Score Hero 2
• Mobile မှာ Casual Sport အနေနဲ့ရေပန်းစားခဲ့တဲ့ Score Hero Game ဟာဆိုရင်နောက်ထပ် 2 အနေနဲ့ Player တွေအကြိုက်ထပ်ထွက်လာခဲ့ပါပြီ ။ အရင်ကထက် Feature အသစ်တွေ အများကြီးပါလာတဲ့အပြင် ဒီတစ်ခါမှာတော့ Official License ရထားတဲ့ Barcelona အသင်းနဲ့ တခြားသော အထင်ကရအသင်းပေါင်း 90 ကျော်ကိုပါ ထည့်သွင်းပေးထားတာပါ။
• Gameplay အနေနဲ့ အရင်ကအတိုင်း သာမန် ဘောလုံးသမားတစ်ယောက်နေရာကနေ နာမည်ကြီးအသင်းတွေမှာ ကျော်ကြားတဲ့ထိ Solo ကစားရမယ့် Game မျိုးပါ။ Season တွေပြီးတိုင်း အသင်းတစ်ခုပြောင်းရွေ့လို့ရသလို Level မြင့်လာတာနဲ့အမျှ သင့်ရဲ့ အရည်ချင်းပေါ်မူတည်ပြီးလည်း Rank တွေ အသင်းကြီးတွေမှာ ပါဝင်ကစားခွင့်ရမှာပါ။ Player Customize အနေနဲ့ အရင်ကလို ရွေးချယ်စရာသိပ်မပါတော့ဘဲ Unlock ဖြစ်မှသာ သုံးခွင့်ရှိတော့တာပါ။
° ဒီနောက်ထွက်တဲ့ 2 မှာက UI ကအစ ပိုအသက်ဝင်ရုံတင်မကဘဲ Graphic ပိုင်းမှာလည်း အများကြီး Improve လုပ်ထားတယ်လို့မြင်မိတယ်။ အထူးသဖြင့် Blur Effect တွေ Body Shape တွေက အရင်ကထက် ပိုရုပ်လုံးပေါ်လာပြီး ဆော့ရတာလည်း လေးလေးနက်နက်ဖြစ်လာတယ်။ ပြီးတော့ နောက်ခံ စကားပြောတွေပါ ပိုအားကောင်းလာပြီး Gameplay ကစ အရင်ကထက် ကျယ်ပြန့်လာတယ်လို့ မြင်မိတယ်။ အရင်က Camera ရွေ့နှုန်းက Limit ရှိပေမယ့် ဒီတစ်ခါမှာတော့ Zoom In ကော Out ပတ်ပတ်လည်ပါ သုံးသပ်ပိုင်ခွင့်ပေးထားတော့ ဆော့ရတာ ပိုအဆင်ပြေလာတယ်။
° Game ရဲ့ AI Level တွေပါ တိုးမြင့်ပေးထားပြီး အရင်ကလောက် ဆော့ရတာ မလွယ်ကူတော့ပါဘူး။ အထူးသဖြင့် Mission တိုင်းလုပ်မယ်ဆိုရင် ကိုယ့်ရဲ့ Chance ကို သေချာဆုံးဖြတ်သင့်ပြီး ထပ်ခါတစ်လဲလဲ ပြန်ဆော့နိုင်တာကြောင့် အာရုံလည်းစိုက်သင့်တယ်။ အဲတော့ Football Fan တွေတွက် Offline Game လေးလည်းဖြစ်သလို တကယ်ကို Challenge ဖြစ်တဲ့ Sport Game ကောင်း တစ်ခုဖြစ်တာကြောင့် မဖြစ်မနေ စမ်းဆော့ကြည့်သင့်တယ်လို့ အကြံပေးခြင်ပါတယ်။
======================
- [ Android version : 8.0 + ]
- [ Size : 398 MB ]
- [ Developer : First Touch Games ]
- [ Type : Offline ]
================
Download Link
Or
==========================
( LOVE YOU ALL )
#HELLOYDB
Comments