Edda Cafe

0% COMMUNITY SCORE
LOADING...
RATE:


°         တစ်ခါလေ လူတိုင်းက အမှားနဲ့မကင်းပါဘူး။ အထူးသဖြင့် ဘာမှမဖြစ်ပါဘူးလို့ ထင်ခဲ့မိတဲ့ ဆုံးဖြတ်ချက်တွေ့ကြောင့် ကျန်ခဲ့တဲ့ အချိန်တွေမှာ ကွပ်လပ်တွေ ဖြစ်နေကြမယ်ဆိုတာ ခံစားမိမှာပါ ။ ဒါကို စိတ်ထဲက မခံစားရပါဘူးလို့ အော်​ပြောနေပေမယ့်လည်း နှလုံးသားထဲမှာတော့ ပင်လယ်ပြင်ကြီးလို ကမ်းမမြင်လမ်းမမြင် ပျောက်ဆုံးသွားခဲ့တဲ့ အချိန်တွေရှိကြမှာပါ။ 


°         ဒါပေမယ့် တစ်ကယ်လို့များ ကော်ဖီလေးတစ်ခွက်က သင့်ရဲ့ အမှားတွေကို ပြန်ပြင်ဆင်ဖို့ အချိန်ပေးခဲ့မယ်ဆိုရင်ကော ? ခွက်ကလေး ကိုင်ရင်း ထိုင်နေတဲ့ ကုလားထိုင်လေးကလည်း သင့်ကို တခြားကမ္ဘာဆီ တင်ခေါ်သွားနိင်သလို မှော်ဆန်တဲ့ ကော်ဖီရဲ့ ချိုမြန်မှုကလည်း သင့်ရဲ့ ကံကြမ္မာကို ချိုမြန်မှုတွေပြောင်းလဲပေးနိုင်မယ်ဆိုတာ သင်ယုံကြည်ပါသလား ? 


°        ပုံပြင် ဒဏ္ဍာရီတစ်ခုလို ယုံကြည်ဖို့ရာ ခက်ခဲပေမယ့် ကော်ဖီသောက်တိုင်း အတိတ်ခါးနေတဲ့ တစ်ချို့သော လူတွေတွက်တော့ ဒါဟာ လှည်စားမှုတစ်ခုထက်ပိုတဲ့ မျှော်လင့်ချက် ချိုမြိန်ခြင်းတစ်ခုပါ။ ( အထူးသဖြင့် ကိုယ့်ကို တကယ်ချစ်ခဲ့တဲ့ သူကိုမှ ကိုယ်က စဖြတ်မိတဲ့ သူလေးတွေပေါ့ )


°         ဒီ Game မှာဆိုရင် သင်ဟာ Mina ဆိုတဲ့ ကောင်မလေးတစ်ယောက်နေရာကနေ ကစားပေးရမှာဖြစ်ပြီး အမှတ်မထင် ရခဲ့တဲ့ Edda Cafe ရဲ့ လိပ်စာလေးကြောင့် သူမရဲ့ ဘဝဟာ မှော်ဆန်ဆန် မျှော်လင့်ချက်လေးဖြစ်လာခဲ့တာပါ။ အခင်ဆုံး သူငယ်ချင်းဖြစ်တဲ့ Rin ကိုတောင် ရင်မဖွင့်ခဲ့တဲ့ Mina ရဲ့ စိတ်ခံစားမှုဟာ ဘယ်လောက်ထိ နက်ရှိုင်းနေမလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပေမယ့် Edda ကတော့ သိနေခဲ့ပါတယ်။ အဲအတွက် The Unforgotten Memorials Drippers ဆိုတဲ့ ကော်ဖီလေးကို ပေးခဲ့ပြီး အတိတ်ကို တစ်ဖန်ပြန်သွားဖို့ အခွင့်ရေးပေးခဲ့ပါတယ်။ 


°          ဒါပေမယ့် အချိန်အတိုင်းတာ တစ်ခုထိတွက်ဘဲဖြစ်ပြီး နောက်ဆုံး စက္ကန့် ရောက်တဲ့အချိန်မှာတော့ ဘယ်လိုအကြောင်းကြောင်းကြောင့်ဘဲဖြစ်ဖြစ် ပြန်လာခဲ့ရမှာပါ။ မဟုတ်ရင် Mina ဟာ ဒီဘက် ကမ္ဘာမှာ လုံးဝ မေ့ပျောက်ခံဖြစ်သွားမှာမလို့ ပိုအထီးကျန်သွားမှာပါ။ 




Game က To Be Continue ဆိုပေမယ့် မင်မင်ထင်တာကတော့ သူပြောခြင်တဲ့အရာက ရတဲ့ အချိန်လေးမှာ သင်ကိုယ်တိုင် ပြန်ပြင်ဖို့ နောက်မကြသေးဘူးဆိုတာ ပြောခြင်နေသလိုဘဲ ....
🎼  ဒါပေမယ့် Background Song လေးတွေက အရမ်း ခံစားမှုပေးတယ် 🎼


======================

[  Android version = 4.4 + ]

[  Size = 86 MB ]

[  Developer = NSAID VN ]

[  Type = Offline ]

================




==========================

( တစ်ချို့သူတွေတွက်ကြတော့ ပြန်ပြင်ဖို့ မဖြစ်နိုင်တော့ဘူး 💔)

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...