LATEST NEWS

Fetching news...

Splash Dance

Splash Dance

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


°          ဒီ game က ကလေးတွေတွက် မဟုတ်လို့ လုံးဝ မဆော့ပါနဲ့နော်။ ယောကျ်ားလေးတွေတွက် ပိုသဘောကျစေမှာဖြစ်ပြီး အထူးသဖြင့် Waifu သမားတွေတွက်ပါ။ Game ပုံစံက ခုတ်ရထစ်ရ၊ ချရတာမျိုးမဟုတ်ဘဲ ရေနဲ့လိုက်ပတ်ရမယ့် Game မျိုးပါ။ ပြီးတော့ Waifu ဆိုတဲ့အတိုင်း Sexy Anime ပုံစံတွေဖြစ်ပြီး Game တစ်ခုလုံးက Girl Role တွေကြီးပါ။ အဲတော့ ရှက်တတ်တဲ့သူလေးတွေ မဆော့တာ အကောင်းဆုံးဘဲ။ ဘာလို့ဆို အသံကစ မှောင်နေတယ်ထင်နိုင်လို့။ 





•        Game က Girl Role တွေ ပုံစံမတူအောင် အတော်များများပါဝင်ပြီး ရေသေနတ်တွေကစ Fun ပုံစံတွေပါ။ Gameplay က ကစားသမား ခြောက်ယောက်ပါဝင်မှာဖြစ်ပြီး တစ်ဖက် သုံးယောက်စီနဲ့ ရေစိုအောင်လိုက်ပတ်ရမှာပါ။ အဲဒါကိုမှ Skill အကွက်တွေနဲ့ သုံးလုံးပြူးတွေကော၊ ရေမြှောက်လုံးကြီးတွေကော အစုံပေါ့။ ရေစိုအများဆုံး HP နည်းတဲ့သူက Dress တွေပါ ကွာကျသွားပြီး ရှက်ကိုးရှက်ကန်းနဲ့ မြှောက်တတ်သွားတာမျိုးပါ။ Time Limit နဲ့ ရမှတ်ပေါ်မူတည်ပြီး အနိုင်ရမှာဖြစ်တာကြောင့် လုံးဝ ရှယ်ပတ်ရမှာနော်။




•          Game က Sexy အသားပေးမလို့ သီးသန့် Mode တွေလည်း ပါသေးပါတယ်။ ဥပမာ ကိုယ့်ရဲ့ Character ကို Post အမျိုးမျိုးလုပ်ပေးရတာမျိုးပေါ့။ တခြား Story ပုံစံတွေပါသေးပေမယ့် မဆိုးပါဘူး။ နည်းနည်းတော့ Over ဖြစ်ပေမယ့် မှောင်နေတဲ့ သူတွေတွက်တော့ နှာခေါင်းမီးပွင့်စေမယ့် Game မျိုးပေါ့။ ပြီးတော့ အသံကစ လူကြားထဲမှာ ဆော့လို့ကောင်းတဲ့ Game မျိုးတော့ မဟုတ်ပါဘူး။ Game က လောလောဆယ် JP version ဆိုပေမယ့် Global လာမယ်လို့ထင်တယ်။ သင်္ကြန်အမှီ လာရင်တော့ ရေပတ်စရာ Game တစ်ခုတိုးတာပေါ့။ 




======================

[  Android version = 6.0 + ]

[  Size = 869 MB ]

[  Developer = EISYS Inc ]

[  Type = Online ]

[  Country = Japan ]

================



Or



==========================




( ဒီ Game က Character သာ Female တွေဆိုပေမယ့် ဆော့တဲ့သူတွေက ယောကျ်ားအရင့်မာကြီးတွေ 😅)

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...