Last Viking God Of Valhalla ( Beta )

0% COMMUNITY SCORE
LOADING...
RATE:


•        လူကြိုက်များတဲ့ Last Pirate Survival Game ကို ထုတ်ပေးထားတဲ့ Developer တွေရဲ့ နောက်ထပ် Survival Game အသစ်တစ်ခုဖြစ်ပြီး လောလောဆယ်တော့ Beta version အနေနဲ့ Player တွေရှေ့ကို ထွက်လာပါပြီ။ ပြီးတော့ Ukraine နိုင်ငံကနေ ထုတ်ပေးထားတာပါ ။




•         Game ရဲ့ ပုံစံက Viking တွေဟာ ပင်လယ်ပြင်ထက်မှာ ရွက်လွင့်နေတုန်း Unknown Land ရဲ့ နယ်မြေအရောက်မှာ Godzilla တစ်ကောင်ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ကျွန်းတစ်ခုပေါ်မှာ သင့်အနေနဲ့ သောင်တင်ခဲ့ပါတယ်။ Survival ဆိုပေမယ့် မျိုးနွယ်ကို တည်ထောင်ပေးရသလိုမျိုးဖြစ်နေပြီး Open World Map ထဲမှာ သစ်တွေခုတ် ၊ အိမ်တွေဆောက်ပြီး ကိုယ့်ရဲ့ မျိုးနွယ်ကို ပြန်စုရင်း ကာကွယ်ပေးရမှာပါ။ ဒါ့အပြင် Map ထဲမှာလည်း တစ်ခြားမျိုးနွယ်စုတွေရဲ့ ရန်လိုခြင်းကို မြင်တွေ့ရအုန်းမှာဖြစ်ပြီး သားရဲတိရိစ္ဆာန်တွေကိုပါ အမဲလိုက်ခွင့်ရမှာပါ။ 





•        Developer တွေရဲ့ ပြထားတဲ့ ပုံတွေအရ First Person Gameplay မျိုးဖြစ်ပေမယ့် အခု Beta မှာတော့ Third Person အနေနဲ့သာတွေ့မြင်ရသေးပါတယ်။ Setting နဲ့ပတ်သတ်ပြီး ရွေးချယ်စရာ သိပ်မပါသေးသလို Bug လေးတွေလည်း ရှိနေသေးပါတယ်။ ဒီတော့ Official ကြရင် Feature အသစ်တွေ ပါလာအုန်းမှာဖြစ်ပေမယ့် လောလောဆယ် Beta version ရဲ့ Polygon Graphic Style ကတော့ မဆိုးဘူးလို့ပြောလို့ရပါတယ်။ Shadow Accurate ဖြစ်ပြီး ဆော့ရတာလည်း fps ကစ smooth ဖြစ်တယ်။ Game အသစ်လေးတွေ သဘောကျရင်တော့ အခု Game လေးကလည်း Open World အနေနဲ့ Explore လုပ်ခွင့်ရမှာပါ။ တစ်ခုတော့ရှိတယ် သူများနယ်မြေတော့ သွားမထိနဲ့ပေါ့။ 




======================

- [  Android version : Unlnown Test ]

- [  Total Size : 200 MB ]

- [  Developer : RetroStyle Games ]

- [  Type : Offline ]

================

Download Link
°°°°°°°°°°°°°°°°°°°

( Android )

Playstore ( Beta )

==========================

( Game ရှိလို့သာ ဖြေသာနေတာ မဟုတ်ရင် မေတ္တာပို့လွန်းလို့ ငရဲပြည်တောင် လိုက်မှတ်နိုင်မှာမဟုတ်ဘူး )

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...