LATEST NEWS

Fetching news...

Flower Girls

Flower Girls

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


°       ဒီ Game လေးက Anime Fun တွေတွက် အရမ်းသဘောကျစေမှာဖြစ်ပြီး ထူးထူးဆန်းဆန်းဆော့ရမယ့် Game မျိုးလေးဆိုလည်း မမှားပါဘူး။ Game ပုံစံလေးက သက်ရှိအပင်လေးတစ်ပင်ကို သေချာပြုစုပေးရမှာဖြစ်ပြီး အပင်ပေါက်လေးကစလို့ ကြီးတဲ့ထိ ဂရုစိုက်ပေးရမှာပါ။ သက်ရှိအပင်လေးဆိုတာက အရမ်းအရမ်းချစ်စရာကောင်းတဲ့ ပန်းနတ်မိမယ်လေးတွေဖြစ်ပြီး သူတို့ရဲ့ ပေါက်စအရွယ်ကနေစပြီး အရွယ်ရောက် အပျိုရွယ်ဖြစ်သည်ထိ ပြုစုစောင့်ရှောက်ပေးရမှာပါ။ 




°         အရမ်းစိတ်ဝင်စားစရာကောင်းသလို အချိန်အနေနဲ့လည်း ၇ ရက်လောက်ထိ ပေးရမယ့် Game မျိုးပါ။ ဘာလို့ဆို Gameplay ကိုက အကောင်တစ်ကောင်မွေးသလို ပြုစုပေးရမှာဖြစ်ပြီး နေ့စဥ်နေ့တိုင်း သူတို့လေးတွေကို ရေလောင်းပေး ၊ မြေသြဇာထည့်ပေး ပြီးရင် သူတို့လေးတွေ ပျော်အောင်လို့ စကားပြောပေးရတာမျိုးတွေပါ လုပ်ပေးရမှာပါ ။ ပန်းနတ်မိမယ်တွေအနေနဲ့ အမျိုးစား ၅ မျိုးထိ ပါဝင်ပြီး တစ်ယောက်ခြင်းစီတိုင်းမှာ မတူညီတဲ့ အလေ့ကျင့်နဲ့ Personal Information ကိုယ်စီရှိပါတယ်။ ရေထဲမှာ အသက်ရှင်တဲ့ ပန်းနတ်မိမယ်ရှိသလို မြေပေါ်မှာ သာယာတဲ့ ပန်းနတ်မိမယ်လေးတွေလည်း ရှိပါတယ်။ အဓိကက သူတို့လေးတွေကို ပျော်အောင်ထားပေးရမှာဖြစ်ပြီး လိုတာရှိရင်လည်း အကုန်လိုက်လုပ်ပေးရမှာပါ။ ဒါ့အပြင့် သူတို့ရဲ့ပျော်ရွှင်မှုတွေကို ရယူဖို့အတွက် Mini Game လေးတွေကိုလည်းဆော့ရင်း Level အလိုက် Happiness တွေကိုလည်း ရယူနိုင်ပါတယ်။ 




°          Game ပုံစံလေးက ရိုးရှင်းသလို ဆေးရည်တွေ သုံးပြီးတော့လည်း အပင်လေးတွေကို မြန်မြန်ကြီးလာအောင် လုပ်လို့ရပါတယ်။ အဓိကကတော့ သူ့အရွယ်နဲ့သူ Cute ကနေ Sexy ကျတဲ့ထိ ဒီ Game လေးက ကစားသူတွေကို ဆွဲဆောင်သွားတာမျိုးပါ။ ပြီးတော့ အသံလေးတွေကောပေါ့။ Nymphea လေးဆို တအားချစ်စရာကောင်းတယ်။ ရေကန်ထဲမှာ ဇိမ်ခံနေပုံက ကလေးလေးလို အူယားစရာလေး။ ဒီထဲမှာ ပိုအူယားစရာကောင်းတာက မျက်လုံးခတ်တဲ့ ပုံစံလေးတွေဘဲ။ ဘယ်လိုဘဲနေနေ အရမ်းချစ်စရာကောင်းတဲ့ Game လေးပါ။ 





======================

- [  Android version : 4.4 +  ]

- [  Size : 146 MB ]

- [  Developer : Alukard  ]

- [  Type : Offline ]

================

Download Link


Or



==========================

( Love you all )

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...