Rise Of Balloons



🎈         ဒီ Game လေးက Puzzle အမျိုးစားဆိုပေမယ့် ပျော်ရွှင်တဲ့ ပီတိမျိုးကို ခံစားစေရမယ့်ဆိုတာ အာမခံပါတယ်။ ဘာလို့ဆိုတော့ လူတစ်ယောက်မှာ မျှော်လင့်ချက်ဆိုတာ အရမ်းအရေးကြီးပါတယ်။ လှဲကျရင်တောင် ပြန်ထနိုင်တဲ့ မျှော်လင့်ချက် ခွန့်အားပေးနိုင်မှ လူဆိုတာ အားငယ်မှုကို မာန်တင်းပြီး ရုန်းနိုင်ကြတာပါ။ 


🎈         ကံကောင်းခြင်တော့ သင်ဟာ ဒီ Game မှာဆိုရင် မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှုတွေကို လိုက်ဝေပေးရမယ့် သူတစ်ဦးပါ။ စက်ရုံတွေ ပြည့်ညှက်နေတဲ့ အမဲရောင်မြို့တော်ကြီးဟာ ကလေးတွေတွက်တော့ သာယာမှုမပေးဘဲ အိမ်မက်ဆိုးတွေနဲ့ အမှောင်ဖုံးနေတာကြောင့် သူတို့လေးတွေရဲ့ အားငယ်မှုကို ပျော်ရွှင်မှုက အနိုင်ရသွားစေဖို့ ကြိုးစားပေးရမှာပါ။ 




🎈         စက်ရုံတွေက ထွက်တဲ့ ဓာတ်ငွေ့တွေကိုသုံးပြီး မိုးပျံပူပေါင်းလေးတွေကို သင်ကိုယ်တိုင် ဖန်တီးပေးရမှာပါ။ စိတ်ဓာတ်ကျနေတဲ့ ကလေးတွေကို ပျော်ရွှင်မှု အတူတူဝေမျှပေးနိုင်ရုံတင်မကဘဲ ဒီ ပူပေါင်းအနီရောင်လေးရဲ့ လမ်းညွှန်မှုပေးမယ့် အဆုံးသတ်တစ်နေရာမှာတော့ တိမ်မဲတွေ ကင်းစင်ပြီး နေရောင်ခြည်လေးတွေသန်းနေစေမယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့ဆိုတော့ သင်ကိုယ်တိုင် ပူပေါင်းနီလေးဖြစ်နေလို့ပါ။ 




🎈         Puzzle ဆိုတဲ့တိုင်း Gameplay အဆန်းနဲ့ တော်တော်လေး အုန်းစားပါတယ်။ အထူးသဖြင့် ကလေးတွေကို ပူပေါင်းလေး ပေးလိုက်ရလို့ ခံစားရတဲ့ ပျော်ရွှင်မှုနဲ့ ကိုယ့်ရဲ့ အသုံးမကျမှုကြောင့် ပူပေါင်းမရလိုက်တဲ့ ကလေးတွေရဲ့ အားငယ်မှုကို တစ်ပြိုင်တည်းခံစားရမှာပါ။ ဘာလို့ဆို သင်ကိုယ်တိုင် သူတို့ကို မသိခြင်ယောင်ဆောင်သွားလို့ ရနေလို့ပါ။ 


======================

[  Android version = 4.0 + ]🎈

[  Size =  130 MB ]🎈

[  Developer = Firefolk ]🎈

[  Type = Offline ]🎈

[  Country =  Canada ]🎈

==================





==========================

( 🎈🎈🎈🎈🎈🎈 )

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES