Slash of Sword Rebellious Jousting



•          သိပ်မကြာခင်ကမှ ထွက်လာတဲ့  ဒီ Game က RPG သမားတွေတွက်  အရမ်းသဘောကျစေမှာဖြစ်သလို  အခု ထွက်ထားတဲ့ Rebellious Jousting ဆိုတဲ့  Title ဟာလည်း Slash Of Sword 2 အနေနဲ့ ထွက်လာခဲ့တာပါ ။ ဒီ Game ကို ထုတ်ခဲ့တဲ့ Developer တွေက Fan တွေ မှတ်မိရဲ့လားမသိပေမယ့်  အရင်က တင်ပေးဖူးတဲ့ Enemy AI ရဲ့  အသိဉာဏ်အမြင့်ဆုံး Game လို့ ပြောခဲ့တဲ့  Glory Ages Samurais ကို ဖန်တီးခဲ့တဲ့ သူတွေပါ ။ အဲထက်အရင် ထွက်ထားခဲ့တဲ့  Slash Of Sword 1 ဟာ လိုအပ်ချက်တွေရှိနေခဲ့ပေမယ့်  အခုချိန်မှာတော့ 2 အနေနဲ့  Graphic ကော ၊ UI ကော ၊ ဇာတ်လမ်းရွေးချယ်မှုတွေကစ  ပီပီပြင်ပြင် ထွက်လာခဲ့တာပါ။




•           ဒီ Game မှာဆိုရင်  သင်ဟာ တောထဲမှာ တွေ့ခဲ့တဲ့ အလောင်းတစ်ခုကြောင့်  မဆီမဆိုင် လူသတ်တရားခံ အဖြစ်နဲ့ စွပ်စွဲခံခဲ့ရပြီး  ပြစ်ဒဏ်အနေနဲ့ လူသတ်ကွင်းထဲကို  အပို့ခံခဲ့ရတာပါ ။  ဘယ်လောက်ဘဲ အမှန်ကိုပြောပြော  အမိန့်ကြောင့်ဆိုတဲ့ Law အောက်မှာ အကွက်ချခံခဲ့ရပြီး  ဘယ်လိုဘဲပြောပြော လစ်လျူရှုခံခဲ့ရပါတယ် ။ လူသတ်ကွင်းဆိုတာက  အသက်ရှင်ဖို့ရာတွက် ပြိုင်ဘက်ကို  ရုန်းကန်သတ်ဖြတ်ရမယ့် ကစားပွဲတစ်ခုဖြစ်ပြီး  သင့်အနေနဲ့ အမှန်ကို ဖော်ထုတ်ဖို့တွက်  လက်ရှိအချိန်မှာတော့  အသက်တွက် ရုန်းကန်ရတော့မှာပါ။ 




•          Game ပုံစံက  Open World စတိုင်နဲ့ နယ်မြေတွေကို Explore လုပ်လို့ရပြီး  ပိုသဘောကျစေမှာက Game မှာ  Choice Storyline ထည့်ပေးထားတာပါ ။ အဲတော့ သတ်ကွင်းရဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်ရင်း  နောက်ထပ် မထင်မှတ်ထားတဲ့ ကိစ္စတွေဟာ  ရွေးချယ်မှုပေါ်မူတည်ပြီး ပြောင်းလဲသွားအုံးမှာပါ။ ဥပမာ - ဓားပြကိစ္စတို့ ၊ ကောင်မလေးကယ်တဲ့ ကိစ္စတို့ပေါ့ ။




•          သတ်ကွင်းမှာ ပြိုင်ဘက်ကို  အနိုင်ယူဖို့တွက် လက်နက်တွေ ၊ armor တွေ  ဝယ်ယူတပ်ဆင်လို့ရပြီး Skill Point တွေပါ ထည့်ပေးထားပါတယ် ။ Graphic အနေနဲ့လည်း  High Resolution ဖြစ်တဲ့အပြင် ၊ Day , Night circle တွေရဲ့  Sun Lighting ကျရောက်တာတွေပါ  သေသေချာချာလေး ဖန်တီးပေးထားတာပါ ။ Polygon Type ဆိုပေမယ့်  Gameplay အနေနဲ့ကတော့ Fighting အခန်းတွေမှာ  တအား အားရစရာကောင်းပါတယ် ။ Stamina ဟာ ဒီ Game တွက်  အရမ်းအရေးပါပြီး Defence နဲ့ Attack ကိုလည်း  အထာကျကျ Skill ပြလို့ရမယ့် Game ကောင်းတစ်ခုပါ ။ ထုံးစံတိုင်း ရန်သူရဲ့  AI Level ဟာ လျော့တွက်လို့  မရတာကြောင့် နည်းဗျူဟာကျကျ  တိုက်ခိုက်တတ်ဖို့လည်း လိုအပ်ပါတယ်။ 



======================

- [  Android version : 7.0 + ]

- [  Size : 256 MB ]

- [  Developer : NoTriple-A Games ]

- [  Type :  Offline ]

================

Download Link 
°°°°°°°°°°°°°°°°°°°




==========================

( ခုတ်ရ ထစ်ရတာ သဘောကျရင်တော့ အေးဆေးဘဲ )

#HELLOYDB

Related Posts

  • NEO 2045         အသစ်ထွက်လာတဲ့ Sandbox Game လေးဖြစ်ပြီး MMO အမျိုးစားမလို့ Multiplayer သမားတွေတွက်  အများဆိုအများကြီး ပျော်စရာကောင်းမှာပါ။ ပြ… Read More
  • The Village          ဒီလ ၁၁ ရက်နေ့ကမှ ထွက်လာတဲ့ Puzzle Game အသစ်လေးဖြစ်ပြီး Free Move နဲ့ Explore လုပ်လို့ရတာကြောင့် သဘောကျစေမှာ သေချာပါတယ်။ Rating… Read More
  • Detective Mimo    မနေ့ညကမှ ထွက်လာတဲ့ ဒီ GAME လေးက ကြောင်မလေး Mimo နေရာကနေ စုံထောက်လုပ်ပေးရမှာဖြစ်ပြီး ထင်ထားတာထက်ကို ဇာတ်လမ်းလေးက လှည့်ကွက်များပါတယ်။ Paid Game လေးလည… Read More
  • UNHOLY NEIGHBORHOOD°         ဒီ လ ၁၇ ရက်နေ့ကမှ ထွက်လာတဲ့ Poland ကထုတ်တဲ့ Game အသစ်လေးဖြစ်ပြီး  Adventure သမားတွေတွက်တော့ လုံးဝ အကြိုက်တွေ့စေမှာပါ။ Fan တွေ မှတ်မိလားမသိပေမယ့် Lucid Deam Adventure Game… Read More
  • Unholy Neighborhood 2            အခုဆိုရင် အားလုံးစောင့်မျှော်နေကြတဲ့ Unholy Neighborhood ရဲ့ ဒုတိယအပိုင်းဟာ ထပ်ထွက်လာပါပြီ ။ 1 တုန်… Read More

Comments

လူကြည့်အများဆုံး GAMES