LATEST NEWS

Fetching news...

Dark Romance The Swan Sonata

Dark Romance The Swan Sonata

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


•        Big Fish ရဲ့ အကောင်းဆုံး Game တွေထဲက တစ်ခုဖြစ်ပြီး မင်မင်တောင်သဘောကျတာက Game က Unique ဖြစ်သလို ခံစားရတယ်။ ဘာလို့ဆို Main Character ကိုက ပုံမှန်ဆော့နေကြ တစ်ယောက်တည်း မဟုတ်တော့လို့ပါ။ အဲတော့ ရတဲ့ Feeling က တစ်ဖက်သက်မဟုတ်တော့ဘဲ ဟိုဘက်ဒီဘက်က ပြဿနာကို ခံစားလို့ရတယ်။ 




•       Dark Romance ဆိုတဲ့အတိုင်း အချစ်ဇာတ်လမ်းလေးက စွန့်စွန့်စားစား တွေ့မြင်ရမှာပါ။ တစ်နေ့ Siegfried ဆိုတဲ့ မင်းသားလေးဟာ သူ့ရဲ့ ဥယျာဥ်တော်အတွင်းမှာ လမ်းလျှောက်ရင်း Odette ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို မထင်မှတ်ဘဲ မြင်ခဲ့ပါတယ်။ ဥယျာဥ်ရဲ့ အစေခံမလေး Odette ဟာ အရမ်းလှပလွန်းတာကြောင့် မင်းသားလေးမှာ မြင်ပါများတော့ ချစ်ကျွမ်းဝင်ဆိုတဲ့အတိုင်း Crush ရာကနေ ပေါ်တင် ဖွင့်ပြောရင်း သိပ်မကြာခင်မှာဘဲ နှစ်ယောက်သား လက်ထပ်ဖို့အထိ ချစ်ကျွမ်းဝင်သွားကြပါတယ်။ 




•        သာသာယာယာလေးဆိုပေမယ့် Odette တစ်ယောက် မင်္ဂလာပွဲတွက် အဘွားဆီအပြန်မှာတင် ပြဿနာဟာ စခဲ့တာပါ ။ အကြောင်းက မင်းသားလေးရဲ့ လူယုံတော် မှော်ဆရာ Rothbart ဟာ Odette ကို မင်းသားလေးနဲ့ ခပ်ဝေးဝေးနေဖို့ သတိပေးခဲ့ပြီး အသက်အန္တရာယ်ပြုတဲ့ထိ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီလိုနဲ Odette လေးဟာ အဖြစ်မှန်အကြောင်းစုံတွေကို ​မင်းသားလေးကို ရှင်းပြဖို့တွက် နန်းတော်ကို ချက်ခြင်းလိုက်သွားပေမယ့် ရဲမက်တွေရဲ့ စကားကြောင့် ဒီဇာတ်လမ်းဟာ ပိုစိတ်ဝင်စားစရာကောင်းလာပါတယ်။



•         ဘာလဲဆိုတော့ ရဲမက်တွေက Odette လေးကို အတုလို့မြင်နေကြပြီး သိပ်မကြာခင်ကဘဲ Odette မင်းသမီးလေးဟာ နန်းတွင်းထဲကို ရောက်နှင့်နေပြီလို့ ပြောပါတယ်။ ပြောရရင် ဒီ မင်္ဂလာပွဲဟာ လူသိရှင်ကြားဆိုပေမယ့် မည်သူမည်ဝါဆိုတာ ဘယ်သူမှ ဂဂနန မသိကြပါဘူး။ အဲတော့ Odette လေးတစ်ယောက် ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ? အချစ်စစ်ဟာ မှော်စွမ်းအင်တွေထက် ကြီးမားနေမလားဆိုတာတော့ ဒီ Game လေးမှာဘဲ ဖော်ထုတ်ကြည့်နော်...ပြီးတော့ Bonus မှာလည်း ရေသူမလေးလဲ ပါသေးတာပါ။ 




•         Game က Hidden Object အမျိုးစားဖြစ်ပြီး Adventure Type မျိုးပါ။ တစ်ချို့ HOS တွေက လွယ်ပေမယ့် Puzzle လေးတွေကတော့ အမြင်ဆန်းသလို သဘောလည်းကျစေမှာ သေချာတယ်။ Screen Wide ဖြစ်ပေမယ့် Fix မလို့ ဆော့ရတာ အဆင်ပြေပါတယ်။

( HOS = Hidden Object Scene )




======================

- [  Android version : 4.4 + ]

- [  Size : 895 MB ]

- [  Developer : Big Fish ]

- [  Type : offline ]

================

Download Link 
°°°°°°°°°°°°°°°°°°°

( Android )

Apk ( 18 MB ) [ Full ]

OBB ( 896 MB ) [ Full ]


( Apple iOS )

Apple iOS ( $ )

==========================




( ❤️ ❤️)

#HELLOYDB

WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...