Evan's Remains
° တစ်နေ့မှာတော့ Dysis ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ လူသူမရှိတဲ့ ထူးဆန်းတဲ့ ကျွန်းတစ်ခုပေါ်ကို ရောက်လာခဲ့ပါတယ်။ အကြောင်းကတော့ Evan ဆိုတဲ့ လူတစ်ယောက်ကို လိုက်ရှာပေးရမှာဖြစ်ပြီး ဒီအတွက်လည်း ( Up-Bring ) ဆိုတဲ့ သုတေသနဌာနနဲ့အတူ ပိုက်ဆံအများကြီး စာချုပ်ချုပ်ခံထားရတာပါ။ ဇာတ်လမ်းကတော့ အဲအတိုင်းဆိုပေမယ့် တကယ်တန်းကြတော့ ဒီထက် ပိုရှုပ်ထွေးပြီး ဇာတ်အိမ်အတက်အကျနဲ့ တော်တော်လေးကို ခန့်မှန်းရခက်တယ်။ ပြီးတော့ တစ်ယောက်ခြင်းစီရဲ့ အခက်ခဲတွေကိုလည်း ရသစုံအောင် ဖော်ပြပေးနိုင်တယ်။
° လောလောဆယ် စာအရှည်ကြီး မဖတ်ခြင်တဲ့သူတွေတွက် GAME ပုံစံလေးကို အရင်ရှင်းပြပေးမယ်။ Pixel စတိုင်နဲ့ Platform အမျိုးစားဖြစ်ပြီး Jumping Puzzle တွေကို စမတ်ကျကျ တည်ဆောက်ထားတဲ့ Game ကောင်းတစ်ခု ပါ။ Control ကစ တစ်မူထူးခြားတဲ့ ပုံစံနဲ့ ဖန်တီးပေးထားတာဖြစ်ပြီး Graphic ကစ Pixel Game တိုင်းရဲ့ ထုံးစံတိုင်း အရမ်းကိုလှပလွန်းပါတယ်။ Water Reflection တွေ Night Light တွေ ပြီးရင် Animation လှုပ်ရှားပုံတွေကစ အရမ်းကောင်းမွန်တဲ့ Game တစ်ခုပါ။ Sound စနစ်ပိုင်းမှာလည်း ပတ်ဝန်းကျင်နဲ့ ခြေသံကစ Detail ကြားရမယ့် Game တစ်ခုဖြစ်တာကြောင့် Size နည်းနည်းလေးနဲ့ တကယ်ကို မိုက်ပါတယ်။ ပြီးရင် ဒီထက်ပို မိုက်တာဘာလဲသိလား ? ဇာတ်လမ်းက လုံးဝ Deep ဖြစ်တယ်။
° အပေါ်ကပြောတဲ့ Up-Bring ဆိုတဲ့ သုတေသနဌာနက Evan ရဲ့ အကူညီနဲ့အတူ နည်းပညာမြင့် Portal ကို ပထမဆုံး Teleport အနေနဲ့ ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာဘဲ Evan ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။ နှစ်အတော်ကြာမှ ဌာနကို စာတစ်ဆောင်ရောက်လာခဲ့ပြီး Evan ဟာ ကျွန်းတစ်ခုပေါ်မှာ အသက်ရှင်နေသေးတယ်ဆိုတာ သိခဲ့ရတာပါ။ ဒါပေမယ့် အဲဒီစာထဲမှာ ထူးဆန်းတာက Dysis ဆိုတဲ့ ကောင်မလေးကို သူ့ဆီကို ပို့ပေးဖို့ ရေးထားတာပါ။ ဘာကြောင့်ဆိုတာမသိပေမယ့် ဌာနကလည်း ကောင်မလေးကို ပိုက်ဆံတွေအများကြီးနဲ့ အတင်းစာချုပ်ချုပ်ခဲ့ပါတယ်။
° ဒီလိုနဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Dysis ဟာ Teleport နဲ့အတူ ယောင်လည်လည်နဲ့ ကျွန်းပေါ်ကို တစ်ယောက်တည်းရောက်လာခဲ့တာပေါ့။ ကျွန်းပေါ်ရောက်တော့ Clover ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ မထင်မှတ်ဘဲ စုံခဲ့ပြီး သူက ဒီ ကျွန်းကြီးရဲ့ Immortal ဆိုတဲ့ ထာဝရရှင်သန်ခြင်းကို လိုက်ရှာနေတာပါ။ သမိုင်းအထောက်ထားတွေအရ ဒီ ကျောက်တိုင်ကြီးတွေရဲ့ Ancient Puzzle တွေဟာ တစ်စုံတစ်ရာကို ရည်ညွှန်းတင်စားနေတဲ့ Message တစ်ခုဖြစ်ပြီး အဓိပ္ပာယ်ကို ဖော်ဖို့တွက် အဲကောင်လေးက ကြိုးစားနေတာမျိုးပေါ့။ စိတ်ဝင်စားစရာကောင်းတာက အဲကောင်လေးနဲ့တွေ့တဲ့ အချိန်မှာ ဌာနက Dysis ကို နာမည်အရင်းမပြောခိုင်းဘဲ Vanille ဆိုပြီး နာမည်အတုနဲ့ လိမ်ပြောခိုင်းတာပါ။
° ဘာကြောင့်ဆိုတာမသိပေမယ့် ညရောက်တဲ့အချိန်မှာတော့ Dysis ဟာ အနားယူဖို့တွက် Portal နဲ့အတူ သူမရဲ့ သီးသန့်အခန်းထဲကို ပြန်ဝင်သွားခဲ့ပါတယ်။ ဌာနက စီစဥ်ပေးထားတဲ့ နေရာဖြစ်ပြီး သူမရဲ့ ID နဲ့မှသာ ဖွင့်လို့ရတာမျိုးပါ။ ပြီးတော့ အခန်းက အဝင်ထွက်တံခါးမရှိဘဲ အလုံးပိတ်တည်ဆောက်ထားတာဖြစ်ပြီး အဝင်ထွက်လုပ်ဖို့ရာကိုတော့ Portal ကို အသုံးပြုရတာမျိုးပေါ့။ နောက်နေ့ မနက်ကြတော့ သူမရဲ့ ဆက်သွယ်ရေးကိရိယာဟာ ထူးထူးဆန်းဆန်း ပျောက်သွားခဲ့ပြီး ဌာနနဲ့ အဆက်သွယ်ပျက်သွားခဲ့ပါတယ်။ အပေါ်က ပြောခဲ့သလို သူမရဲ့ ID နဲ့သာ ဝင်ထွက်လို့ရတဲ့ အခန်းထဲကနေ ပစ္စည်းပျောက်သွားတာဆိုတော့ ဒီကိစ္စဟာ အရမ်းထူးဆန်းနေတာပေါ့ ။ ပြီးတော့ ပိုထူးဆန်းတာက အဲဒီပစ္စည်းနေရာမှာ ပုံလေးတစ်ပုံထားခဲ့တာပါ။ ဘယ်သူဘယ်ဝါဆိုတာ မသိပေမယ့် Dysis အနေနဲ့ကတော့ ဒါဟာ ပိုပိုပြီး စဥ်းစားစရာဖြစ်ခဲ့ပါတယ်။ နောက်ထက်ပို ဆိုးတာဘာလဲသိလား ? ဒီ ကျွန်းပေါ်မှာက နာရီတွေကော သံလိုက်အိမ်မြှောင်တွေပါ အလုပ်မလုပ်တော့ဘူးဆိုတာပါ။ အဲတော့ Rader ထဲမှာကော မြေပုံထဲမှာပါ ဒီကျွန်းကို ရှာတွေဖို့ဆိုတာက လုံးဝ မဖြစ်နိင်ဘဲ သံလိုက်လိုင်းတွေ အမြင့်ဆုံးအနေထားမှာရှိနေတဲ့ ကျွန်းတစ်ခုပါ။ သဘာဝအတိုင်းဘဲလား တစ်စုံတစ်ရာကြောင့်ဘဲလားဆိုတာတော့ စဥ်းစားစရာဖြစ်လာတာပေါ့။
° ဒီ ကျွန်းပေါ်ကို ရောက်လာတဲ့ ရည်ရွယ်ချက်တွေဟာ တိုက်ဆိုင်မှုတစ်ခုထက် ပိုနေတယ်ဆိုတာလည်း Dysis အနေနဲ့ သတိထားမိခဲ့ပါတယ်။ Dysis က Evan ကို ရှာဖို့တွက် ပိုက်ဆံကြောင့် ဒီကို ရောက်လာခဲ့တာဖြစ်ပေမယ့် ကျွန်းပေါ်ကို ရောက်နှင့်ပြီးသား Clover ကတော့ သူ့ညီမအတွက် Immortal စွမ်းအင်ကို လိုက်ရှာနေတာပါ။ ပိုထူးဆန်းတာက နေမကောင်းဖြစ်နေတဲ့ Clover ရဲ့ ညီမဖြစ်သူ နာမည်ကလည်း Dysis ဖြစ်နေတယ်ဆိုတာပါ။ အဲတော့ သူမတွက် အတော်အံ့သြစရာကောင်းလောက်အောင် နာမည်ဆင်တူနေတာကအစ တိုက်ဆိုက်နေခဲ့တာပေါ့။ အစကပြောခဲ့သလို အဓိက ဒီ Game ရဲ့ ဇာတ်ကြောင်းက Dysis က Evan ကိုရှာမယ် ပြီးရင် Clover က immortal ဆေးကို ရှာမယ်။ ဒါပေမယ့် ဒွိဟဖြစ်စေမှာက ဒီ ကျွန်းနဲ့ပတ်သတ်ပြီး Immortal အကြောင်းကို သုတေသနဌာနက ဘာမှမပြောခဲ့ဘူးဆိုတာပါ။ ပြီးတော့ Evan က ဘာကြောင့် Dysis တစ်ယောက်တည်းကို ဒီကျွန်းပေါ်လာစေခြင်တာလဲ ? Clover ညီမ နဲ့ Dysis နာမည်ကကော ဘာလို့ တူနေရတာလဲ ? Clover က ဒီ ကျွန်းပေါ်မှာ ရောက်နှင်နေပြီးသားဆိုတော့ Evan နဲ့ များ စုံခဲ့ပြီးသားလား ? ဒီ အဖြစ်ပျက်တွေရဲ့ နောက်ကွယ်က ကြိုးကိုင် ကစားနေတာ ဘယ်သူဖြစ်နိင်မလဲ ? Evan လား ? သုတေသနဌာနကလား ? ဒါမှမဟုတ် လူမသိသူမသိကျွန်းပေါ်ကို ထူးထူးဆန်းဆန်းရောက်နေတဲ့ Clover လား ? တခြား ဘယ်သူတွေဖြစ်နိုင်အုံးမလဲဆိုတဲ့ သိခြင်စိတ်ဟာ ဒီ Game ရဲ့ အနှစ်သာရတစ်ခုပါ။ ပြီးတော့ ဒီကျွန်းကြီးမှာလည်း မြို့တော်ကြီး ရှိသေးတာနော်။
° အခုပြောနေတာတွေတောင် ဇာတ်လမ်းက နည်းနည်းရှုပ်ခြင်လာပြီမလား။ ကြားထဲမှာ ဒီထက် စဥ်းစားစရာ အပိုင်းတွေ ကျန်သေးတယ်။ ပြီးတော့ ဒီ Game မှာ ထူးဆန်းတာက တခြား Game တွေလို Puzzle ကို အဓိကမဟုတ်ဘဲ ဇာတ်လမ်းကို ဦးစားပေးထားတာမျိုးပါ။ ဘာလို့ဆိုတော့ Puzzle တွေကို Skip လုပ်လို့ရပြီး Dialog တွေမှာ နည်းနည်းလွတ်တာနဲ့ ဇာတ်အိမ်ရဲ့ အဓိက ပဟေဠိကို ချိတ်ဆက်မိမှာ မဟုတ်ပါဘူး။ ပြီးတော့ Admin သတိထားမိတာက Puzzle တစ်ခုစီတိုင်းမှာ Pause ရပ်လိုက်ရင် တည်နေရာရဲ့ Metaphor တင်စားထားတဲ့ စာကြောင်းအဓိပ္ပာယ်လေးတွေ တွေ့ရလိမ့်မယ်။ လိုအပ်လားဆိုတော့ နောက်ကြရင် ပြောမရဘူးလေ။ အနည်းဆုံးတော့ ဖတ်ရတာပေါ့။
° ဒီ Game ကို အစတုန်းက ပျင်းစရာကောင်းတယ်လို့ ထင်ခဲ့တာ။ ဘာလို့ဆို Game စကတည်းက Conflict ကြီးနဲ့ ကစားသူကို ဟိုမရောက်ဒီမရောက်အောင်ကိုလုပ်ထားတာကို။ ပြောရရင် ဇာတ်ရည်မလည်ဘူးပေါ့။ နောက် New Game ကနေ စမှ တဖြည်းဖြည်း Climax ဇာတ်အိမ်အတက်ဘက်ကို ဆွဲသွားပြီး ကြားထဲမှာ ခန့်မှန်းရခက်တဲ့ အဖြစ်ပျက်တွေကို Mystery ဆန်ဆန် ဆက်တိုက် ပေးနေတာမျိုးပါ။
° ပြောရရင် Admin တောင် ဒီ Game ကစားရင်း တစ်ယောက်တည်း အတွေးပေါင်းသောင်းခြောက်ထောင်ဖြစ်နေတာ။ နားလည်မယ်လုပ်လိုက် နောက်ထပ် Character တစ်ယောက်က ပေါ်လာလိုက် ပြန်ရှုပ်သွားလိုက်နဲ့ အဲလိုမျိုး ဇာတ်သိမ်းကို လုံးဝ မှန်းလို့မရခဲ့ဘူး။ Game က လူပျောက်ရှာတာလား မသေဆေးရှာတာလားတောင် မကွဲဘူး။ ပြီးတော့ ဒီထက် ပိုတွေးရရင် Time Traveler လား ဒါမှမဟုတ် Testing တစ်ခုလား ၊ ဒါမှမဟုတ် Mind Trick လားလို့တောင် အတွေးပေါင်းစုံ ရစေတယ်။ ပြောရရင် ဒီ Game က သင့်ရဲ့ အတွေးတွေကို Deep Think ဖြစ်စေတာမလို့ ဇာတ်လမ်းခန့်မှန်းရတာကို သဘောကျတဲ့သူတွေတွက် ဆော့ပျော်စေမယ့် Game ကောင်းတစ်ခုလို့ Admin ကတော့ အကြံပေးတယ်။
======================
- [ Android version : 4.1 + ]
- [ Size : 105 MB ]
- [ Developer : Whitethorn Games ]
- [ Type : Offline ]
================
Download Link
°°°°°°°°°°°°°°°
==========================
( စာအရှည်ကြီး ဖတ်လိုက်ရလို့ Sorry ပါ။ စိတ်ပါသွားရင် အဲလိုဘဲ 😅)
#HELLOYDB
Comments