Implosion Never Lose Hope
° ဒီ Game မှာဆိုရင် သင်ဟာ Jake နေရာကနေ ကစားရမှာဖြစ်ပြီး ဦးလေးဖြစ်တဲ့ Jonathan ဆီကနေ ရခဲ့တဲ့ Message တစ်ခုကြောင့် ကမ္ဘာမြေကို တာဝန်တစ်ခုအနေနဲ့ ပြန်သွားစစ်ဆေးရမှာပါ။ လက်ထောက် Pilot ဖြစ်တဲ့ Diana ကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး အတော်ကြာခဲ့တာကြောင့် သိပ်တော့ ဘဝင်မကျခဲ့ပါဘူး။
° ဘာလို့ဆိုတော့ လွန်ခဲ့တဲ့ ရာစုနှစ် နှစ်ခုစာလောက်ကတည်းက ကမ္ဘာမြေဟာ လုံးဝပျက်သုန်းသွားခဲ့ပြီး သက်ရှိမှန်သမျှ ဖျက်ဆီးခံခဲ့ရတာပါ။ ကမ္ဘာ့အပြင်ကနေ ရောက်လာခဲ့တဲ့ XADA တွေကြောင့် လူသားမျိုးနွယ်တွေဟာ ကပ်ဆိုက်ခံခဲ့ရပြီး နည်းပညာမှန်သမျှဟာ အဲဒီအကောင်တွေရဲ့ သတ်ကွင်းဖြစ်လာခဲ့ပါတယ်။ တစ်နည်းအားဖြင့် ငါးမန်းတွေက ပင်လယ်ထဲက သွေးညှီနံ့ကို ဘယ်လောက်ဝေးဝေး အနံ့ရနိုင်သလို နည်းပညာတွေဟာလည်း အဲဒီ အကောင်တွေတွက် မိုင်ပေါင်းဘယ်လောက်ထောင်ချီဝေးဝေး အာရုံရနေကြတာပါ။
° အဲတော့ Diana ရဲ့ အတွေးက ရာစုနှစ်ဒီလောက်ကြာတဲ့ထိ လူသားတွေ အသက်ရှင်ကျန်ဖို့ဆိုတာ ရာခိုင်းနှုန်း အတော်နည်းပြီး Ghost Town လိုဘဲ သတ်မှတ်ခဲ့တာပါ ။ ပြီးတော့ Jake ရဲ့ ဦးလေးကိုယ်တိုင်ကိုယ်က ကမ္ဘာမြေကို ပြန်မလာဖို့တွက် Message ထဲမှာ တစ်ခါတည်း ပြောခဲ့တာကြောင့် သူမရဲ့ အတွေးကလည်း မမှားပါဘူး။ ဒါပေမယ့် Jake ကတော့ ဦးလေးဖြစ်သူ အသက်ရှင်နေအုန်းမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ ကမ္ဘာမြေကို ပြန်လာခဲ့တာဖြစ်ပြီး နည်းပညာမြင့် Avalon နဲ့အတူ သွားရောက်စုံစမ်းရမှာပါ။
° Avalon ရဲ့ နည်းပညာဟာ လူကိုယ်တိုင် ဝင်စရာမလိုဘဲ စိတ်ကနေဘဲ Connect လုပ်ပေးတဲ့ စက်ရုပ်တစ်မျိုးပါ။ Jake ရဲ့ ခန္ဓာကိုယ်ဟာ ယာဥ်ပေါ်မှာဘဲ ကျန်ခဲ့မှာဖြစ်ပြီး စိတ်ကတော့ Avalon နဲ့အတူ ကမ္ဘာမြေပေါ်ကို ရောက်သွားမှာပါ။ မြင်သာအောင်ပြောရရင် Avata ကြည့်ဖူးသူတိုင်း နားလည်မှာဖြစ်ပြီး အရမ်းကို Sci-Fi ဆန်တဲ့ Game ကောင်းတစ်ခုပါ။ အဲတော့ Jake တစ်ယောက် သူ့ဦးလေးကို ပြန်ရှာနိုင်ပါ့မလား ? အဲဒါတွေထက် Jake တစ်ယောက် မတွေးလိုက်မိတဲ့ အချက်က XADA တွေဟာ ဒီကမ္ဘာမြေမှာ ရှိနေအုန်းမလားဆိုတာကိုတော့ ကိုယ်တိုင်ဘဲ့ ရှာဖွေ စွန့်စားကြည့်လိုက်တော့နော်။
° Game က Action သမားတွေတွက် လုံးဝ သဘောကျစေမှာဖြစ်ပြီး Easy Mode မှာတောင် အတော်ရုန်းရတဲ့ Game ကောင်းတစ်ခုပါ။Basic Attack အနေနဲ့ ဓားတစ်ချောင်းပါပြီး ကိုယ်နိပ်တဲ့ အချက်ပေါ်မူတည်ပြီးလည်း Skill အစုံထွက်ပါတယ်။ အရင်က ကြုံဖူးတဲ့ ခလုပ်တွေက Basic Attack နှစ်ချက်နိပ်ပြီး Heavy Attack ကို နိပ်လိုက်ရင် တိုက်ကွက် အသစ်ထွက်လာမျိုးမဟုတ်ဘဲ Basic Attack တစ်ခုတည်းမှာတင် တိုက်ကွက် အစုံထည့်ပေးထားတာပါ။ ဒီ Game ရဲ့ ပုံစံက တစ်ချက်ခုတ်လိုက်တာနဲ့ ခရမ်းရောင် Energy ပြန်ကန်ထွက်လာပြီး နောက်တစ်ချက် ထပ်ခုတ်တာနဲ့ တိုက်ကွက် အသစ်ထွက်လာတာမျိုးပါ။ အရမ်းလည်းမိုက်သလို အရမ်းလည်း Skill လိုပါတယ်။ ဘာလို့ဆို Enemy တွေက နောက်ပိုင်း သေခြင်လောက်အောင်ကို Damage တအားပြင်းပါတယ်။ One Hit နဲ့တောင် ဂိသွားတဲ့ အခြေနေမျိုးရှိတယ်။ အဲဒါကြောင့်လည်း Game အသက် 5 သက်ထိ ပေးထားတာပါ။
° ဒီ Game မှာက Item 6 နေရာထိ တပ်ပေးလို့ရပြီး Power တို့ Armor တို့ နောက်ပြီး တခြား Critical Rate တွေကိုပါ ကြည့်တပ်ပေးရမှာပါ။ Upgrade စနစ်မပါဘဲ Equipped Skill ကစ Level အလိုက် တပ်ပေးရတာမျိုးဖြစ်တာကြောင့် Skill ကလည်း ပုံစံမတူပါဘူး။ စိတ်ဝင်စားအောင်ပြောရရင် Transformer ထဲမှာ သုံးတဲ့ အချိန်နှေးစေတဲ့ စက်ဝန်းလိုမျိုးတွေပါ သုံးလို့ရတာကြောင့် အရမ်းအရမ်းကို မိုက်သလို အရမ်းအရမ်းကိုလည်း ခက်ပါတယ်။ Boss Level တွေထက် သာမန် Medium အကောင်တွေတောင် စိတ်ရှည်မှ ဖြစ်တာကြောင့် အတော်လောင်မယ့် Game ပါ။
° ဒါပေမယ့် ဇာတ်လမ်းကလည်း Chapter တစ်ခုပြီးတိုင်း ပိုပိုပြီးစိတ်ဝင်စားစရာကောင်းလာသလို Diana တို့ ZOE တို့လို ကောင်မလေးတွေရဲ့ အသံချိုချိုလေးတွေကလည်း Movie တစ်ခုထက်ကို ဆွဲဆောင်မှု အပြည့်ရစေမှာပါ။ အဲတော့ ဇာတ်လမ်းသွားမှ ဇာတ်လမ်းသွားဖြစ်နေတဲ့သူတွေတွက် လက်မလွတ်သင့်တဲ့ Difficult မြင့်တဲ့ Game ကောင်းတစ်ခုလို့ ပြောလို့ရပါတယ် ။ Graphic ကတော့ AAA Quility နီးပါးရှိရုံတင်မကဘဲ Optimize ပါ ကောင်းတာကြောင့် ဖုန်းတိုင်းတဲ့ အဆင်ပြေသလို ဆော့ရတာလည်း Effect , Background အကုန်သဘောကျစေမှာပါ။ အမိုက်ဆုံးကတော့ Camera Angel တွေက Mission တိုင်းမှာ တစ်သတ်မှတ်ထဲမဟုတ်ဘဲ Side View , Up View , Lower View တွေထိ ပါဝင်ပါတယ်။ တကယ်ဆော့ကောင်းတဲ့ Game မျိုးဖြစ်တာကြောင့် ဆော့ကြည့်ဖို့ရာ အကြံပေးပါတယ်။ ပြီးတော့ Suprise တွေပါ ပါသေးတာနော်။
======================
[ Android version = 4..1 + ]
[ Size = 1.50 GB ]
[ Developer = Rayark International Limited ]
[ Type = Offline ]
================
Apk ကို သုံးခုပေးထားတယ်ဆိုတာက တစ်ခု Install တင်လို့မရရင် နောက်တစ်ခုနဲ့ Install တင်လို့ရအောင်ပါ ။
Download Link
Or
Or
==========================
( အားလုံး အဆင်ပြေကြပါစေ )
#HELLOYDB
Comments