Dive In The Past

0% COMMUNITY SCORE
LOADING...
RATE:


•         ထွက်ထားတာ မကြာသေးတဲ့ ဒီ Game လေးက သင့်အတွက် အံ့သြစရာကောင်းလောက်အောင် အတွေ့ကြုံတွေကို ဆက်တိုက်ပေးမှာပါ။ ဘာလို့ဆိုတော့ တကယ်လို့များ Diary စာအုပ်တစ်အုပ်က သင့်ရဲ့ အတိတ်ဘဝတွေကို ဖော်ပြပေးမယ်ဆိုရင် သင့်အနေနဲ့ လက်ခံနိုင်မလား ဒါမှမဟုတ် တစ်နည်းအားဖြင့် သင့်ရဲ့ အတိတ်ဘဝက ဘယ်လိုလူမျိုးဆိုတာထက် ဘယ်အရာတွက် သင့်ရဲ့ အသက်ကို စတေးခဲ့တယ်ဆိုတာက အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ 




•          အတိတ်မှာ နာမည်တွင်ခဲ့တဲ့ သမိုင်းတွေ၊ ရက်စက်မှုရဲ့ စစ်ပွဲတွေ၊ ကျော်ကြားမှုရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေဟာ အများစုဖတ်ဖူးကြတဲ့ သမိုင်းစာကြောင်းတွေထက်မှာ တကယ်ဘဲ မုသားမပါခဲ့တာလား ။ အဲအတွက် အဖြေကတော့ သင်ရှာတွေ့ခဲ့တဲ့ Diary စာအုပ်က အတိတ်ကို ပြန်ခေါ်ပေးသွားမှာပါ။ 




•          ဒီ Game မှာဆိုရင် သင်က Albert ဆိုတဲ့ နည်းပညာမြင့် ရေငုတ်သမားတစ်ယောက်နေရာကနေ ကစားရမှာပါ။ အပေါ်ကပြောခဲ့သလို Albert ရှာတွေ့ခဲ့တဲ့ Diary စာအုပ်ဟာ ထူးဆန်းစွာနဲ့ စာသားတွေပျောက်နေပြီး Harry Potter ထဲကလို ကိုယ်က မေးတဲ့အချိန်မှာသာ စာသားတွေက အလိုလို ပေါ်လာတာပါ။ အဲမှာထူးခြားတာက Albert ရဲ့ အကြောင်းဟာ ဒီ စာအုပ်ထဲမှာ ပါနေတယ်လို့ပြောပါတယ်။ ပြောခြင်တာက အခုလက်ရှိဘဝကိုမဟုတ်ဘဲ အတိတ်ဘဝအဆက်ဆက်က သူ့ရဲ့ ဘဝအကြောင်းကိုပါ။ ဘာလို့ဆိုတော့ အမှန်တရားအချို့ဟာ ဒီ သမုဒ္ဒရာပြင်ကြီးရဲ့ ကြမ်းပြင်အောက်မှာ အိပ်စက်နေသေးတာကြောင့် သင်ကိုယ်တိုင် အမှန်တရားရဲ့သမိုင်းစာမျက်နှာကို လှုပ်နှိုးပေးရတော့မှာပါ။ 




•           အဲဒါကြောင့် စာအုပ်ကပြောတဲ့ တည်နေရာတွေကို တစ်ယောက်တည်း လှေနဲ့ကိုယ်တိုင် သွားပြီး Hi-Teach Tools တွေကို အသုံးပြုကာ နစ်မြုတ်နေတဲ့ သင်္ဘောကြီးတွေ၊ မြို့တော်ကြီးတွေကို Scanner အသွင်နဲ့ အတိတ်ကို ပြန်ပုံဖော်ကြည့်ရမှာပါ။ အရင်က အများစုဆော့ခဲ့ကြတဲ့ Puzzle Game တွေလိုမဟုတ်ဘဲ သမုဒ္ဒရာကြမ်းပြင်အောက်မှာ Explore လုပ်ရမှာဖြစ်တာကြောင့် အရမ်းစိတ်ဝင်စားစရာကောင်းပါတယ် ။ ဒါ့အပြင် Choice တွေဖြစ်တဲ့ အတိတ်က သမိုင်းစာမျက်နှာတွေပါ ရွေးချယ်ရမှာဖြစ်တာကြောင့် အဓိပ္ပာယ်ရှိရှိ ဖြေတတ်ဖို့လည်း လိုပါတယ်။ 





•          Game တစ်ခုလုံးက ပင်လယ်ထဲမှာ ကိုယ်တိုင် Dive လုပ်ရုံတင်မကဘဲ ရှာမယ်၊ ပဟေဠိတွေဖြေရှင်းမယ် ပြီးရင် သမိုင်းက စာမျက်နှာတွေကို ရွေးချယ်ရမယ်ဆိုတော့ အကုန် Mix လုပ်ထားတဲ့ Game ကောင်းတစ်ခုပါ။ ပြီးတော့ သမိုင်းကြောင်းကလည်း တစ်ခုတည်းမဟုတ်ဘဲ Mediterranean History ကိုတွေ့ရမှာဆိုတော့ တကယ်လည်း စိတ်ဝင်စားစရာကောင်းတာပါ။ 





အတွေ့အကြုံ
==========
•            ဒီ Game နဲ့ပတ်သတ်ပြီး မင်မင်ရဲ့ အဖြစ်ကို ပြောရရင် တကယ်ကို ကြက်သီးထသလို ရယ်လည်း ရယ်မိတယ် ။ ဖြစ်ခြင်တော့ ညဘက်ကြမှ မီးပိတ်ပြီး ဒီ Game ကိုဆော့ခဲ့တာပါ။ Horror Game မဟုတ်တာတော့ မှန်တယ် ဒါပေမယ့် စစဆော့ခြင်းမှာ အခုလို Under Sea မှာ ရေငုတ် သွားနေရတော့ တစ်စုံတစ်ရာများပေါ်လာမလားလို့ စိတ်ထဲ လန့်နေတာပါ။ ပြီးတော့ ပတ်ပတ်လည်ကလည်း အကုန်မှောင်မဲနေတော့ ခေါင်းထဲ Sea Monster ကြီးတွေဘဲ သွားသွားတွေးနေမိတာ။ သိပ်မကြာပါဘူး ဇာတ်လမ်းက စတော့တာဘဲ ။အဲမှာ ကိုယ်သွားမယ့်နေရာကို ရောက်ခါနီးကြတော့ အဝေးကနေဆိုရင် ပုံရိပ်က တစ်မျိုးဖြစ်နေတယ်။ ​အဲမှာ ခဏရပ်ပြီး သေချာပြန်ကြည့်တော့ ရင်တွေအတော်တုန်လာတယ်။ ဘာလို့ဆိုတော့ ပုံရိပ်က ဝေလငါးအရွယ်လောက်ရှိတဲ့ မြွေအကြီးကြီး ခွေနေသလို ဖြစ်နေတယ်။ ပြီးတော့ ခေါင်းကပါ ကိုယ့်ကို ကြည့်နေသလို ဖြစ်တော့ လုံးဝ ကြောက်စရာကြီး။ ခုနက ခေါင်းထဲတွေးမိတဲ့ Sea Monster တွေပါ ပုံရိပ်တွေ တဖြည်းဖြည်း ပေါ်လာတော့ လူက ရင်တွေ အရမ်းတုန်လာတယ်။ ပါးစပ်ကပါ တွေးရင်းတွေးရင်း WTF တွေကော စုံနေတာဘဲ 😅။ 
Game ထဲတော့ အဲလိုမပါဘူးနော်။ ပြောခြင်တာက လူက ထင်ယောင်ထင်မှားဖြစ်တတ်တာကိုပြောတာ။ မီးပိတ်ပြီးဆော့တော့ ကြောက်စိတ်က ပုံရိပ်ဖော်သွားတာကိုပြောတာ ။ အမှောင်ကိုကြောက်တာတော့မှန်တယ် ဒါပေမယ့် ကိုယ်နဲ့မရင်းနှီးတဲ့ ပင်လယ်အောက်အခြေနေကို တွေးမိတော့ အရမ်းလန့်စရာကောင်းတယ်။ အပြင်မှာသာ အဲလိုဆိုရင် ပြေးမရ ပြုမရနဲ့ တကယ်ကို အိမ်မက်ဆိုးဘဲ 😪။ အဲဒါ MAL ကြောင့် 😑


======================

[  Android version = 4.4 + ]

[  Size = 546 MB  ]

[  Developer = 3D Research  ]

[  Type = Offline ]

#Adventure , #Puzzle, #Unriddle
===========================

Download Link



Or 



==========================

( သရဲ Game တော့ မကြောက်ဘူး သတ္တဝါကြီးတွေဆိုရင်တော့ ​လန့်တယ် 😅)

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...