Marble Clash Crazy Fun Shooter

0% COMMUNITY SCORE
LOADING...
RATE:


°       ဒီလထဲမှာ ထွက်ထားတဲ့  Game အသစ်လေးဖြစ်ပြီး  Fun ဖြစ်ခြင်တဲ့သူတွေတွက်တော့  အရမ်းကို သဘောကျစေမှာပါ။ Offline Game လေးလည်းဖြစ်ပြီး  BR နဲ့ Survival ဆန်တဲ့ Game လေးဆိုလည်း မမှားပါဘူး ။ သဘောကျတာက ဒီ ကျောက်တုံးလေးတွေက Robot ပုံစံလေးတွေ ပြောင်းလို့ရတာပါ။ ဆော့ရတာ အရမ်းလည်း လွတ်လပ်သလို ဘောလုံးလိမ့်နေတာနဲ့တင် အရမ်းသဘောကျမယ်ဆိုတာ  သေချာတယ်။ 



°        Gameplay အနေနဲ့  Player 30 ပါတဲ့ Battle တစ်ခုကို ဝင်ဆော့ရမှာဖြစ်ပြီး  Round 4 ကြိမ်စလုံးမှာ  နောက်ဆုံး Coin အများဆုံးရတဲ့ Player 3 ယောက်ကဘဲ ပ၊ ဒု၊ တ အနေနဲ့ အနိုင်ရမှာပါ ။ Round တစ်ခုကို 2 မိနစ်ဘဲ ကြာမှာဖြစ်ပြီး 4 Round ဆိုတော့ 8 မိနစ်ဘဲ အချိန်ပေးရမယ့် Casual Game လေးပါ။ Game ပုံစံက သတ်မှတ်ချိန်အတွင်းမှာ  ရသလောက် Coin တွေကို လိုက်စုရမှာဖြစ်ပြီး တစ်ဖက်ရန်သူကို လိုက်သတ်ရင်းလည်း  Coin တွေကို အနိုင်ကျင့် လိုက်လုလို့ရပါတယ်။ Challenge ဖြစ်တာက သေရင် အကုန်ပြောင်မှာဖြစ်သလို  အများဆုံးရထားတဲ့သူကိုလည်း မြင်သာအောင်ပြပေးထားတာပါ။ Round တစ်ပွဲပြီးတိုင်း Ability တိုးဖို့ အခွင့်ရေးပေးသလို  Map အနေနဲ့ကလည်း ပထမ Round မှာ ကျယ်သလောက် တဖြည်းဖြည်းနဲ့ Round 4 ကြရင် ကျဥ်းသွားမှာပါ ။ 




°       အဲချိန်ကြာရင် အရမ်းခက်ခဲမှာဖြစ်ပြီး  ကိုယ့် Coin ကို အလုမခံရအောင်လို့  Map ထဲမှာတင် ဝိုင်းကြီးပတ်ပတ် ပြေးနေရမှာပါ ။ ပြီးတော့ Enemy AI ရဲ့ Level ကိုလည်း လုံးဝ လျော့တွက်လို့မရပါဘူး ။ Robot ပြောင်းတဲ့အချိန်မှသာ ပစ်လို့ရတယ်ဆိုပေမယ့်  Ball ပြောင်းတဲ့အချိန်ကြရင် အရမ်းပြေးရ လွယ်ပါတယ်။ Physics ကစ အတော်အားရပြီး နံရံတွေ ကပ်လိမ့်တာတွေကစ ကိုယ်နိုင်ရင်နိုင်သလောက် ရုန်းလို့ရပါတယ်။ ဒါ့အပြင့်  Control ကစ Smooth ဖြစ်တာကြောင့် တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့ ဆော့ကြည့်ဖို့ရာ အကြံပေးပါတယ်။ 




======================

- [  Android version : 6.0 + ]

- [  Size : 307 MB ]

- [  Developer : Enraven Games ]

- [  Type :  Offline ]

- [  Version = 0.4 ]

- [  Publish Date = May, 02, 2021 ]

===========================

Download Link
°°°°°°°°°°°°°°°°°°°

( Android )



Or



==========================

( ဘောလိမ့်ရင်း အပန်းဖြေတာပေါ့ ⚽ )

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...