Ice Scream 4



•      အခုဆိုရင် နာမည်ကြီး Horror Series တစ်ခုဖြစ်တဲ့ Ice Scream ဟာ မနေ့ညကဘဲ 4 အနေနဲ့ အသစ်ထပ်ထွက်လာပါပြီ။ အရင်ကထက် ပိုစိတ်ဝင်စားစရာကောင်းသလို ဒီတစ်ခါတော့ တစ်ကောင်းတည်းတောင် မဟုတ်တော့ပါဘူး။ Evil Nun ကို ထုတ်တဲ့ Developer တွေဖြစ်ပြီး Spain ကမလို့ Boycott ကင်းပါတယ်။ 





•      အရင်တစ်ခါက သူငယ်ချင်းတွေကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် ဒီတစ်ခါတော့ အကုန်လုံးကို ထပ်အဖမ်းခံရတာပါ။ ပိုဆိုးတာက သူ့ရဲ့ ကိုယ်ပိုင်စက်ရုံထဲကို ခေါ်သွားတာဖြစ်ပြီး အရင်ကထက် သူ့ရဲ့ နောက်ကြောင်းတွေကို ပို Explore လုပ်ခွင့်ရမှာပါ။ ဒါ့အပြင် သူ့ရဲ့ လက်ထောက်တွေ၊ အစောင့်တွေပါ တိုးလာတာကြောင့် ဒီတစ်ခါ Game ကတော့ နှလုံးခုန် အတော်မြန်ရုံတင်မကဘဲ ဘယ်ပြေးလို့ပြေးရမှန်းမသိ ပြာယာခက်နေလိမ့်မယ်။






•         Game ရဲ့ Difficult မှာလည်း Hard ထိပါဝင်သလို မကြောက်တတ်တဲ့သူတွေတွက်လည်း Darker Mode ကို On တဲ့ထိ ပတ်ဝန်းကျင်တစ်ခုလုံးကို စိတ်လှုပ်ရှားစွာနဲ့ မှောင်မဲနေအောင် ဆော့ကြည့်လို့ရပါတယ်။ ပြောရရင် ဒီ Game က ဟိုလိုမျိုး ရုပ်ဆိုးဆိုးကြီးတွေနဲ့ ​သရဲလိုက်ခြောက်တာမျိုးမဟုတ်ဘဲ လူသတ်သမားလက်ကနေ သူငယ်ချင်းတွေကို ကယ်ထုတ်ပေးရမယ့် ကလေးတစ်ယောက်နေရာကနေ ကစားပေးရမှာပါ။ Super risky ဖြစ်တဲ့ အတွေ့ကြုံကို ခံစားရမှာဖြစ်တာကြောင့် ကိုယ့်အသက်ကိုယ်တင် မဟုတ်ဘဲ သူငယ်ချင်းတွေရဲ့ အသက်တွေကိုပါ သတ္တိရှိရှိ ကယ်ထုတ်ပေးရမယ့် Game ကောင်းတစ်ခုပါ။





System Reqirement

Android version 4.4 +
Size 160 MB
Developer Keplerians Horror
Network offline
App version 1.0.1
Price Free

 

Download Link


( Android )

Playstore
Or
Apk Only ( 160 MB ) [ Mediafire ]

( Apple iOS )

Download

==========================

( Be Safe )

#HELLOYDB

•      

Comments

လူကြည့်အများဆုံး GAMES