံပင်မွှေးထောင်သွားလောက်အောင်ဘဲ။ 


🤑 Game က မြန်မာငွေနဲ့ဆိုရင် ၅၀၀၀ တန်ပြီး အခုလက်ရှိ ၂၀၀၀ နဲ့ စျေးလျော့နေပါတယ်။ ကျန်တဲ့သူတွေလည်း မပူပါနဲ့ 😉


======================

[  Android version = 5.0 +  ]

[  Size = 400 MB ]

[  Developer = Ashim Shakya ]

[  Type = Offline ]

( PC တွက်လည်း ထွက်တယ်နော် )

==============

Download Link


Or




==========================

( ကင်းသမားတွေ ယောင်လို့တောင် မကြောက်ဘူးမပြောနဲ့။ အခု GAME ရဲ့ သရဲတွေက Asia ကနော် )

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...