Brutal Strike



°        မကြာသေးခင်ကမှ ထွက်လာတဲ့ ဒီ Game က Shooter သမားတွေတွက်တော့ တကယ်ကို အကြိုက်တွေ့စေမှာဖြစ်ပေမယ့် ကလေးတွေတွက်ကတော့ မသင့်လျော်ဘူးလို့ မြင်မိပါတယ် ။ PC ကအတိုင်း Mobile မှာလည်း Option တွေများပြီး  တခြား Game တွေထက် ထူးခြားတာကတော့  ရက်ရက်စက်စက်ကို ပစ်သတ်လို့ရတာမျိုးပါ ။ အထူးသဖြင့် ကိုယ့်ရဲ့ ဒေါသတွေကို စုပုံပြီး ဖွင့်ချလို့ရမယ့်  Game တစ်ခုပေါ့ ။




°        Game က CS ကစားသမားတွေတွက် ပိုသဘောကျမှာဖြစ်ပြီး Classic , Death Match , Zombie Mode နဲ့ တစ်ခြားဟာတွေတင်မကဘဲ  Battle Royale ပါ ထည့်ပေးထားတာပါ ။ Control ပိုင်းမှာ လုံးဝ Smooth ဖြစ်ရုံတင်မကဘဲ Gyroscope တွေပါ ပါသေးတာကြောင့် Setting ပိုင်းမှာတော့ Shooter သမားတွေအကြိုက်ဖြစ်မှာပါ ။ ဒါ့အပြင့် Physics ပိုင်းမှာလည်း Bullet တင်မကဘဲ Body part တွေပါ ခွဲထွက်သွားလောက်တဲ့ထိ အားရစရာကောင်းတာပါ။ ပြောရရင်  ပစ်သမျှ ကျည်တိုင်းဟာ သွေးတွေ ပို့စို့ပတ်စပ် ပန်းထွက်နေမှာဖြစ်ပြီး ဆက်ပစ်နေရင်လည်း  ခန္ဓာကိုယ်အပိုင်းစတွေ ပြုတ်ထွက်သွားလောက်တဲ့ထိ  အရမ်း Brutal ဆန်ပါတယ်။ အဲဒါကြောင့် ကလေးတွေ မဆော့သင့်တာပါ။ 





°        Offline အနေနဲ့ဆော့ရင်တော့ တစ်ခန်းတည်းရပေမယ့် Online နဲ့ဆော့ရင်တော့  CS GO လို Map မျိုးတွေကစ 70 ကျော်နီးပါးထိ ပေးထားတာပါ။ Online မှာ ဆော့ထားသမျှ Game တွေဟာလည်း Offline အနေနဲ့ ပြန်ကစားလို့ရပါတယ်။ ဒါ့အပြင် Map ကစ Level Edit ပြန်လုပ်နိုင်ရုံတင်မကဘဲ ဆော့နိုင်မယ့် Gameplay Type တွေကလည်း Mission တွေအထိ အတော်စုံတာပါ။ Classic Counter Strike ပုံစံတွေတင်မကဘဲ Detail Sound တွေကစ ကျည်လားရာအသံခြင်း မတူပါဘူး။ 






°       ဒါ့အပြင် ကျည်မှန်တဲ့အချိန်မှာ ပေါ်လာတဲ့ Screen Effect နဲ့  Sound Effect တွေကလည်း တကယ်ကိုယ်ကိုတိုင်မှန်နေရသလိုမျိုးထိ  ဆွဲဆောင်မှုရှိတာပါ။ Zombie Mode လိုမျိုးမှာတောင် Mutant အကောင်ကြီးတွေထိ ဝင်ကစားလို့ရတာကြောင့် အရမ်းအားရစရာကောင်းမှာပါ။ ပြီးတော့ Weapon Improvement ပိုင်းတွေဆို တကယ်မိုက်တယ်။ ဒါ့အပြင် AI တွေကစ လုံးဝ သက်ညှာပေးမှာမဟုတ်ဘဲ  တွေ့တာနဲ့ ဒလတ်ဆက် ပစ်တတ်တာကြောင့် လျော့တွက်လို့ကို မရတာပါ။ Game က Simple Graphic , Easy Control , Cruel Gameplay လို့ပြောလို့ရတယ်။ 





°        ဒီတော့ ဒေါသမှန်သမျှကို စိတ်ပြေလက်ပျောက် ဖြေလျော့ပေးနိုင်မယ့် Shooter Game ကောင်းတစ်ခုဖြစ်တာကြောင့် မကျေနပ်တဲ့သူတွေကို  မှန်းပစ်လို့ရပါတယ် ။ Server Room ထောင်ပြီး အဖွဲ့လိုက် တွယ်ရင်တောင် အတော်အားရစရာကောင်းမှာ။  Size နည်းပေမယ့် Online မှာပါလာမယ့် Data Size ကြောင့် Map ပေါ်မူတည်ပြီးလည်း Total Size ကြီးနိုင်တာကို သတိထားနော်။ 





======================

- [  Android version : 4.4 + ]

- [  Size : 99 MB ]

- [  Developer : BrutalStrike ]

- [  Type : Offline ]

================

Download Link
°°°°°°°°°°°°°°°°°°°

( Android )

Playstore 

Apk Only Link

==========================


#HELLOYDB

Related Posts

  • Final Fantasy VII The First Solider° မနေ့ကဘဲ Official ထွက်လာတဲ့ Final Fantasy ရဲ့ ပထမဦးဆုံး Battle Royale Game တစ်ခုဖြစ်ပြီး ဂျပန်အခြေစိုက် Square Enix ကနေ Mobile Platforms တွက် သီးသန့် ဖန်တီးပေးထားတာပါ။… Read More
  • Just Cause Mobile ( Early Access )° ဒီနေ့ Early Access ကိုမှ Region အကန့်သတ်နဲ့ ထွက်လာတဲ့ Square Enix ရဲ့ ပထမဆုံး Just Cause Mobile version ဖြစ်ပြီး Singapore Only သာ Test ခွင့်ပေးထားတာ‌ကြောင့် VPN နဲ့ဆ… Read More
  • Seven Knight 2 Global° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက Mobile Player တွေ ဆော့ကို ဆော့ဖူးသင့်တဲ့ Cinematic RPG အမျိုးစားဖြစ်ပြီး Free To Play ထဲမှာတော့ တကယ်ကို ဆော့ရတန်တဲ့ Game ကောင်းတစ်ခုပါ။ တ… Read More
  • No Rest Horror Game ( Alpha )° အခုမှ Alpha အဆင့်သာရှိသေးတဲ့ Game သစ်လေးဖြစ်ပြီး မင်မင်ကိုယ်တိုင်လည်း တကယ်ကို သဘောကျမိတဲ့ Horror Game လေးတစ်ခုမလို့ အကြိုက်တွေ့စေမှာ သေချာပါတယ်။ Indie Developer ဖြစ်တ… Read More
  • PUBG New State° Official ထွက်တာ မနေ့ကဆိုပေမယ့် Mobile Device အားလုံးတွက်ကော၊ iOS သမားတွေတွက်ပါ ဒီနေ့မှဘဲ အကုန်တန်းတူဆော့ခွင့်ရတာပါ။ ‌Original ဖြစ်တဲ့ PUBG Mobile နဲ့ပတ်သတ်ပြီး နိုင်ငံ… Read More

Comments

လူကြည့်အများဆုံး GAMES