Pokemon Unite
• အခုဆိုရင် Beta version ထွက်လာတဲ့ Pokemon Unite ဟာ တကယ်ဘဲ MOBA Type ကိုမှ ဆန်းဆန်းပြားပြား Gameplay ပုံစံနဲ့ ထွက်လာတာပါ။ မျှော်လင့်ထားတဲ့တိုင်း တကယ်လည်း ဆော့ကောင်းသလို အကောင်းဆုံးအပိုင်းကတော့ တခြား MOBA တွေနဲ့မတူဘဲ ပျော်စရာကောင်းတာပါ။
• ဒီ Game လေးက Aeos ဆိုတဲ့ ကျွန်းပေါ်မှာ ကစားရမှာဖြစ်ပြီး Aeos Energy ကိုအသုံးပြုပြီး Pokemon Unite Battles တွေကို ကျင်းပပေးနေတဲ့ စမ်းသပ်ခံကျွန်းတစ်ခုပါ။ Player အနေနဲ့က Pokemon Trainer အဖြစ်နဲ့ ဝင်ရောက်ရမှာဖြစ်တာကြောင့် အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။
• မိမိရဲ့ Character ကိုလည်း အဝတ်စားကစ Customize လုပ်လို့ရပြီး Pokemon လေးတွေကတော့ ဝယ်ပေးမှ တရားဝင်လိုင်စင်ရမှာပါ။ ဒါတွေက သိပ်မထူးဆန်းပေမယ့် တကယ်ထူးခြားတာက Game က အရမ်းပျော်စရာကောင်းပြီး Challenge ဖြစ်တာပါ။ အများစုသိထားတာက MOBA Game ဆိုရင် Tower ချိုးပြီး Base ကို ဖြိုနိုင်ရင် နိုင်တာမျိုးပါ။
• ဒါပေမယ့် ဒီ Pokemon Game ကတော့ Aeos Energy လို့ခေါ်တဲ့ Unite Ball လေးတွေ လိုက်စုပြီး Tower ကို အမှတ်များများရအောင်ထည့်ပေးရမှာပါ။ သတ်မှတ်ချိန် ၁၀ မိနစ်ထိပေးထားပြီး အမှတ် အများဆုံးထည့်နိုင်တဲ့သူ ၊ ဒါမှမဟုတ် Base ထိ အမှတ်ပြည့်အောင် ထည့်နိုင်တဲ့သူက အနိုင်ရမှာပါ။ အဲဒီ Unite Ball လေးတွေကို တောထဲက အကောင်လေးတွေ Collect လုပ်ရင်းလည်း ရပါတယ်။
• အမိုက်ဆုံးကတော့ Pokemon လေးတွေက Level အလိုက် မတူညီတဲ့ Skill ကို စိတ်ကြိုက်ရွေးချယ်လို့ရတဲ့အပြင် Exp တက်လာတာနဲ့အမျှ အကောင်လေးတွေက Evolve ဖြစ်လာမှာပါ။ အဲတော့ အစပိုင်းမှ ပိစိလေးတွေဆိုပေမယ့် Late Game ကြရင် Heavy ကြီးတွေဖြစ်လာတာမျိုးပေါ့။ အဓိကက Skill နဲ့ Exp ပြီးတော့ Unite Balls အမှတ်နဲ့ Team Work က အရမ်းအရေးပါတဲ့ ပေါ့ပေါပါးပါး GAME ကောင်းလေးတစ်ခုပါ။ Graphic ကစ တကယ် ကြည့်ကောင်းရုံတင်မကဘဲ Pokemon နဲ့ပါ လိုက်ဖက်အောင် ဖန်တီးထားတာပါ။
• မင်မင်ကတော့ အရမ်းသဘောကျတယ်။ ဆော့ရတာ ရိုးရှင်းပြီး Challenge ဖြစ်တယ်။ ပြီးတော့ ပီကာချူးလေး အော်သံကလည်း တကယ် အူယားစရာလေး။ Game က Beta ဆိုပေမယ့် In Game SS ပြခွင့်မပေးတာကြောင့် သိပ်မထည့်တော့ဘူး။ ကိုယ်တိုင်ဘဲ ဆော့ကြည့်လိုက်တော့။ Pin ကတော့ တစ်ခါလေ အခြေနေမကောင်းဘူးနော်။
======================
[ Android version = 5.0 + ]
[ Size = 600 MB ]
[ Developer = Pokemon Company ]
[ Type = Online ]
================
==========================
( Game အသစ်လေးတောင် Pin က လည်ထွက်နေတဲ့ ဘဝ 😡 မအလ )
#HELLOYDB
Comments