Ice Scream 2



        IT တောင် Chapter 2 ထွက်သေးတာဘဲ။ Ice Scream လဲ လူကြိုက်များတော့ Episode 2 ထွက်လာပြီ။ အရင် version ထက် ပိုပြီး ကောင်းမွန်လာတယ်။ Ice Scream 1 တုန်းက ကလေးတွေ ခိုးတဲ့ Rob ဟာ ဒီတစ်ခါတော့ ပြန်ပေါ်လာပါပြီ။ ဒါပေမယ့် Rob ဟာ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ သင်က အရင်က သူငယ်ချင်းတွေကို ကယ်ခဲ့ပေမယ့် ဒီတစ်ခါလည်း သင့်သူငယ်ချင်းတစ်ယောက် ပါသွားပြန်ပါတယ်။ အဲတော့ ဒီတစ်ယောက်ကိုကော သင်ကယ်နိုင်ပါ့မလား ? 



    Game က Easy ဖြစ်တဲ့ Ghost နဲ့ Normal ဆော့ရင်တော့ စိတ်လှုပ်ရှားစရာမကောင်းဘူး။ Hard နဲ့ Extreme ကမှ သေအောင်လန့်ရတာ။ Ghost Mod ဆ်ိုရင် Rob တောင် သင့်ကိုမမြင်ရပါဘူး။ Admin အကြံပေးခြင်တာက Hard နဲ့ Extreme ဆော့ပါ။ အဲနှစ်ခုကမှ Game အနှစ်သာရကိုပေးတာ။ Map ကို အမှောင်ချထားပြီး Rob က မြင်ရင် ပြေးပြီးလိုက်သတ်တာပါ။ အသံမှန်သမျှ ကြားပြီ လှုပ်ချိန်တောင်မရဘူး။ ပြီးတော့ ဟိုဘက်က ထွက်သွားရင် တစ်ခါလေ ဒီဘက်ကို မြန်မြန်ရောက်လာတတ်တယ်။ Admin ဆ်ိုရင် ဝိုင်းကြီးပတ်ပတ်ကို ဖြစ်လို့ အသားကုန်ပြေးတော့တာ။ ဒီကြားထဲ ဖွတ်ကျားက တစ်ခါလေ ကိုယ့်ရှေ့ကနေ ပေါ်လာတာရှိသေးတယ်။ လန့်လို့ အော်ပြီး ပြေးရတာ တစ်မျိုး။ 




     GAME က Item တွေ အတော်ထည့်ပေးလာတယ်။ ပြီးတော့ Puzzle လေးတွေပါ ပါလို့ သဘောကျမှာပါ။ 1 နဲ့တူတယ်လို့ထင်ရပေမယ့် ဆော့ရတာတော့ မိုက်နေဆဲပါ။ Horror Game လေးဖြစ်ပြီး Episode 1 ထက်တောင် Rating များနေပါတယ်။ ဘာလို့လဲဆိုတာ သိခြင်ရင်တော့ ကိုယ်တိုင်ဘဲဆော့ကြည့်လိုက်တော့ ။ 
System Reqirement

Android version 4.4 +
Size 138 MB
Developer Keplerians Horror
Network offline
App version 1.0.6
Price Free

Download Link


( Android )
Playstore
Or
Apk Only ( 138 MB )

( Apple iOS )

Download
HELLO YDB

Comments

လူကြည့်အများဆုံး GAMES