SwordMaster Story
• ပုံမှန်ဆိုရင် မင်မင်တောင် ဒီလို RPG game မျိုးတွေကို သိပ်ဆော့လေ့ဆော့ထမရှိပေမယ့် Aqua မ ကြောင့် ဒီ Game ကို မထင်မှတ်ဘဲဆော့ဖြစ်ခဲ့တာပါ။ Update မှာ ပါလာတဲ့ Event က Konosuba နဲ့ Collaboration လုပ်ထားတာဖြစ်ပြီး Limited Edition တွေဖြစ်တဲ့ Meguming , Aqua , Darkness ပြီးတော့ Wiz နဲ့ Kazuma တို့ပါ အသစ်ထည့်ပေးထားတာပါ။ Konosuba Series ကြည့်ပြီးမှ ဆော့ရင် ပိုကောင်းမယ်ထင်တယ်။ Gacha Game ဆိုပေမယ့် Rating ဘာလို့ကောင်းလဲဆိုတာ ဆော့ကြည့်မှ သိလိမ့်မယ်။ ပြီးတော့ South Korea ကနေ ထုတ်ပေးထားတာပါ။
• အစတုန်းကပြောသလို Aqua မ ကြောင့် ဆော့ဖြစ်ခဲ့တာဆိုပေမယ့် Game က တကယ်ကို စွဲစေတာအမှန်ဘဲ။ ပြောရရင် ဖုန်းအား အပြည့်ကိုတောင် ကုန်တဲ့ထိ ထိုင်ဆော့နေခဲ့တာပါ။ Action RPG အမျိုးစားဖြစ်ပြီး Pixel ဒီဇိုင်းနဲ့ idel Game မျိုးဖြစ်တာကြောင့် အချိန်ဖြုန်းလို့ ကောင်းတဲ့ Game ဆိုလည်း မမှားပါဘူး ။Gacha စနစ်ပါဝင်ပြီး အခုလာတဲ့ Event နဲ့ဆိုရင်ကို 5 stars rank ရှိတဲ့ Character ကို စစခြင်း အလကားရအုန်းမှာပါ။ Event က လာတာကြာပေမယ့် မင်မင်တောင် နောက်မှ ဖွင့်ကြည့်မိလို့ Aqua မတောင် 7 day login ကနေ ရဖို့ မလွယ်တော့ပါဘူး။ Event က လကုန်ရင် ပြီးတော့မှာဖြစ်ပြီး ကြားထဲမှာတော့ ရသလောက် Ruby တွေနဲ့ Gacha နှိုက်ဖို့အခွင့်ရေးရှိသေးပါတယ်။ ပြီးတော့ တခြား Newbie တွေတွက်လည်း လက်ဆောင်တွေ အများကြီးရှိသေးတယ်။
• အရင်ဆုံး Game ရဲ့ ဇာတ်လမ်းလေးကလည်း တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ Cain ဟာ ဒီ Game ရဲ့ အဓိကဇာတ်ကောင်ဖြစ်ပြီး Empire ရဲ့ တစ်ဦးတည်းသော Sword Master တစ်ယောက်ပါ။ အားလုံးက Cain ရှိနေရင် အကုန်ငြိမ်းချမ်းမယ်လို့ ထင်ထားခဲ့ပေမယ့် Cain ဟာ သစ္စာဖောက်ခံလိုက်ရပြီး ချက်ခြင်းဆိုသလို စစ်ပွဲဲကြီးတွေဟာ စတင်ခဲ့ပါတယ်။ Ares နတ်ဘုရား ဟာ ဒီ ကိစ္စရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ခဲ့ပြီး ဘုရင်ကြီးကိုပါ ထိန်းချုပ်ခဲ့တာပါ။ အဲချိန်မှာ Cain ကတော့ အဆိပ်ဓားဒဏ်ရာကြောင့် Athena နတ်ဘုရားကျောင်းမှာ ပုန်းခိုနေခဲ့ရပြီး Athena နတ်ဘုရားမဟာလည်း Cain ကို ရသလောက် ကယ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိပ်ဟာ အရမ်းပြင်းထန်လွန်းတာကြောင့် ကုစားဖို့တွက် အဖြေလိုက်ရှာရင်း Empire ကြီးကို ပြန်လည် ကယ်တင်ပေးရမှာပါ။
• စိတ်ဝင်စားစရာက Empire ဘက်ကနေ စစ်ပွဲကြီးတွေ စကုန်တော့ ဘေးက နယ်မြေတွေကပါ အကုန် ထိတ်လန့်ကုန်တာပါ။ အထူးသဖြင့် Cain ကို မြင်ရင် ရန်သူလို့ ထင်နေကြပြီး အကြောင်းစုံကို ရှင်းပြပြီးသိတော့မှ ပူးပေါင်းကြတာမျိုးတွေ တွေ့ရမှာပါ ။ အဲလိုနဲ့ ကြားထဲမှာ စွန့်စားခန်းတွေ တစ်ခုပြီးတစ်ခုပေါ်လာရင်း အဖွဲ့ဝင်ကောင်းတွေပါ တွေ့ရအုန်းမှာပါ။ Adventure Mode ရဲ့ Stage 10 ခုပြီးတိုင်း ဇာတ်လမ်းသွား ဝင်တာကြောင့် မကျော်ဘဲဖတ်ကြည့်ဖို့ လိုတယ်နော် ။ Gameplay က Auto ဆိုပေမယ့် သေချာတာကတော့ နောက်ပိုင်းကျရင် Power မမြင့်မချင်း လုံးဝ မသုံးသင့်ပါဘူး။ ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် တကယ်ဆော့ကြည့်ရင် တကယ်ဆွဲစေတာမလို့ ကစားကြည့်သင့်တာတော့ အမှန်ဘဲ။ P2W ပုံစံဆိုပေမယ့် Farming ကတော့ Player တွေရဲ့ ကြိုးစားမှုပေါ်ကို အခွင့်ရေးပေးပါတယ်။ Game ရဲ့ အသေးစိတ်နဲ့ Guide တွေကို အောက်မှာ ထပ်ရေးပေးထားတယ်။
======================
- [ Android version : 5.0 + ]
- [ Size : 214 MB ]
- [ Developer : Super Planet ]
- [ Type : Online ]
================
Download Link
°°°°°°°°°°°°°°°°°°°
( Android )
Playstore
( Apple iOS )
Apple iOS
==========================
Gacha
======
Summon အနေနဲ့ Ruby / 4 star / 5 star နဲ့ Event ဆိုပြီးရှိပါတယ်။ 4 star / 5 star တွေဟာ 100% သတ်မှတ် Rank အတိုင်းရမှာဖြစ်ပြီး Ruby နဲ့ Event ကတော့ Random Weapon ကော Hero တွေပါ ရောရမှာပါ။ 5 star တစ်ကြိမ်ကို Newbie တွေတွက် စစခြင်းအလကားရမှာဖြစ်သလို ဆော့ရင်းနဲ့လည်း တခြား Quest ကနေ 4 star တွေရအုန်းမှာပါ။ အထူးသဖြင့် Dark Lord Tower ကနေ ရမှာပါ။ မင်မင်တို့လို Character စွဲရင်တော့ First Chance မှာ Fav ရတဲ့ထိ ကြိုးစားသင့်တယ်။ နောက်ပိုင်းမရဘူးတော့မဟုတ်ဘူး ရမှာ။ Stage 100 ဝန်းကျင်မှာကို Gacha Summon 22 ခါလောက် နှိုက်ခွင့်ရမှာဖြစ်ပြီး Mail Reward နဲ့ Event Reward ကနေလည်း 5 stars နှစ်ကြိမ်နှိုက်ခွင့်ရမှာပါ။ တကယ်လို့ Hero နှစ်ကြိမ်ရခဲ့ရင်တောင် transcend အနေနဲ့ Character Level တိုးပေးမှာပါ။
Gameplay Mode
=============
Adventure Mode တင်မကဘဲ PvP , Battle နဲ့ Raid တွေပါ ပါပါတယ်။ Adventure Mode ဟာ Quest ကနေ Ruby Reward တွေ ရတာကြောင့် Gacha နှိုက်ဖို့တွက် အခွင့်ရေးရှိတယ်။ တကယ့်လို့ Adventure မှာ Level မနိုင်တော့ရင်တော့ Battle Mode မှာ Farming လုပ်လို့ရပါတယ်။ Gold , Equipment , Exp , Cube နဲ့ တခြား ပစ္စည်းတွေကို သီးသန့် Dungeon အနေနဲ့ လုပ်လို့ရတာပါ။ အဲဲထဲက Tower ကတော့ အစုံပေးတာပေါ့။
PvP ကတော့ Team အချင်းချင်း Challenge ခေါ်တာဖြစ်ပြီး Limit နဲ့ပါ။ ပြီးတော့ တခြား Mode တွေလည်း တစ်နေ့ကို တစ်ကြိမ်ပေါ်သေးတယ်။
Upgrade System
=============
Character တစ်ယောက်ခြင်းစီကို Level , Skill , Reinforce နဲ့ Armor ဆိုပြီး Upgrade လုပ်လို့ရပါတယ်။ အဲထဲကမှ Armor ပိုင်းက ပစ္စည်းတစ်ခုခြင်းစီကို Upgrade လုပ်လို့ရသေးတာပေါ့။ Level တွက် Exp , Skill တွက် Cube , Reinforce တွက် Gold ပေါ့။ ပြီးတော့ အဲဒါတွေအကုန်လုံးက ကိုယ်တိုင် ကြိုးစားရင်ကြိုးစားသလောက် Dungeon တွေမှာရတယ်။ Detail အနေနဲ့ Hero ပေါ်မူတည်ပြီး Passive တွေ ဘာတွေ မပြောပေးတော့ဘူး။
Newbie Guide
============
စဆော့မယ့် သူတွေတွက် လမ်းညွှန်ခြင်တာကတော့ ပထမဆုံးရတဲ့ 5 star character ကို ရသလောက် Upgrade တိုးပါ။ ပြီးမှာ Main character Cain ကို Upgrade လုပ်။ ဘာလို့ဆို ကျန်တဲ့ Low star တွေက အသစ်တွေရလာရင် ဂွကျလိမ့်မယ်။ ပြီးတော့ ဒီနည်းက Level အတက်မြန်သလို Stage 100 လောက်ထိ အေးဆေး ရုန်းလို့ရတယ်။ Group 5 ယောက်ထိ ထည့်လို့ရပြီး Classic တွေ ညီအောင်တောင် ချိန်ဆော့ပေါ့။ မင်မင်ရဲ့ အစပိုင်း Team တွေဆိုရင် Healer 2 ယောက်နဲ့ Fighter ဆိုရင်ကို ဘာမှလုပ်စရာမလိုတော့ဘူး။ နောက်တစ်ခုက Mage Role နဲ့ Damage ပေးလို့ရသလို Healer မပါဘဲ Attacker တွေကြီးဘဲလည်း စွန့်စားလို့ရတယ်။ တကယ်လို့ Gacha ထဲက Aqua တို့ Darkness တို့ပါလာရင်တော့ Team အလှည့်ပြောင်းလေး လုပ်သင့်တယ်။
Farming ကတော့ အားသွင်းရင်တောင် လုပ်ခိုင်းထားပါ။ LCD Protection ကို On ထားလိုက်ရင် အေးဆေးဘဲ။ Team Strong မဖြစ်သေးရင်တော့ ပစ်မထားတာ အကောင်းဆုံးဘဲ။
PvP မှာ ပြောခြင်တာက အများစုက တန်းဆော့မိတာဘဲ။ တကယ်က Organize မှာ Hero ထပ် ထည့်ပေးရမှာဖြစ်ပြီး မဟုတ်ရင် Solo ထဲနဲ့ အစတင် ဂိသွားလိမ့်မယ်။
မင်မင်တောင် Hero ကောင်းတွေ ရပေမယ့် Character အစွဲမလို့ Aqua မကို နောက် Acc ထဲမှာ ယူထားရတယ်။ Movie ထဲမှာ Aqua မက အလွဲလွဲအချော်အချော်ဆိုပေမယ့် ဒီထဲမှာတော့ တကယ် Team ကို Support ဖြစ်တယ်။ အစက Heler လို့ထင်ပေမယ့် တကယ့် Power က Blessing ဖြစ်နေတာကြောင့် Crtitical Damage ကို 50% ကျော်ထိတောင် တင်ပေးထားတာ။
( Game က ကြာရင် ပျင်းဖို့ကောင်းပေမယ့် ဘာလို့လဲတော့မသိဘူး မင်မင်တော့ တော်တော်ဆွဲသွားတာ။ Damage တွေ၊ Gacha တွေ၊ Casual Gameplay တွေကြောင့်လို့တော့ ထင်တာဘဲ။ မင်မင်ကသာ အားရပါးရ ရှင်းပြနေတာ ကြိုက်မကြိုက်မသိပေမယ့် ဒီအထိ ဖတ်ဖြစ်ခဲ့ရင် ကိုယ်ရတဲ့ Character လေးတွေ လာကြွားကြအုန်းနော် )
#HELLOYDB
Comments