Unruly Heroes



°         ထွက်ထားတာသိပ်မကြာသေးတဲ့ ဒီ Game လေးက PC နဲ့ Console ကနေ Mobile ပေါ်ရောက်လာတာဖြစ်ပြီး သခင်ကြီးသဘောကျတဲ့သူတွေတွက် လုံးဝ လက်မလွတ်သင့်ပါဘူး။ 2D Adventure Game တစ်ခုဖြစ်ပြီး Boss Battle တွေ၊ Puzzle တွေ Storyline Journey တွေကြောင့် အရမ်းသဘောကျမှာပါ။ ပြီးတော့ Paid Game တစ်ခုလည်းဖြစ်သလို Playstore မှာလည်း 3000 တန်တဲ့ Game တစ်ခုပါ။ 


°          အာရုဏ်ဦး အချိန်ဖြစ်ပေါ်လာကတည်းက ကမ္ဘာကြီးရဲ့ ညီမျှခြင်းတွေဟာ မြင့်မြတ်တဲ့ ကျမ်းစာတစ်ခုတည်းမှာဘဲ ထိန်းချုပ်တည်ရှိနေခဲ့ပါတယ်။ ခေတ်တွေ အဆက်ဆက်ပြောင်းလဲလာတဲ့ အချိန်မှာတော့ အမှောင်စွမ်းအားဟာ ကျမ်းစာရဲ့ အမိန့်ကို အပိုင်စိုးဖို့တွက် ကြိုးစားလာပါတယ်။ နောက်ဆုံး နတ်ပြည်ကနေ ကြယ်တံခွန်အဖြစ်နဲ့ ထိုးကျလာခဲ့ပြီး ကျမ်းစာရဲ့ အပိုင်းစတွေဟာ နယ်မြေတစ်လျှောက် ပျံ့နှံ့ခဲ့ပါတယ်။ အစွမ်းတွေ နိုးထလာတဲ့အချိန်မှာတော့ ဓမ္မဟာ အဓ္ဓမဖြစ်လာခဲ့ပြီး   ကုသိုလ်ဟာလည်း အကုသိုလ် ဒုစရိုက်တွေဖြစ်လာခဲ့ပါတယ်။ 




°          အဲဒီအစွမ်းတွေရဲ့ သက်ရောက်မှုတွေနဲ့အတူ မကောင်းဆိုးဝါးကြီးဟာလည်း ပျက်ဆီးခြင်းတွေနဲ့  နယ်မြေတွေကို ဖရိုဖရဲဖြစ်အောင် ဖန်တီးခဲ့ပြီး ကမ္ဘာလောကတစ်ခုလုံး ဝရုန်းသုန်းကားတွေ ဖြစ်လာပါတယ်။ ဒီအခြေနေကို ထိန်းချုပ်ဖို့တွက် သူရဲကောင်း လေးဦးကသာ စွမ်းဆောင်နိုင်မှာဖြစ်ပြီး နတ်ပြည်နဲ့ လူ့ပြည်ကို ပုံမှန်အတိုင်းဖြစ်ဖို့တွက် သူတို့လေးဦးစီမှာဘဲ မျှော်လင့်ချက်ရှိတော့တာပါ။






°          Game က Platform အမျိုးစားဖြစ်ပြီး Animation တွေကစ တကယ်ကို အသက်ဝင်ပါတယ်။ ပြေးတဲ့အချိန်၊ ခုန်တဲ့အချိန်တွေကစ  Character လေးယောက်လုံးက လှုပ်ရှားမှုပုံစံခြင်းမတူလို့ သဘောကျစေမယ့်အပြင် Puzzle ဆန်တဲ့ ပဟေဠိတွေနဲ့အတူ Journey တစ်ခုကို စွန့်စွန့်စားစားသွားရမှာပါ။ Game က  တစ်ယောက်ခြင်းစီတိုင်းမှာ Unique Ability တွေ ကိုယ်စီပါဝင်တာကြောင့် Level တိုင်းကို ဉာဏ်ရှိရှိနဲ့ ကစားရမှာပါ။ ဒါ့အပြင် Paid Game ဖြစ်တာကြောင့် In Game မှာပါတဲ့ Skin တွေဟာ ကိုယ်တိုင်ရှာယူလို့ရပြီး ကိုယ်ရဲ့ ကြိုးစားမှုပေါ်ဘဲ မူတည်ပါတယ်။ တကယ်ကို ဆော့ကောင်းတဲ့ Game လေးဖြစ်တာကြောင့် Playstore မှာပါ Rating ကောင်းရထားတာ မဆန်းပါဘူး။ 




⚠️⚠️⚠️⚠️

(   Game ရဲ့ Developer တွေကတော့ Magic Design Studio ကဖြစ်ပြီး France ကပါ ။ Offered လုပ်ပေးထားတာက Perfect Game Speed ကဖြစ်ပြီး ဟောင်ကောင် အခြေစိုက်ပါ။ တရုတ်ကို Boycott လုပ်နေတယ်ဆိုပေမယ့် ဟောင်ကောင်က Milk Tea Allience ထဲမှာပါပါတယ် ) အဲလိုမှ မဟုတ်ဘဲ တရုတ် Game ဆိုရင် Boycott မယ်ဆိုရင်တော့ သဘောပါ။ 



❤️ မင်မင်ရဲ့ စေတနာက Game သစ်မလို့ ဆော့စေခြင်ရုံကလွဲရင် တခြား မည်သည့်ရည်ရွယ်ချက်မှ မပါပါဘူး။ ❤️


======================

[  Android version = 6.0 + ]

[  Size = 950 MB ]

[  Developer = Perfect Game Speed ]

[  Type = Offline ]

[   Country = France / Offered By Honkong  ]

====================





1.  File ဖြည်လိုက်ရင် Apk နဲ့ com.pwrd.unrulyheroesmobile ဆိုတဲ့ Folder ထွက်လာပါလိမ့်မယ် ။

2.  Apk ကို အရင် Install တင်ပြီး Folder ကို Android ထဲက Obb ထဲကို ထည့်ပေးရုံနဲ့ ဆော့လို့ရပါပြီ

==========================


( ❤️   Mobile Internet တွေ WiFi တွေ ဖြတ်ထားတာကြောင့် အသုံးပြုလို့ရတဲ့သူတွေက ကိုယ့်နားမှာရှိတဲ့ သူငယ်ချင်းမိတ်ဆွေတွေတွက် Download ဆွဲပြီး ကူးပေးကြပါလို့ မင်မင်တောင်းဆိုခြင်ပါတယ်  ❤️ စည်းလုံးမှဖြစ်မယ် ) 

#HELLOYDB

Related Posts

  • Dead Reckoning Brassfield Manor              စုံထောက် Game တွေကို သဘောကျရင်တော့ ဒီ Game ဟာ သင့်ကို အရှုပ်ထွေးဆုံး လူသတ်မှုတစ်ခုကို ဖြေရှင်းခိုင်းမှာပါ။ Hidden Object အမျိုးစားဖြစ်ပြီး စုံထောက… Read More
  • Ni No Kuni Cross Worlds           မကြာသေးခင်ကမှ ထွက်လာတဲ့ ဒီ Game က Korea အခြေစိုက် Netmarble ရဲ့ နောက်ထပ် ဖန်တီးမှုတစ်ခုဖြစ်ပြီး Unreal Engine 4 ကို  သုံးပေးထားတ… Read More
  • Merendam              ဒီ Game က Horror အမျိုးစားဖြစ်ပြီး လူသိနည်းတဲ့ ဇာတ်လမ်းသွား Game လေးဆိုလည်း မမှားပါဘူး။ ပြီးတော့ Update Er… Read More
  • UNHOLY NEIGHBORHOOD°         ဒီ လ ၁၇ ရက်နေ့ကမှ ထွက်လာတဲ့ Poland ကထုတ်တဲ့ Game အသစ်လေးဖြစ်ပြီး  Adventure သမားတွေတွက်တော့ လုံးဝ အကြိုက်တွေ့စေမှာပါ။ Fan တွေ မှတ်မိလားမသိပေမယ့် Lucid Deam Adventure Game… Read More
  • Detective Mimo    မနေ့ညကမှ ထွက်လာတဲ့ ဒီ GAME လေးက ကြောင်မလေး Mimo နေရာကနေ စုံထောက်လုပ်ပေးရမှာဖြစ်ပြီး ထင်ထားတာထက်ကို ဇာတ်လမ်းလေးက လှည့်ကွက်များပါတယ်။ Paid Game လေးလည… Read More

Comments

လူကြည့်အများဆုံး GAMES