Legend Of Ace
• မနေ့ညက Boycott တွေ ထိုင်လုပ်နေကြတော့ ဟိုးအရင်က ဆော့ဖူးတဲ့ဟာလေးတွေကိုရှာရင်း LOA ကို သတိရမိခဲ့ပါတယ်။ စစထွက်တုန်းက LOA နဲ့ အခု Season 12 ရဲ့ LOA ဟာ လုံးဝ ပုံစံပြောင်းပစ်တာပါ။ အရင်ကတည်းက ဒီGame က တခြား MOBA တွေလိုမဟုတ်ဘဲ TCG ( Trading Card Game ) စနစ်ပါခဲ့တာပါ။ အဲတုန်းက Time Limit Match ဖြစ်ပြီး Card တွေကစ Upgrade မြင့်နိုင်ရင် မြင့်နိုင်သလောက် အရေးပါခဲ့တာပါ။ ပြီးရင် Base Tower မကျိုးလဲ Time ပြည့်တာနဲ့ Killing ကို ဦးစားပေးပြီး Victory ပေးတာမျိုးပေါ့။ လူကြိုက်နည်းခဲ့ပေမယ့် Fun ဖြစ်တယ်လို့ ပြောရမယ်။
• နောက်ပိုင်း Version မှာတော့ အများကြီးပုံစံပြောင်းသွားပြီး Card တွေကစ Upgrade လုပ်စရာမလိုတော့ပါဘူး။ အလွယ်ပြောရရင် Item စနစ်ကနေ Card စနစ်ပြောင်းသွားတာပါ။ အဲတော့ Item ခွဲတွေမပါတော့ဘဲ ပွဲက ကဒ်အပိုသာတာနဲ့ကို အတော်ကြမ်းနေပါပြီ။ အဲဒါကြောင့်လည်း အချိန်မစားဘဲ ကစားပွဲက 10 မိနစ်ဝန်းကျင်ဘဲရှိတာပါ။ MOBA အများစုဆော့ဖူးကြပေမယ့် ဒီလို Gameplay မျိုးက ရင်းနှီးမှုမရှိတာကြောင့် တစ်ခါလေ Over Power တွေလို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်က ခုနကပြောသလို Card System ကြောင့် တစ်ခါလေ Hero တွေက ကြမ်းတမ်းကုန်တာပါ။
• ဘယ်လောက်ထိ ကြမ်းလဲပြောရရင် အရင် စထွက်ကတည်းက Gameplay ကို မကြိုက်ပေမယ့် Character တွေကို အတော်သဘောကျတယ်။ အဲတုန်းက 30 ကျော်ဘဲဆိုပေမယ့် အခု S12 မှာတော့ Heroes ပေါင်း 50 ကျော်ထိကို ပါဝင်လာတာပါ။ အခု ပြန်ဆော့ကြည့်တော့ အရမ်း ဂေါ်ထွက်နေတဲ့ Skill Hero တွေပေါ်လာတယ်။ ဥပမာ စိတ်ဝင်စားအောင်ပြောရရင် ML က Karina နဲ့ Haya ပေါင်းထားတဲ့ Assassin မျိူးတွေပါသလို Ling လိုမျိုး ခုန်ခွတက်တဲ့ ကြောင်မလေးတွေပါ ပါတာပါ။ ဒီထဲက ကြောင်မလေးဖြစ်တဲ့ Goddess of Cat ကမှ ဘောင်ပေါ်ရောက်ရင် ကြောင်ပုံစံပြောင်းသေးတယ်။ ပြီးတော့ Cyber Cat နော် အထင်မသေးနဲ့။ နောက်ထက် မက်ဒူစာတို့ Nature Queen တို့ စုံဆို အစုံဘဲ။
° မဆော့ဘူးတဲ့သူတွေတွက်တော့ Hero တွေက အရမ်းစိတ်ဝင်စားစရာကောင်းသလို Shot Time ဖြစ်တဲ့ Gameplay ကြောင့်လည်း ပိုသဘောကျစေမှာပါ။ ပြီးတော့ MOBA 5v5 တင်မဟုတ်ဘဲ Adventure Mode ပါ ထည့်ပေးထားပါတယ်။ HE ဆော့ဖူးတဲ့သူတွေ သိမှာပေါ့။ အဲတော့ Game လေးက အခုနေ Boycott လုပ်တဲ့သူတွေတွက် အဆင်ပြေစေမှာဖြစ်သလို Developer တွေကလည်း FunCube Entertainment ဖြစ်ပြီး Singapore အခြေစိုက်မလို့ စိတ်သန့်သန့်နဲ့ ဆော့လို့ရပါတယ်။
တစ်ခုသိထားရမှာက ဘယ် MOBA မဆို အစပိုင်းမှာ တအားလွယ်တယ်နော်။
======================
[ Android version = 4.4 + ]
[ Size = 583 MB ]
[ Total Size = 1.3 GB ]
[ Developer = Still Gaming ]
[ Country = Singapore ]
[ Type = Online ]
================
Or
==========================
( ဖုန်းအင်တာနက်တွေ ဖြတ်ထားတော့ ဆက်တင်သင့် မတင်သင့် ပြောပေးကြအုန်း )
#HELLOYDB
Comments