Ice Scream



         ဒီ Game နာမည်က Ice cream မဟုတ်ဘူးနော် Ice Scream ။ ဘာလို့ ဒီ game လေးတင်ရလဲဆိုရင် ဆော့ရတာ တခြား Game တွေလို တစ်နေရာတည်းမဟုတ်လို့ပါ။ Horror game ဆိုပေမယ့် ဆော့ရတာ မဆိုးဘူး။ အရမ်းလည်း ကြောက်စရာမကောင်းဘူး။ ဒါပေမယ့် နှလုံးခုန်တော့ မြန်တယ်။ ပြီးတော့ ဒီ game က Evil Nun ကနေဘဲ ထုတ်ထားတာနော်။



        Game ရဲ့ ဇာတ်ကြောင်းက ပိုဆွဲဆောင်စေတယ်လို့ပြောလို့ရတယ်။ ရေခဲမုန့်ကားလာရင် ကလေးတိုင်း ရေခဲ့မုန့်စားကြတယ်ဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် ဒီ ရေခဲမုန့်ကားကို မောင်းလာတဲ့လူက ရေခဲမုန့်ကို ငါးစာလုပ်ပြီး IT ထဲကလို ကလေးတွေကို ပြန်ပေးဆွဲနေတာပါ။ ဖြစ်ခြင်တော့ သင့်သူငယ်ချင်းက အဲဒီရေခဲမုန့်ကားစီမှာ သွားဝယ်မိတယ်။ အဲမှာ သင့်သူငယ်ချင်းကို တကိုယ်လုံးခဲအောင်လုပ်ပြီး ပြန်ပေးဆွဲသွားတယ်။ သင်က အိမ်ပေါ်ကနေ အဲဒီအဖြစ်ကို အစဆုံးမြင်လိုက်ရတာဆိုတော့ သင့်သူငယ်ချင်းရဲ့ အသက်က သင့်ပေါ်မူတည်နေပြီ။ အဲဒါကြောင့် သင့်သူငယ်ချင်းကို ကယ်ဖို့ရာတွက် အဲဒီရေခဲမုန့်ကားထဲမှာ မသိမသာလေး ပုန်းပြီးလိုက်ခဲ့တယ်။ လမ်းတစ်လျှောက် ကားရပ်တဲ့နေရာတွေမှာ ကြုံသမျှသမျှ ပဟေဠိတွေ ဖြေရှင်းရင်း ဒီ ပြန်ပေးဆွဲတဲ့လူရဲ့ နောက်ကွယ်က ဘာလဲဆိုတာ ဖြေရှင်းရမှာပါ။





        Horror ဖြစ်ပေမယ့် Game ပုံစံလေးသဘောကျလို့ ဆော့ကြည့်သင့်တယ်လို့ အကြံပေးပါတယ်။ ပြီးတော့ ကြောက်စရာလဲသိပ်မကောင်းဘူး။ ဇာတ်လမ်းကဘဲ စိတ်ဝင်စားစရာကောင်းတာ။ နောက်ဆုံးမှာ သူ့သူငယ်ချင်းကို ကယ်နိုင်မလား ? ကယ်နိုင်တယ်ဆိုရင်တောင် သူတို့ ဘယ်လို လွတ်မြောက်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

System Reqirement

Android version 4.4 +
Size 144 MB
Developer Keplerians Horror
Network offline
App version 1.1.6
Price Free

Download Link


( Android )

Playstore
Or
Apk Only ( 140 MB )

( Apple iOS )

Download

HELLOYDB

Comments

လူကြည့်အများဆုံး GAMES