Specimen Zero

0% COMMUNITY SCORE
LOADING...
RATE:


°       ဒီတစ်ခါလည်း သူငယ်ချင်းတွေနဲ့အတူ သေအောင်ပြေးရမယ့် Horror Game တစ်ခုဖြစ်ပြီး ထွက်ထားတာလည်း တစ်ပတ်ကျော်ဘဲရှိသေးတာကြောင့် Game သစ်လေးဆိုလည်း မမှားပါဘူး။ Game ပုံစံက ဆေးရုံကြီးထဲကနေ Escape လုပ်ရမှာဖြစ်ပြီး ထူးခြားတာက သရဲမဟုတ်တော့ဘဲ လိုက်သတ်ခံရမှာပါ။ 




°       Game က Solo အနေနဲ့ Offline Mode တင်မကဘဲ Multiplayer အနေနဲ့ Online Mode ပါ ထည့်ပေးထားတာပါ။ Developer ရဲ့ ပထမဆုံး Multiplayer မလို့ Alpha အဆင့်သာရှိသေးပေမယ့် မဆိုးဘူးလို့ပြောရမယ်။ သူငယ်ချင်း လေးယောက်ထိ အတူတူကစားနိုင်ပြီး Room Create လုပ်မယ့်သူကော Join မယ့်သူကောပါ Server အတူတူဖြစ်နေမှ ရမှာပါ။ တစ်ခုရှိတာက Room ထောင်မယ့်သူက Ads ကြေငြာ အနည်းဆုံး 4 ခုလောက်ကြည့်ပေးမှ Create လုပ်လို့ရမှာပါ။ မကြည့်ခြင်ရင်တော့ Purchased လုပ်ပေးရမှာပေါ့။ ကျန်တာကတော့ Skin တို့ဘာတို့ Purchased လုပ်လို့ရပေမယ့် Male ကော Female ကော Free ပေးထားတာကြောင့် သိပ်တော့မလိုပါဘူး။ တစ်ခုရှိတာက ဆေးရုံအဝတ်နဲ့ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မြင်ရင်ကို အူတက်နေလိမ့်မယ်။ 





°        Graphic ပိုင်းမှာ Option ရှိပေမယ့် Environment ဖန်တီးထားတာကိုတော့ သဘောကျတယ်။ ဥပမာ တစ်ချို့နေရာတွေက မီးရှိရာတစ်ဝိုက်မှာ လင်းနေပေမယ့် တခြားနေရာတွေကြတော့ မှောင်မဲနေတာဘဲ။ အဲဒီ မှောင်မဲနေတဲ့နေရာကနေ မီးရှိတဲ့ ဘက်ကို ပြန်ကြည့်လိုက်ရင် သရဲဇာတ်လမ်းထဲကလို မီးရောင်ရဲ့ ဟိုဘက်အမှောင်ကနေဘဲ ထွက်လာမလား ? ဒါမှမဟုတ် ကိုယ့်နောက်ကနေဘဲ လာဆွဲမလားဆိုတာ စိတ်လှုပ်ရှားစရာပါ။ ကုတင်အောက်တွေမှာ Hide လုပ်လို့ရပြီး CCTV တွေပါ ကြည့်လို့ရသေးတာကြောင့် သူငယ်ချင်းတွေနဲ့ဆို ပျော်စရာကောင်းမှာ အသေချာဘဲ ။ ပိုဆိုးတာက ဘာလဲဆိုရင် ပစ္စည်းတစ်ခုခုနဲ့ ပစ်လိုက်ရင် အသံပေးသလိုဖြစ်တာကြောင့်  အဖွဲ့လိုက်ဆော့ရင် လက်ကမြင်းတဲ့ကောင်ကို သတိထားမှဖြစ်မယ်။ 






°       အဲတော့ Size လည်းနည်းသလို ဆော့ရတာလည်း စိတ်လှုပ်ရှားစရာကောင်းတာကြောင့် Solo သမားတွေကော Multiplayer သမားတွေပါ အဆင်ပြေစေမယ့် Horror Game ကောင်းလေးပါ။ ပြီးတော့ Solo သမားတွေက တစ်ယောက်တည်းပျင်းနေရင်လည်း Multiplayer မှာ တခြားလူတွေနဲ့ Random ကျပြီး ကစားလို့ရသေးတယ်နော်။ 




======================

- [  Android version : 4.4 + ]

- [  Size : 78 MB ]

- [  Developer : Café Studio]

- [  Type :  Online / Offline ]

=======================

Download Link
°°°°°°°°°°°°°°°°°°°

( Android )

Playstore
or

Apkpure ( 75 MB ) ( Apk Only )
==========================

( တံခါးဖွင့်ရတာကိုက ရင်တထိတ်ထိတ်နဲ့ 😬)

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...