A Street Cat's Tale



🐈        ဒီ Game လေးက ကြောင်ချစ်တဲ့ သူတွေတင်မကဘဲ  ​ကြောင်မမွေးခြင်ဘူးဆိုတဲ့သူတွေတောင်မှ အပြင်မှာ မွေးခြင်စိတ်ပေါက်သွားစေမယ့် Game ကောင်းလေးတစ်ခုပါ။ ဘာလို့ဆိုတော့ ဒီ Game လေးက လမ်းဘေးကြောင်လေးတွေရဲ့ ရှင်သန်မှုဘဝနေရာကို ပုံစံအမျိုးမျိုးနဲ့ ဖော်ပြပေးနေလို့ပါ။ South Korea ကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီး Pixel Style လေးနဲ့ Ending 11 ခုထိတောင်ပါတဲ့ Story Game ကောင်းလေးတစ်ခုပါ။ 



🐈       Game အစကတည်းက ဝမ်းနည်းစရာကောင်းတာက ကြောင်ကလေးရဲ့ အမေဖြစ်သူဟာ အစာရှာထွက်နေတုန်းမှာဘဲ မတော်တဆ ကားတစ်စီးနဲ့ အတိုက်ခံခဲ့ရပါတယ်။ တိုက်သွားတဲ့ ကားသမားကလည်း  မကူညီတဲ့အပြင် အောက်တန်းကျပြီးထွက်သွားတာကြောင့် နောက်ဆုံး သိပ်မကြာခင်မှာဘဲ စာနာတတ်တဲ့ လူအချို့က အရေးပေါ်ကုသဖို့တွက် ကြောင်အမေကြီးကို ခေါ်သွားကြပါတယ်။ မျက်စိရှေ့မှာတင် အဖြစ်ပျက်အားလုံးကို မြင်လိုက်ရတဲ့ ကြောင်လေးကတော့  အမေဖြစ်သူကို ဘယ်ဆီခေါ်သွားမှန်းလဲ မသိ ၊ ဘယ်ကို လိုက်ရမှန်းလည်းမသိ ၊ တစ်ယောက်တည်း ယောင်လည်လည်နဲ့  အမေဖြစ်သူထားခဲ့နေရာမှာဘဲ အကျည်းတန်တဲ့ လောကကြီးရဲ့ ဖြတ်သန်းရတော့မှာပါ။ 




🐈      ကြောင်ပေါက်လေးနေရာကနေ  ကစားပေးရမှာဖြစ်ပြီး ပတ်ဝန်းကျင်နဲ့ လူတွေရဲ့ စရိုက်အမျိုးမျိုးကို တွေ့မြင်ရမှာပါ။ လမ်းဘေး ကြောင်လေးတွေရဲ့ ဘဝကို ဝင်ရောက်ခံစားပေးရမယ့် Game လေးဖြစ်တာကြောင့် နောက်ဆုံးပိုင်းမှာ Happy Ending လေးနဲ့ဘဲ အဆုံးသတ်နိင်ကြပါစေ။ 


: Edition version လေး ပေးထားတယ်နော် 

======================

- [  Android version : 4.4 + ]

- [  Size : 30 MB ]

- [  Developer : Feemodev ]

- [  Type : Offline ]

================

Download Link
°°°°°°°°°°°°°°°°°°°

( Android ) 

Apk Only ( 30 MB ) [ Paid ]


( Apple iOS )

Apple iOS 

==========================

( ❤️ ❤️)

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES