Dynasty Warriors



•           အခုဆိုရင် DW ရဲ့ Mobile Game အသစ်ဟာလည်း JP version နဲ့ ပွဲထွက်လာပါပြီ။ Game က ဆော့ရတာ အပျင်းပြေရုံတင်မဟုတ်ဘဲ တော်တော်ကို အဆင်ပြေတာပါ။ ဘာလို့ဆိုတော့ တကယ် Landscape တင်မကဘဲ Portrait နဲ့ပါ ဆော့လို့ရတာပါ။ ဒေါင်လိုက်ဆိုပြီး အထင်မသေးနဲ့ View နဲ့ Screen ကအစ လက်တစ်ဖက်တည်းနဲ့ လုံးဝ အန်ကိုက်ဖြစ်တယ်။ 




•           Game က အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Character အများစုပါဝင်ပြီး စစဝင်ခြင်းမှာတင် SR Rank ရှိတဲ့ Character တစ်ဦးကို စိတ်ကြိုက် အလကားရွေးချယ်ခွင့်ရမှာပါ။ ဒါ့အပြင် Developer တွေက လက်ဆောင်အနေနဲ့ သင့်ဆီကို လက်မှတ် 10 စောင်အလကားပေးအုန်းမှာဆိုတော့ အရမ်းမိုက်ပါတယ်။ ဘာလို့ဆိုတော့  အဲဒီ လက်မှတ်တွေက Gacha တွက်ဖြစ်ပြီး Character တွက် 5 စောင် ၊ Equipment တွက် 5 စောင် နှိုက်ခွင့်ရမှာပါ။ Female မပေါက်တိုင်း MAL ကြောင့် ထထ ဆဲမိပေမယ့် SSR Rank ကြီးရလိုက်တော့ ကျေနပ်မိပါတယ် ။ ဒါပေမယ့် R Rank အများစု ရလိုက်တာဆိုတော့ အပိုအနေနဲ့ ပြန်ဆဲမိပါသေးတယ်။ 







•           Game က Battle ထဲမှာ အများစုသိထားကြတဲ့အတိုင်း စိတ်ကြိုက်သုံးယောက် ပြင်ဆင်သွားလို့ရပြီး NPC အနေနဲ့ ဘေးကအကူ တစ်ယောက်ပါ ထပ်ထည့်လို့ရပါတယ်။ Camera View အနေနဲ့ 3 မျိုးထိ ချိန်းနိုင်ပြီး Graphic တွေ Effect တွေကလည်း ဖုန်းကောင်းရင်တော့ မဆိုးဘူးပြောရမယ်။ ဘာလို့ဆို တစ်ခါလေ Power သုံးတိုင်း fps လျော့တယ်လို့ မြင်မိတယ်။ ပြီးတော့ Mission ကလည်း DW ရဲ့ ပုံစံအတိုင်း Map ထဲမှာ စစ်ကြောင်းရွေးတိုက်လို့ရတယ်။ Language အခက်ခဲရှိပေမယ့် အတော်များများက DW သမားတွေတွက် ရင်းနှီးပြီးသားတွေပါ။ 



•          Game ကကောင်းပေမယ့် Pin ကတစ်ခါလေ လျော့တတ်ပါတယ်။ JP server ကြောင့် Pin မငြိမ်တာပါပေမယ့် MAL ကောင်းမှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲတော့ Game သစ်လေးတင်မကဘဲ ကျယ်ကျယ်ပြန့်ပြန့်လည်း မဆော့ဖြစ်သေးတာကြောင့် Information တော့ အသေးစိတ် မပြောနိုင်တော့ဘူး။ Language ကလည်း JP ဆိုတော့ ခက်သား။ 




⚠️    Game ထဲရောက်ရင် ပထမဆုံး Test အနေနဲ့ 500 MB လောက် ဆွဲပေမယ့် စုစုပေါင်း Download လုပ်မယ့် Size က 3.66 GB ထိရှိပါတယ်။  ⚠️




======================

[  Android version = 5.0 +  ]

[  Size = 70 MB ]

[  Total Size = 3.8 GB ]

[  Developer = KOEI TECMO ]

[  Type = Online  ]

================








==========================

( Gacha ကလည်း စိတ်ဓာတ်ဘဲ .. ငါလိုခြင်တာကြတော့ CDM လုပ်သွားတာလားမသိဘူး 😑 )


#HELLOYDB

Related Posts

  • The Walking Dead Season 1          ဒီ Game က ဆော့ဖူးတဲ့လူတိုင်း ဘယ့်တော့မှ မေ့မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ အထူးသဖြင့် ဒီ Season One ကိုပေါ့။ ဒါပေမယ့် မဆော့ရသေးတဲ့လူတွေတွက်တော့ ဒီ Game က စိတ်လှုပ်ရှားစရာအကေ… Read More
  • The Lost Road        အရင်လကမှ ထွက်ထားတဲ့ Game လေးဖြစ်ပြီး စစတုန်းကတော့ Error လေးရှိသေးတာပေါ့။ အခု နောက် Update မှာ အကုန် OK သွားပါပြီ။ Error ဖြစ်နေတဲ့ Mission ကော Graphic ပါ ထပ်တိုးပေးထားပါတယ်။… Read More
  • Dead Zone          Action TPS အမျိုးစားနဲ့ Console Graphic အရသာကို ခံစားစေရမယ့် Game ကောင်းပါ။ အရင်က ဒါမျိုးပုံစံတူ Zombie game တစ်ခု ထွက်ခဲ့ပါသေးတယ်။ Graphic ကောင်းပေမယ့် Free Move မဟုတ်လိ… Read More
  • Gunner Shooting King             မကြာသေးခင်ကမှ ပွဲထွက်လာတဲ့ GAME လေးဖြစ်ပြီး လောလောဆယ်တော့ Test version ဘဲ ရှိသေးပါတယ်။ Game က Survival အမျိုးစားဖြစ်ပြီး Polygon Graphic နဲ့ Big Map ပုံစံလုပ်ပေးထားတာပ… Read More
  • Eopue Battle          ဒီနေ့ဘဲ Beta version ထွက်လာတာဖြစ်ပြီး Mafia သဘောကျတဲ့လူတွေတွက်တော့ အကြိုက်တွေ့စေမယ့် Game တစ်ခုပါ။ Game က အခုမှ Test အဆင့်ဘဲရှိသေးတာဆိုတော့ အားရတဲ့ အပိုင်းတွေလည်းရှိသလို … Read More

Comments

လူကြည့်အများဆုံး GAMES