Suspects Mystery Mansion



•         ဒီ Game က Among Us သမားတွေတွက် အရမ်းသဘောကျစေမှာဖြစ်သလို အလှည့်ပြောင်းလေးဖြစ်စေမယ်ဆိုတာလည်း သေချာပါတယ်။ IQ လည်း လိုအပ်သလို အမိုက်ဆုံး Feature ကတော့ Voice Chat ပါ ထည့်ပေးထားတာပါ။ အရင်က Text နဲ့ လိမ်ခဲ့သမျှ ဒီတစ်ခါတော့ ကိုယ်ပိုင် Native အသံနဲ့ smart ကျကျ လှည့်စားရတော့မှာပါ။ ပြောရရင် High level ပေါ့။ ပြီးတော့ Ireland က ထုတ်ထားတာမလို့ စိတ်ချလက်ချ ဆော့လို့ရပါတယ် ။


•         Game ရဲ့ Main Characters လေးတွေက Animals လေးတွေဖြစ်ပြီး Zooba ဆော့ဖူးတဲ့ သူတိုင်း ရင်းနှီးမှာပါ။ သူတို့လေးတွေ အားလုံးက စံအိမ်ကြီးရဲ့ ထူးဆန်းတဲ့အမှုမှာ လာရောက် ဖြေရှင်းပေးကြရမှာဖြစ်ပြီး သူတို့အားလုံးထဲက တရားခံကိုလည်း သဲလွန်စတွေနဲ့ အတူ ဖော်ထုတ်ပေးကြရမှာပါ။ ပြောရရင် အကုန် သူစိမ်းတွေကြီးဘဲ ဘယ်သူမှ မိတ်ဆွေမပါဘူးဆိုတာမျိုးပေါ့။ 



•          သဘောကျစရာကောင်းတာက Voice Chat တင်မဟုတ်ဘဲ IQ နဲ့ သတ်မှတ်တဲ့ Game Mode တွေပါ။ အစပိုင်း အသက်မေးတာတောင် Question တွေဖြေပေးရပုံထောက်ရင် Game က ကလေးတွေတွက်တော့ မဖြစ်နိုင်တော့ပါဘူး။ Voice Chat ကို အားပြုထားပြီး Violence မဖြစ်ဖို့လည်း သတိပေးထားပါသေးတယ်။ Gameplay က Classic Mode တင်မဟုတ်ဘဲ Special Event တွေပါ ဖွင့်ပေးထားသေးတာပါ။ ခုနက ဘာလို့ IQ လိုလည်းဆိုရင် အစပိုင်း Mode မှာ သင်ဆော့ခဲ့တဲ့ အရည်ချင်းပေါ်မူတည်ပြီး နောက်ထပ် Gameplay Mode က Unlock ဖြစ်မှာ မို့လို့ပါ။ အဲတော့ မမှီရင် တက်မလာနဲ့အုံးဆိုတာမျိုး Challenge ဖြစ်စေတယ်။ ဆရာကြီးတွေဘဲ နောက်ဆုံး Mode မှာ စုံကြမှာဆိုတော့ အရမ်းမိုက်တယ်နော်။




•         Game က ရိုးရှင်းသလို Animal တစ်ကောင်ခြင်းစီရဲ့ သူတို့ကိုယ်ပိုင် Name လေးတွေဘဲ ထည့်ပေးထားတာကြောင့် Name ပေါင်း သောင်းခြောက်ထောင်နဲ့ ရောက်ရက်ခက်စရာလည်း မလိုပါဘူး။ Voice Chat မှာ သူငယ်ချင်းတွေနဲ့ ဆော့မှ Mother Language ကို အသုံးပြုရလွယ်ပေမယ့် Global ဆော့ရင်တော့ English Speaking ကိုပါ တစ်ခါတည်း အတွေ့ကြုံရမှာပါ။ ပြောရရင် Language တောင်စုံနိုင်တယ်။ တစ်ခုရှိတာက Game က Game မလို့ Boy နေနေ Girl နေနေ တစ်ယောက်နဲ့ တစ်ယောက် Respect ရှိကြပါ။ ပြောရရင် အသံချိုချိုလေးနဲ့ အခပ်မသင့်ရင်တောင် ရည်းစားရနိုင်တယ်နော်..




======================

- [  Android version : 4.4 + ]

- [  Size : 153 MB ]

- [  Developer : Wildlife Studios ]

- [  Type : Online ]

================

Download Link
°°°°°°°°°°°°°°°°°°°

( Android )

Download


( Apple iOS )

Download 

==========================

( မကြာခင်မှာဘဲ မြန်မာတွေ Game ထဲမှာ မေတ္တာပွားကြတော့မယ် 😌 )

#HELLOYDB

Related Posts

  • Apex Racing ° အသစ်ထွက်ထားတဲ့ ဒီ Game လေးက အများစုသဘောကျနေကြတဲ့အပြင် Forza horizon ဆိုပြီးလို့တောင် ပြောနေကြတာပါ။ တအားကြီး တူတာမျိူးမဟုတ်ဘဲ Environment က တကယ်ကို ကျယ်ပြန့်တဲ့အ… Read More
  • Battlefield Mobile ( Second Beta ) ° ဒုတိယအကြိမ်မြောက် Close Beta အနေနဲ့ ထွက်လာတဲ့ Battlefield Mobile ဟာ India နဲ့ Thailand Region တွေမှာ ကစားလို့ရနေပြီဖြစ်ပြီး အရင် Beta ကထက် Graphic Optimization … Read More
  • Be A Pro Football ( Beta ) ° ဒီတစ်ခါ Alpha အနေနဲ့ အသစ်ထွက်လာတဲ့ Game လေးက Football Fan တွေတွက် နောက်ထပ် Suprise တစ်ခုဖြစ်ပြီး ဒီနှစ်ထဲမှာတင်ကို Mobile တွက် ဘောလုံး Game အများစု ထွက်လာနေကြတာ… Read More
  • Tank Hunter 3 ° Tank Game ကိုမှ offline အပြင် Size နည်းနည်း ၊ Phyiscs ကောင်းကောင်း ၊ Graphic အသင့်တင့်နဲ့ ဆော့ခြင်တဲ့ Fan တွေတွက် လုံးဝ အကြိုက်တွေ့စေမှာဖြစ်ပြီး ဒုတိယကမ္ဘာစစ်က Tan… Read More
  • The Last Road Episode One ° ဒီ Game လေးက 2D Platform ပုံစံလေးဆိုပေမယ့် ဇာတ်လမ်းသွားလေးနဲ့ ကစားရမှာဖြစ်ပြီး အတိတ်ကမှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ လူတစ်ယောက်နေရာကနေ ကစားရမှာပါ။ ပို… Read More

Comments

လူကြည့်အများဆုံး GAMES