Horror Squad

0% COMMUNITY SCORE
LOADING...
RATE:


°         ဒီ Game က နောက်ထွက်တဲ့ Online Multiplayer Horror Game တစ်ခုဖြစ်ပြီး  Steam နဲ့အတူ Mobile တွက်ပါ ထွက်လာတာပါ ။ ပြောရရင် Mobile မှာက လိုအပ်ချက်တွေရှိနေသေးပေမယ့်  ဆော့ရတာကတော့ Horror Fan တွေတွက် အတွေ့ကြုံသစ်ရစေမယ့် Game ကောင်းတစ်ခုပါ။




°         Mobile မှာ ထွက်ထားတဲ့ Online Horror Game အများစုက Player 5 ယောက်ကိုမှ တစ်ယောက်က Killer ကျန်တဲ့လူတွေက Runner ပုံစံမျိုးတွေပါ ။ ဒါပေမယ့် ဒီ Game မှာကတော့ Player အကုန်လုံးက တစ်သင်းတည်းမှာဘဲ အတူတူ ကစားရမှာဖြစ်ပြီး မကောင်းဆိုးဝါးကို နှိမ်နင်းဖို့တွက် ကြိုးစားရမှာပါ ။ အဲတော့ Game ပုံစံက Player တွေက သဲလွန်စ Quest တွေကို လိုက်ရှာရင်း မကောင်းဆိုးဝါးကလည်း သူ့ကို ကျိန်စာ မပျယ်ဖို့တွက်နဲ့  Player တွေကို လိုက်သတ်ပြီး အကျဥ်းချမှာပါ ။ ပိုစိတ်ဝင်စားစရာကောင်းတာက Player တွေအကုန်လုံးက ဝိညာဥ်တွေကျက်စားတဲ့ နယ်ပယ်ထဲမှာ လှုပ်ရှားကြရမှာဆိုတော့  တခြားသော နာနာဘာဝတွေ ၊ တစ္ဆေတွေ ၊ သရဲတွေကစ အကုန် လိုက်နှောက်ယှက်တာ ခံကြရမှာပါ။ အရမ်းလည်း ခက်သလို အရမ်းလည်း ကြောက်ဖို့ကောင်းပါတယ်။ 




°         Game က Character တွေ အတော်ပါပြီး သူငယ်ချင်းတွေနဲ့ အတူတူ Room ထောင်ကစားလို့ရပါတယ် ။ ဖြစ်နိုင်ရင် သူငယ်ချင်းရှိမှ ကစားပါ။ မဟုတ်ရင် တစ်ယောက်တည်း ဖင်တုန်နေလိမ့်မယ်။ တကယ်ကို ဓာတ်မီးအလင်းရောင်တစ်ခုတည်းကိုဘဲ အားပြုရတာဖြစ်ပြီး  မကောင်းဆိုးဝါးလိုက်တာထက်  သရဲခြောက်ခံရတာနဲ့တင် လူက တစ်ကိုယ်လုံးတုန်နေပြီ ။ အစက မင်မင်လည်း သာမန် Horror တွေလို မကောင်းဆိုးဝါးက လိုက်သတ်မယ် ကိုယ်က ဝေးဝေးရှောင်ရုံဘဲလို့ ထင်ခဲ့တာပေါ့ ။ လက်စသတ်တော့ ဘယ်ဟုတ်မလဲ  ကိုယ်က လူသတ်သမားမြင်လို့ ထွက်ပြေးကာမှ လမ်းတစ်လမ်းလုံး ခြောက်လိုက်တဲ့ သရဲ  ဘယ်ပြေးရမှန်းတောင် မသိဘူး ။ ပြောရရင် ကိုယ်ထင်ထားတာက သရဲတစ်ကောင်တည်းလို့ မှတ်တာ ။ နောက်ကြမှ လှေကားပေါ်က ပြုန်ကျလာတွေကော ၊  ရယ်သံတွေကော ၊ ကလေးဖြတ်သွားတာတွေကော စုံနေတာဘဲ ။ ဒီကြားထဲ First Person ဆိုတော့  လူကို ဆွဲခေါ်သွားရင်တောင် ကိုယ့်မှာ တစ်ကယ်ဖြစ်နေတယ်ထင်နေတာ။ ​ ခြောက်တဲ့သရဲက ခြောက်ဘဲ ခြောက်မှာ  သတ်တဲ့ကောင်ကမှ ဓားနဲ့ လိုက်ထိုးမှာ ။ အဖမ်းခံရရင်လည်း သော့ဖြည်ရတာ အမော  ။




°         Game က ပုံစံလေးမိုက်ပေမယ့် Ads ကြောင့် အရှိန်လျော့သွားတယ်လို့ မြင်မိတယ်။ ဆော့တဲ့သူနည်းတော့ မင်မင်တောင် Solo ဖြစ်သွားတာ။ ပြီးတော့ Bug နည်းနည်းပါပြီး PC version လောက် ကြည့်မကောင်းပေမယ့် Mobile တွက်တော့ Gameplay အသစ်ဆန်းတစ်ခုဖြစ်တာကြောင့် စမ်းဆော့ကြည့်သင့်တယ်လို့ ပြောခြင်တယ်။ မင်မင် လို ပြာယာခက်ခြင်ရင်တော့ ဆော့ကြည့်သင့်တယ်။ မင်မင်ရေးထားတာ ဖတ်ပြီးသွားတော့ ကြိုက်သိသွားပေမယ့်  ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာတော့ မပါဘူးနော် ။ အဲတော့ ကံကောင်းပါစေ ....


======================

- [  Android version : 4.4 + ]

- [  Size : 326 MB ]

- [  Developer : Cheesecake Dev]

- [  Type : Online ]

================

Download Link
°°°°°°°°°°°°°°°°°°°

Playstore

Or

APKPURE


==========================


#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...