Myths Of The World Bound by the Stone



•          မှော်ဆန်တဲ့ ဒဏ္ဍာရီ Game မျိုးဖြစ်ပြီး  မှော်ဆရာတွေကြီးစိုးတဲ့ ခေတ်တစ်ခေတ်ကို  စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်အိမ်မျိုးနဲ့ တည်ဆောက်ထားတဲ့  Puzzle Game တစ်ခုပါ ။ ဒီ Game မှာဆိုရင်  သင်ဟာ တာဝန်တစ်ခုနဲ့ Berlin ဆိုတဲ့ မြို့တစ်မြို့ကို  ဆရာနဲ့အတူ သွားရောက်ရမှာဖြစ်ပြီး သင်ကတော့ အလုပ်သင်အဆင့်သာ ရှိသေးတဲ့ ကာကွယ်ရေးသမားတစ်ယောက်ပါ ။ အဲဒီမြို့ဟာ  နှစ်စဥ်နှစ်တိုင်း မကောင်းဆိုးဝါးတွေရဲ့ ရန်ကို ကာကွယ်တဲ့ ရိုးရာဓလေ့ပွဲ ကျင်းပလေ့ရှိပြီး  ဒီနှစ်မှာတော့ ထူးထူးဆန်းဆန်း မြို့ဝန်းကျင်က တော့အုပ်တွေထဲမှာ  အနက်ရောင်မှော်အစွမ်းတွေ ရုတ်တရက် ပေါ်လာခဲ့တာပါ ။ 



•            ဒေသခံတွေပြောပြချက်အရ ဒီကိစ္စဟာ မှော်ဆရာ Solomonari  ပါဝင်ပတ်သတ်နေပြီး  ပြန်လည်ခုခံဖို့ရာလည်း ပြည်သူတွေအနေနဲ့က မှော်အစွမ်းစ တစ်ယောက်မှမရှိတာကြောင့်  သင်နဲ့သင့်ဆရာ နှစ်ယောက်ကို  မြို့ကိုကာကွယ်ပေးဖို့တွက် အကူညီတောင်းဆိုခဲ့တာပါ ။ အဲလိုနဲ့ မြို့ပေါ်ကို အသွား  လမ်းမှာတင် ဆရာဖြစ်သူကို ချုံခိုတိုက်ခိုက် ခံလိုက်ရပြီး  အခြေနေမဟန်တော့တာကြောင့်  သင်တစ်ယောက်တည်း မြို့သူမြို့သားတွေကို  Solomonari ရဲ့ လက်ထဲကနေ  အချိန်မှီရအောင် ကယ်တင်ပေးရတော့မှာပါ ။ စိတ်ဝင်စားစရာအကောင်းတာက  အလုပ်သင်တစ်ယောက်အနေနဲ့  စွမ်းအားကြီးလွန်းတဲ့ မှော်ဆရာတစ်ယောက်ကို  ခုခံနိုင်ပါ့မလားဆိုတာပါ ?  



•           Hidden Object Game မျိုးဖြစ်တာကြောင့်  ပစ္စည်းရှာတာတွေလည်း ပါဝင်ပြီး  Challenge ဖြစ်တဲ့ Puzzle တွေပါ  ဉာဏ်ရှိရှိနဲ့ ဖြေရှင်းရမှာပါ ။ အဲတော့ ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားစရာကောင်းသလို  နောက်ခံအသံတွေနဲ့ Movie လိုမျိုး ဆွဲဆောင်မှုရှိတာကြောင့်  Background Art တွေကစ အရမ်းသဘောကျစေမယ့်  Hidden Object Game တစ်ခုပါ ။




======================

- [  Android version : 4.4 + ]

- [  Size : 582 MB ]

- [  Developer : Big Fish Games ]

- [  Type : Offline ]

================


Download Link
°°°°°°°°°°°°°°°°°°°

( Android )







( Apple iOS )




==========================

( )

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES