LATEST NEWS

Fetching news...

Bionx Spore & Bacteria

Bionx Spore & Bacteria

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


°       ဒီ Game က Mobile တွက် Bacteria နဲ့ Spore ကိုအခြေခံထားတဲ့ Simulation Game တစ်ခုဖြစ်ပြီး  Player တွေတွက်တော့ အရမ်းကို အူယားစရာကောင်းမှာ သေချာပါတယ် ။ အထူးသဖြင့် Molecular Biologist သမားတွေတွက်တော့ ဒီလိုပုံစံတွေက ရင်းနှီးပြီးသားဖြစ်ပေမယ့်  သာမန်လူတွေတွက်ကတော့ ဒါမျိုးတွေဟာ အမြင်စိမ်းနေမှာ သေချာပါတယ်။ အလွန်ဆုံးမြင်ဖူးမှ ဇာတ်ကားထဲကနဲ့ ကျောင်းတုန်းက ခဏဘဲ ကြည့်ဖူးလိုက်တဲ့ လက်တွေ့ခန်းတွေလိုပေါ့။ 




°       ဒီ Game မှာဆိုရင် သင်ကိုယ်တိုင်ကိုက ပိုးမွှားတစ်ခုကို ထိန်းချုပ်ပေးရမှာဖြစ်ပြီး အဲဒီ ပတ်ဝန်းကျင်မှာဘဲ အသက်ရှင်ဖို့ရာတွက် ကြိုးစားရုန်းကန်ပေးရမှာပါ ။ အဲတော့ Evolution ဆန်တဲ့ ပုံစံနဲ့ အစာတွက် Cells တွေ Microbes တွေကို လိုက်ရှာစားသောက်ရမှာဖြစ်ပြီး  အဲလိုရှာနေတဲ့အချိန်မှာလည်း တခြားသော ပိုးမွှားတွေရဲ့ ဒဏ်ကို ကြံ့ကြံ့ခံရင်း တိုက်ခိုက်ရမှာပါ ။ Game ပုံစံကို မြင်သာအောင်ပြောရရင် Snake Game လိုမျိုးဖြစ်ပေမယ့် ဒီကောင်ကတော့ ပိုးမွှားတွေရဲ့ ဖြစ်ရိုးဖြစ်စဥ်ကို အခြေခံထားတာပါ ။ ဥပမာ - ကိုယ့်ရဲ့ အကောင်က ဘယ်လောက်ဘဲကြီးနေကြီးနေ ပိုးမွှားလေးတွေကစ လစ်ရင်လစ်သလို ခန္ဓာကိုယ်ကို လာတိုက်ခိုက်တတ်ပါတယ် ။ နောက်ပြီး မျိုးတူစုတွေရဲ့ ကျင်လည်ကျက်စားပုံတွေ ၊ Cells တွေကို တိုက်ခိုက်တဲ့ ပုံစံမျိုးတွေကစ အရမ်းမိုက်တာပါ ။ 





°       ရှာဖွေလို့ရလာတဲ့ DNA တွေကို အသုံးချပြီးတော့လည်း ကိုယ့်ရဲ့ အကောင်ကို Mutation လုပ်လို့ရသလို appearance အနေနဲ့လည်း traits အတိုးလျော့တွေအပြင် Morphology နည်းအရလည်း flagella အမျိုးစားတွေကို တပ်ဆင်ပြီးတော့ ကိုယ့်ရဲ့ အကောင်ကို အသွင်ပြင်ကစ Customize လုပ်လိို့ရပါတယ်။ အကောင်အနေနဲ့လည်း ပုံသဏ္ဍာန်အမျိုးမျိုးရှိပြီး လှုပ်ရှားနေတဲ့ animation တွေကစ အရမ်းကို အူယားစရာကောင်းတာကြောင့် အသည်းယားတဲ့သူတွေတွက်တော့  Challenge ဖြစ်စေမှာပါ။ နောက်ပြီး AI တွေရဲ့ behavior တွေကစ အတော်စိတ်ဝင်စားစရာကောင်းတယ်။ 


======================

- [  Android version : 6.0 + ]

- [  Size : 70 MB ]

- [  Developer : Just For Fun Games ]

- [  Type : Offline ]

- [  Version = 50.31 ]

- [  Publish Date =  11. 5. 2021 ]

=========================


Download Link
°°°°°°°°°°°°°°°°°°°


( Android )

Playstore



==========================

( nematode ကြည့်ပြီး ကိုယ့်မှာ အူတွေယား )

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...